Lorem Ipsum

ထိုင်းသခွါးသီးထောင်း၊ မုန့်တီနဲ့ ကြက်မြစ်ကင်

 Saturday, April 14, 2012

မောင်နှမအားလုံး မင်္ဂလာရှိတဲ့ နှစ်သစ်လေးဖြစ်ပါစေ။
အိမ်မှာ မကြခဏ လုပ်စားဖြစ်တာကတော့ ထိုင်း သဘောင်္သီးထောင်း၊ မျှစ်သုပ်နဲ့ သခွါးသီးသုပ်ပါပဲ။ အရင်ကလည်း ထိုင်းသဘောင်္သီးနဲ့ သခွါးသီးထောင်းကို ရေးဖူးပါတယ်။ ပြန်ရှာတာ မတွေ့တော့ဘူးး(

သခွါးသီးကို အခွံနွာ အူတိုင်ချန်ပြီးခြစ်ပါ့မယ်။ ခါကြက်ဥကိုလည်း နဲနဲခြစ်ပြီးရောပါ့မယ်။ ငရုပ်သီးစိမ်၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်တို့ကိုထောင်းပါ့မယ်။ ငရုပ်သီး မညှက်တညှက် ဖြစ်လာရင်၊ မြေပဲလှော်ထည့်၊ တချက်နှစ်လောက်ထောင်းပြီ၊ ခရမ်းချဉ်သီး မထူမပါးလှီးထည့်၊ သံပုရာသီးထည့် (အခွံ မကြိုက်က မထည့် ပါနှင့်) ငံပြာရည်၊ မန်ကျည်းမှည့်ရည်နဲ့ ကြံသကြာတို့ကို လိုအပ်သလောက်ထည့်ပြီရင် ခြစ်ထားတဲ့ သခွါးသီး ထည့်ပါ့မယ်။ တချက် နှစ်ချက်လောက် ထောင်းလိုက်ရင် ရပါပြီ ထိုင်းသခွါးသီးသုပ် ချဉ်ငံစပ်။

ထိုင်းသင်္ဘောသီးထောင်းမှာ ထည့်ရတဲ့ ကြံသကြာ သီးသန့်ရပါတယ်။




သခွါးသီးထောင်းကို ကြက်မြစ်ကင်၊ မုန့်တီဖတ်ရယ်နဲ့ တွဲပြီစားပါတယ်။



ကြက်မြစ် သက်သက်ကို၊ ဆန်ဝိုင်၊ ပဲငံပြာရည်အကြည်၊ အချိုမှုန့်၊ ခရုဆီ၊ ငရုပ်ကောင်းမှုန့်၊ ဂျင်းနဲ့ ကြက်သွန်ဖြူ အညှက်ထောင်းတို့နဲ့ ရောနယ်ပြီ ၂နာရီ နှပ်ထားပါတယ်။ နောက်မှာ ကင်မဲ့ ဗန်းထဲ ဆီ အနည်းငယ်ဖျန်း၊ ကြက်မြစ်တွေထည့်၊ အပေါ်ကနေ ဆီအနည်းငယ်ဖျန်းပေးပြီး မီးကင်ထားတာပါ။

ငါးကတော့ ရိုးရိုး ငါးကြော်နည်းအတိုင်း ကြော်ထားပါတယ်။

ကျေးဇူးရှင်ကို အားကိုးမိလို့ ကိုယ့် အကင်နဲ့ ငါ့ပုံ ဒီပုံထွက်လာပါတယ်း( ဓါတ်ပုံ ရိုက်ခိုင်းလိုက်မိတာ ဒီ ပုံလေးတွေ ထွက်လာပါတယ်။




                                     ထိုင်းသခွါးသီးထောင်၊ မုန့်တီဖတ်နဲ့ ကြက်မြစ်ကင်



ခင်မင်စွာဖြင့်
ဘေဘီ

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP