Lorem Ipsum

ထိုင်းအမဲသားသုပ်၊ ပဲရွက်ဟင်းချိုနဲ့ ဘိုစားပဲသီးအစိမ်းကြော်

 Thursday, May 26, 2011

အမဲနံရိုး ၀ယ်တာများသွားလို့။ အပေါ်ထပ်မှာ ငှါးနေတဲ့ ကောင်လေးက အမဲသားဆိုင်မှာ အလုပ်လုပ်တော့ သူ့ကိုမှာလိုက်တာ။ အဆီပါတာလေး ၀ယ်လားပေးနော် ဆိုတော့ စားစမ်းပါအဆီတွေ :D အသေအချာကို အဆီများတာ ၀ယ်လာပေးတယ်။ အီသွားတာပဲ :D

အမဲနံရိုး ကင်တယ်။(ပုံနောက်မှတင်မယ်) တချို့ကို ချဉ်စပ်ချက်တယ်။ တချို့ကို ကင်ပြီး ထိုင်းစတိုင်သုပ် တယ်။ ကင်ပြီးသုပ်ရင် Nam Tok လို့ခေါ်ပြီး ပြုပ်ပြီးသုပ်တာကို Laapလို့ ခေါ်တယ်ထင်တာ ပဲ။ Yam Neuaလည်း အမဲသားသုပ်ပဲထင်တယ်။ (Yam ဆိုတာလည်း သုပ်တယ်လို့ အဓိပါယ်ရတယ် လို့ပြောတယ်) ဘာတွေ ကွဲပြားသလဲတော့ မသိပါဘူး။ ကိုယ်ပြောတာလည်း မှားနိုင်ပါတယ်။

အမဲနံရိုးကို ငံပြာရည်၊ အချိုမှုန့်နဲ့ ငရုတ်ကောင်းမှုန့်နယ်ပြီး ၂နာရီနှပ်ထားပါတယ်။ ပြီးမှ အိုဗင်ထဲထည့် ကင်ပါတယ်။ ၃၅၀ံF  မိနစ် ၂၀ ကင်ပြီး ၄၅၀ံ F မိနစ်၂၀ ကင်ပါတယ်။ ပြီးမှ အရိုးထုတ်ပြီး ပါးပါးလှီးပါ တယ်။

ပါးပါးလှီးထားတဲ့ အသားကို ပူနေတဲ့ အိုးတလုံးထဲ ရေဆူ(လ္ဖက်ရည်ပန်ကန်တ၀က်)နဲ့ရောထည့်ပြီး  ၊ စပါးလင် ငရုပ်သီးစိမ်း၊ ကြက်သွန်နီ၊ ပူစီနံ၊ ငရုပ်သီးလှော်မှုန့်၊ ဆန်လှော်မှုန့်၊ ကြက်သွန်မိတ်၊ သံပုရာသီး၊(အရည်ညစ်ပြီ) ငံပြာရည်၊ အချိုမှုန့်တို့ကိုထည့်ပြီး သုပ်ရုံပါပဲ။ အဆာပလာနယ်ပြီး သုပ်ပြီးရင်၊ မီးပိတ်လို့ရပါပြီ။ ဘိုင်ဝရဖာ (Sweet Thai Basil)၊ ပဲတောင့်ရှည်၊ ဂေါ်ပီထုပ်နဲ့ တွဲပြီး လာချပေးပါတယ်။ ကောက်ညှင်းပေါင်းနဲ့ တွဲစားကြတယ်။ အိမ်မှာတော့ ထမင်းနဲ့ပဲပေါ့။ဟိုအရင်က ဒီမှာ ကြက်သားသုပ်နဲ့ ဒီမှာကတော့ ထိုင်းစတိုင် ငါးသုပ်ပါ။





မသုပ်ခင်



အမဲသားသုပ် ချဉ်စပ်


ပဲရွက်၊ ကြက်ဥတိုဖူး၊ ငါးဆုပ်လုံးရောပြီး ဟင်းချိုလုပ်တယ်။



ဘိုစားပဲကို ကြက်သွန်ဖြူဆီသတ်၊ ခရမ်းချဉ်သီးပါးပါးလှီးထည့်၊ ပဲသီးထည့်၊ ခရုဆီထည့်ပြီးကြော်ထားတယ်။



ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP