Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၁၈)

 Tuesday, April 03, 2012




ငါးသလောက်ပေါင်း (အရင်က ခဏခဏချက်ဘူးပါတယ်။ ဒီမှာပါ)



အအီပြေအောင် ရှောက်သီးမရှိတော့ အစားထိုး၊ သံပုရာသီးသုပ်ပါတယ်။ သံပုရာသီးကို အခွံနွာပြီ အသားလေးတွေ ယူပါတယ်။ ကြက်သွန်နီ ပါးပါးလှီးပြီရေဆေးထည့်၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ငရုပ်သီးလှော် ထောင်းမှုန့်၊ အချိုမှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီကျက်၊ ငရုပ်သီးစိမ်းပါးပါးလှီး( အနည်းငယ်) တို့ကို ထည့်ပြီး သုပ်ထားပါတယ်။ ချဉ်ငံစပ်ပေါ့း)


မှိုကစွန်းကြော်ပါ။ ကြက်သွန်ဖြူဆီသတ်၊ ပဲပုပ်စေ့စောစ့်အနည်းငယ်ထည့်၊ ခရမ်းချဉ်သီး တလုံးပါးပါး လှီးထည့်ပြီး ကြော်ထားတာပါ။


ပုဇွန်ခြောက် ငံပြာရည်ချက်ပါ

ကြက်သွန်ဖြူ ခပ်များများကို ဆီသတ်ပြီး ပုဇွန်ခြောက်ထည့်ကြော်ပါတယ်။ ပုဇွန်ခြောက် ကြွပ်လာရင်၊ အချိုမှုန့်နဲ့ ငံပြာရည်ထည့်၊ ငရုပ်သီးကြော်ထောင်းထည့်ပြီး ဆက်ောက်ာပါတယ်။ နောက်ဆုံးမှ ကြက်သွန်နီကြော်( ရယ်ဒီမိတ်)ကို ထည့်ရင် ငံပြာရည်ချက်ရပါပြီ။ အထားခံအောင်လို့ ခရမ်းချဉ်သီး မထည့် တော့ပါဘူး။


သုမ့်ယမ် ချက်ပါတယ်။ ပြည်ကြီးငါး၊ ခရု၊ ပုဇွန်၊ ပန်းပွင့်၊ မှိုတို့နဲ့ ချက်ထားတာပါ။ (ဒီတခါ အုန်းနို့မထည့်ထား ပါဘူး) အရင်ကလည်း ချက်ဘူးပါတယ် ဒီမှာပါ

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP