Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၁၄)

 Monday, December 26, 2011

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ။ အိမ်မှာ ဧည့်သည်နှစ်ယောက်လည်း ရောက်လာ တော့ သုမ့်ယမ်စားချင်တယ် ဆိုလို့ ချက်ကျွေးဖြစ်တယ်။ ဒီတခါ အုန်းနို့နဲ့ ချက်ပါတယ်။ ထိုင်းမှာတော့ အုန်း နို့နဲ့ အဖြူသက်သက် ချက်တာကို သုမ့်ကာလို့ ခေါ်တယ်ထင်တာပဲ။ ဒါပေမဲ့ ကိုယ်ကတော့ ငရုပ်သီးတွေ ပါလို့ သုမ့်ယမ်ပေါ့း)




သုမ့်ယမ်


သုမ့်ယမ်

ပထမဆုံး အုန်းနို့နဲ့(အရောင်လှအောင်) ရေကိုရောပြီး ဆူပွက်လာအောင်တည်ပါတယ်။ ပွက်ပွက်ဆူနေတဲ့ ရေထဲကို စပါးလင်၊ ပတဲကော(ပါးပါးလှီးထည့်) ငရုပ်သီးစိမ်း(ထောင်းထည့်) ငံပြာရည်၊ အချိုမှုန့်ထည့်၊ ဆက် ဆူနေပါစေ။ ပြီးမှ ငုံးဥပြုပ်( ကြိုက်လို့ထည့်တာပါ) ငါးဆုပ်၊ ပုဇွန်၊ ရေဘ၀ဲထည့်ပြီး ကျက်လောက်မှ၊ သုမ့် ယမ်အနှစ်ထည့်(ရယ်ဒီမိတ်) သုံပုရာသီး၊ နံနံပင်၊ ရှောက်ရွက်တို့ထည့်ပြီး သုံးဆောင်လို့ရပါပြီ။


Baby Bok Choy ကြော်ထားတာပါ။ ကြက်သွန်ဖြူဆီသတ်ပြီး Baby Bok Choy ထည့်၊ ခရုဆီနဲ့ ပဲငံပြာရည် အကြည်ထည့်ပြီး ကြော်ထားတာပါ။


Baby Bok Choyကြော်


ငါးသလဲထိုးအကြွပ်ကြော်

 ငါးသလဲထိုးကို ကော်မှုန့်နဲ့ ရောကြော်ပါတယ်။ သူ့ကို ဂျူံမှုန့်နဲ့ ကြော်ရင် ကြွပ်ကြွပ်လေးမဖြစ်ပါဘူး။ ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ငရုပ်ကောင်းမှုန့်နဲ့ ငရုပ်သီးမှုန့်တို့နဲ့နယ်ပြီးမှ၊ ကော်မှုန့်(သို့) ပြောင်းဖူးမှုန့်(သို့) အာလူးမှုန့်(သို့) ကစွန်းဥမှုန့်တို့နဲ့နယ်ပြီး ချက်ချင်းဆီပူထဲ ထည့်ကြော်ပါတယ်။ အကြာကြီးထားရင် ဆားနဲ့ နယ်ထားတဲ့ ငါးက အရည်တွေ ထွက်လာတတ်လို့ပါ။

                                             
                                             Scallopနဲ့ အသားတု ချိုချဉ်ကြော်

ဗီယက်နာမ် အသားတုနဲ့ ဂုံး(ခုံး Scallop) ကို ရောပြီး၊ ချိုချဉ်ကြော်ပါတယ်။ ပထမဆုံး ကြက်သွန်နီကို အစိတ်ကြီးကြီး စိတ်ပြီး ဆီသတ်။ ကြက်သွန်ဖြူနဲ့ ဂျင်းကို မညှက်တညှက်ထောင်းပြီး ဆီသတ်ထဲထည့်၊ ခရမ်းချဉ်သီး ထည့်(အစိတ်ကြီးကြီးစိတ်) ၁မိနစ်လောက် ကြော်ပြီးရင်၊ အသားတုနဲ့ ဂုံးကိုထည့်၊ အဖုံးအုပ်ပြီး ၃မိနစ်လောက်ဆက်ကြော်။ သကြား၊ ခရမ်းချဉ်သီးစောစ့်၊ ရှကာရည်၊ အချိုမှုန့်၊ ငံပြာရည်၊ ခရုဆီနဲ့ တရုတ်မဆလာ(နဲနဲ) တို့ကို ရေ အနည်းငယ်နဲ့ ရောဖျော်ထည့်ပြီး၊ နောက်ထပ် ၃မိနစ်အဖုံးအုပ်ပြီး ကြော်ရင် ရပါပြီ။ ကြက်သွန်မိတ် အုပ်ပြီး ချလို့ရပါပြီ။



                                          Scallopနဲ့ အသားတု ချိုချဉ်ကြော်


ကြက်သားနဲ့ မျှစ်သုပ်

ကြက်သားနဲ့ မျှစ်ကို ထိုင်းသုပ် သုပ်ထားပါတယ်။ သုပ်နည်းကတော့ အရင်က ထိုင်းမျှစ်သုပ်နဲ့ အတူတူပါပဲ။

                                                        အာလူးသုပ်

အာလူးကို ပြုပ်ပြီး အတုံးလေးတွေတုံး။ ကြက်သွန်ဖြူ ဆီကျက်၊ နှမ်းလှော်ထောင်း၊ နံနံပင်၊ ငရုပ်သီးစိမ်း(တတောင့်) အချိုမှုန့်၊ ငံပြာရည်နဲ့ သံပုရာသီး တခြမ်းထည့်ပြီး သုပ်ထားတာပါ။ မျှစ်သုပ်က စပ်လို့ မစားနိုင်တဲ့ လူတွေအတွက် အာလူးသုပ်ပေါ့း)


                                                 ဗီယက်နာမ် အသားတု


အတွင်းပိုင်းမှာ အဲ့လိုရှိတယ်။ ငရုပ်ကောင်းစေ့တွေ တွေ့တယ်။


                                          ဂုံးလား ခုံးလားတော့ သေချာ မသိပါ။


                                 ဒီလို အထုပ်ပါ။ Walmart မှာ တထုပ်ကို $9.99ပါ။



ကိုယ်တို့အိမ် အပေါ်ထပ်မှာ ငှါးနေသွားတဲ့အမက ကိုယ့်ဆီမှာ Avon ကနေ ပစ္စည်းတွေ မှာတယ်။ သူပစ္စည်း တွေ လာယူတုန်း အမရေ လက်ကလေးငှါးပါဆိုပြီး လက်သည်းဆိုးပေးလိုက်ပါတယ်း) ကံဆိုးတာက သူ့ ညာဖက်လက်သည်းတွေက တိုနေတယ်း( ဒါကြောင့် ဘယ်ဖက်တဖက်ပဲ ဆိုးပေးလိုက်ရတယ်။ နောက်နေ့ အချိန်ရမှပဲ ဆိုးနည်း တင်ပေးတော့မယ်နော်း)



                           Snowmanက ပါစပ်ဆွဲဖို့ နေရာမလောက်ဖူး ဖြစ်သွားတယ်း)



း) ဒီတကောင်တော့ ပါစပ်ပါတယ်နော်း)


နောက်နေ့ အားရင်ဆိုးနည်း တင်ပေးပါ့မယ်း)



ခင်မင်စွာဖြင့်
ဘေဘီ

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP