ယိုးဒယားငါးသုပ် (Laab Pla)
Wednesday, February 02, 2011
ယိုဒယား ငါးသုပ်ပါ။ ပထမဆုံး ငါခူ(သို့) ငါးကျည်းကို ဗိုက်ဖောက် သေချာဆေးပြီး ဆားနဲ့နယ်ပြီး ကင်ပါ တယ်။ ငါးရပြီဆို အသားနွင်ပါ။ အရေခွံကြိုက်တတ်ရင် ထည့်လို့ရပါတယ်။ ဇလုံတလုံးမှာ နွင်ထား တဲ့ငါးရယ်၊ငရုတ်သီးစိမ်း၊ စပါလင်၊ နံနံပင်၊ ကြက်သွန်မိတ်၊ တရုတ်နံနံတွေကို ပါးပါးလှီးထည့်၊ ငရုတ်လှော်မှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ဆန်လှော်မှုန့်( ထမင်းစားဇွန်း ၂ဇွန်း) သံပုရာသီးထည့်၊ ပူစီနံခြွေထည့် ပြီး ရောသမမွှေလိုက်ရင် ရပါပြီ။ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရမ်းစားကောင်းပါတယ်။ ဒီလိုပဲ အမဲသား၊ ၀က် သားတွေကို ကင်ပြီးသုပ်ကြသလို၊ ကြက်သား၊ ကြက်မြစ်ကြက်သဲတွေကိုလည်း ပြုပ်ပြီး သုပ်ကျပါ တယ်။ တခါက ကြက်သားသုပ်တာ ရေးဖူးပါတယ် ဒီမှာ ပါ။ ထိုင်းအသုပ်ထဲမှာ အဓိကတော့ ဆန်လှော်မှုန့်၊ စပါလင်၊ ပူစီနံတွေထင်တာပါပဲ။ ဒါတွေမပါရင် စားလို့မကောင်းဘူး။
ခင်မင်စွာဖြင့်
baby taster






