Lorem Ipsum

ခေါပုတ်ကြော်

 Sunday, September 26, 2010

အမိမြေနဲ့ ဝေးနေတဲ့လူတွေအတွက် ဒီခေါပုတ်ကြော်လုပ်နည်းက လွယ်ကူမယ့်ထင်တဲ့နည်းလေးပါ။ ကျမလည်း ဘလောဂ့် လေးတွေ လည်ဖတ်ရင်း အခုဘလောဂ့် ပိတ်လိုက်တဲ့ ညမလေးတယောက်ဆီက ဒီနည်းလေး သိခဲ့တာပါ။

ကျမတို့ ငယ်ငယ်ကဆို ခေါပုတ်ထောင်းရတာ အရမ်းပျော်တာပဲ....မြန်မာပြည်မှာတော့ ကောက်ညင်း ဆန် ကိုရေစိမ်ပြီး ပေါင်းပါတယ် ။ ပြီးမှ ပူပူလေး ဆုံထဲထည့် ထောင်းရတာပါ။ နမ်းလှော်မှုန့် လေးလက်မှာ လူးပြီးကောက်ညှင် ထောင်းတွေကို ဘေးမထွက်လာအောင် ပြန်ပြန် ထည့်ရတာကလည်း ပျော်စရာ ကောင်းလှပါတယ်။ ကောက်ညင်း ရရင်တော့ လက်မှာဆီလေး နည်းနည်းလူး ကောက်ညင်းကို၊ အလုံးလေးတွေ လုံးလုံးပြီး လက်ဖ၀ါး နှစ်ခုဖိ ပြားပြားလေးလုပ် စီစီ ရီရီလေးတွေ တခုပေါ်တခု ထပ်ထာကြတယ် ။ ကြော်စားတဲ့ လူက ကြော်စားတယ် ။ စီတိုဖူး ကြော်ချက်လေးနဲ့ ၊ တချို့ ကျတော့ မီးသွေးမီးဖိုပေါ် ကင်ပြီး ထန်းလျှက်ထောင်း (သို့ ) နှမ်းလှော် ထောင်းလေးနဲ့ တို့ တို့ စားကြတယ်။

ကျမ လုပ်စားတဲ့ နည်းလေးက ကောက်ညင်းဆန် အမှုန့် ကို ရေထည့်ပြီး မွှေထားပါ ။ ရေ နည်းနည်းပဲ ထည့်ရမယ်နော်။ ကောက်ညင်းကို ပေါင်းအိုး ထဲထည့်ပေါင်းပါ ကောက်ညင်း ကျက်လောက်ရင်တော့ နှမ်း လှော်ထောင်း နဲ့ အလုံးလေးတွေ လုပ်ပြီး ပြားပြားလေး ရအောင် လုပ်ယူပေါ့ ။ အိမ်မှာတော့ နှမ်းဖြူမရှိလို့ နှမ်းမဲ နဲ့ လုပ်ထားတာ ။ ကျမက အသေးလေးတွေထက် ခပ်ကြီးကြီးပဲ ပြားလိုက်တယ် ။ တညလောက် အပြင်မှာ ထားလိုက်တော့ ခပ်မာမာလေး ဖြစ်သွားတယ်ပေါ့။ ပါးပါးလှီးပြီး ကြော်စားရုံပေါ့။


ဒါလေးကတော့ ကျမတို့ ကြော်စားကြတာပါ။ စီတိုဖူးချက် မရှိတော့ မြေပဲ ချဉ်ငံစပ်လေးချက်ထားတာ
နဲ့ပဲ တို့ စားဖြစ်တယ်။ သတ်သတ်လွတ်စားတဲ့လူတွေ အတွက် အရမ်းကောင်းတဲ့ မြေပဲချက် ချဉ်ငံစပ်
လေးပါ။





အားလုံပဲ သုံးဆောင်သွားကြပါအုံး

ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP