Lorem Ipsum

စားဖြစ်ခဲ့တဲ့ ပေါက်တကရများ(၂)

 Saturday, November 27, 2010





လုပ်စားတာ နဲနဲတော့ ကြာပြီနော် ။ကျမက တိုဖူးကို ငယ်ငယ်ကတည်းက ပဲမှုန့်မပါပဲ စားခဲ့ရလို့ လား မသိ ဘူး ပဲမှုန့်နဲ့သုပ်တာ မစားတတ်ဘူး ။ကျေးဇူးရှင်က ပဲမှုန့်တို့ ရှောက်ရွက်တို့မပါရင် မစားတတ်ပြန်ဘူး ။ ကျမ ရဲ့ တိုဖူးသုပ်နည်းလေး ပြောပြချင်ပါတယ် ။ကချင်ပြည်နယ်သားတွေတော့ သိကြမှာပါ :)

မြေပဲ ၊နှမ်း ၊ကြက်သွန်ဖြူ တို့ကိုရောပြီး ဆီချက်ချက်ပါ ။ ဆီချက်ထဲ တရုတ် မဆလာနဲနဲထည့်ပါ ။
ကြက်သွန်ဖြူကို ညှက်နေအောင်ထောင်းပြီး ဆားရေနဲ့စိမ်ထားပါ ။
ရှလကာချဉ် အနည်းငယ် ( မြန်မာမှာတော့ မှည့်လိမ်ချဉ်ကို သုံးပါတယ်)
မျှစ်တို့ခြောက် ကို ရေနွေးစိမ်ထားပါ (မျှစ်တို့ခြောက် =မျှစ်ချဉ်ခြောက်)
ငရုတ်သီး အခြောက်ကို ကြော်ပြီးထောင်း ကြော်ဆီထဲ ပြန်စိမ်ထားပါ ။
နံနံပင် ရိတ်ရိတ်လှီးထားပါ ။
ဆားနဲ့ အချိုမှုန့်အရည်ဖျော်ထားပါ။
ကြာညို့ အနည်းငယ်။

ဇလုံတလုံးမှာ တိုဖူးကို ကြိုက်နှစ်သက်သလို အရွယ်တုံးပါ ။ အပေါ်က အဆာပလာတွေ အားလုံးထည့်ပြီး သုံးဆောင်နိုင်ပါပြီ ။ ကချင်မှာက ၀မ်းတိုဖူးလို့လည်းခေါ် ကြသလို ဝေလုဝမ်လို့လည်း ခေါ်ကြပါတယ် ဘာကြောင့် ခေါ်လည်းတော့ မသိပါဘူး ။တရုတ်လို ခေါ်တယ်ထင်တာပဲ တိုဖူးရောင်းတဲ့ လူကတရုတ်ကြီးလေ ။အခုတော့ မရှိရှာတော့ဘူး တိုဖူးထမ်းစင်နဲ့ အတူ ကားတိုက်ခံရတယ်လို့ မေမေတို့ပြောပြတယ် ။အဲ့နေ့ညက အိပ်မပျော်ဘူး ။ကြောက်လို့လေ တိုဖူး အစစ်တောင်းပြီး စားခဲ့တာတွေ များ ပြန်လာတောင်း မလား ဆိုပြီးတော့လေ ။ငရုတ်သီးတွေ နင်းကန်ထည့် ကြာညို့တွေထည့်ပြီး ရေလည်း စားတာပေါ့ ။စပ်ချင်ရောင်ဆောင်ပြီး တိုဖူး အလွတ်တွေ တောင်းစား ဟဟား မိုက်တယ် ငယ်ဘဝ



ကျမ ကျိုထားတဲ့တိုဖူး ။တိုဖူးကို သူများတွေက ၃မိနစ် ၊၆မိနစ်ပဲ ကြာတယ် ပြောကြပေမဲ့လည်း ကျမကတော့  ၁၀မိနစ်လောက် ကျိုပါတယ် ။ရေလိုတာထက် ပိုထည့်ပါတယ် ။ ပဲစိမ်းနံ့ ရနေတတ်လို့ပါ ။ပြီး
တော့ တိုဖူး ဂျိုးတွေပို ကြိုက်တယ် ။မာပြီး စားလို့ကောင်းတယ်။





ဒါကလား !! ပထမတော့ စမူဆာ လုပ်စားမလို့ ဂျူံနယ်ထားတာပါ ။ စမူဆာဆိုရင် ဆီကြော်ဆိုတော့ လေပြန် ထမှာကြောက်လို့ အိုဗင်ထဲ ထည့်လိုက်ပါတယ် ။ ဂျူံမှုန့် ၊ကြက်ဥတလုံး ၊ဆားနဲ့ သကြား အနည်းငယ် ၊ သာ  ကူမှုန့် ထမင်းစားဇွန်း( ၃ဇွန်း) ဆီထမင်းစားဇွန်း ၁(ဇွန်း )ကို ရော နယ်ပြီး နှပ်ထားရမယ်နာရီ ၀က်ကြာ ရင် ပြန်တခါ ထပ်နယ်ပြီ (၁၀ မိနစ်)ထပ်နှပ်ထား ရင်ရပါပြီးလိုချင်တဲ့အရွယ်အစား ဖြတ်ပြီး ဒလှိမ့်နဲ့ လှိမ့်အ ဆာသွပ်ရုံပါပဲ ။ အိုဗင်ထဲ အပူချိန် ၃၀၀ နဲ့ ၁၈ မိနစ်ဖုတ်ပါတယ် ။



ငရုတ်သီးနဲ့ ခရမ်းချဉ်သီး စောစ့်ကို ကြက်သွန်ဖြူနဲ့ ငရုတ်စိမ်းထည့်ပြီး အပေါ်ကမုန့်နဲ့ တွဲစားပါတယ်





ဒါကတော့ ငရုတ်ပွကို အတွင်းပိုင်းမှာ ကြက်သားမှုန့်လေးဖြူးပြီး တိုဖူးကို ကြက်သွန်မိတ် ဂျင်း၊ နှမ်းဆီ ၊ ခရုဆီ ၊ပဲငံပြာရည် ရောနယ်ထည့်ပါတယ် ။နောက်တော့ သူလည်း အိုဇင်ထဲ သွားတော့ပေါ့ :)

ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP