Showing posts with label ဆိတ်သားဟင်း. Show all posts
Showing posts with label ဆိတ်သားဟင်း. Show all posts
မဆလာချက်များ (၁)
Saturday, November 06, 2010
ပြီးခဲ့တဲ့ အပတ်က ချက်ဖြစ်ခဲ့တာပါ ။အခု အိမ်မှာ ဟင်းစတိုင်လ် နှစ်မျိုးနဲ့ ချက်နေရပါတယ် ။ တမျိုးက အချို
ချက် ၊တမျိုးက အစပ်ချက်ပေါ့ ။ ဒီတခေါက် အစပ်ချက်တွေပဲ တင်လိုက်တယ် ။
ရုံးပတေသီး၊ အာလူး ၊မုံလာဥနီ ၊ ပဲရေပွရယ် ရောချက်တယ် ။ ကြက်သွန်ဖြူနီ၊ ဂျင်း ဆီသတ်ပြီး ခရမ်းချဉ်သီး ပါးပါးလှီးထည့် ၊ခရမ်းချဉ်သီး အပေါ်ရေခွံတွေ လိပ်တက်လာရင် အသီးအနှံတွေ အကုန်ထည့်၊ဆား၊ အချို မှုန့်ထည့်ပြီး မီးမြိန်မြိန်လေးနဲ့ ဆက်ချက်တယ် ။ အသီးအနှံ နူးလာရင် ဟင်းခပ်မဆလာနဲ့ ငရုတ်သီးစိမ်း နည်းနည်း ထည့်ပြီး ၃မိနစ်လောက်ဆို ရပါပြီ။
အမဲသား မဆလာ အစပ်ချက်လေးပါ ။ အပေါ်နည်းအတိုင်း ချက်ပြီး သစ်ဂျပွေးခေါက်နဲ့ ကရဝေးရွက်ထည့်
တာပဲ ပိုပါတယ် ။ ဂျင်းနဲ့ မဆလာတော့ နည်းနည်း ပိုထည့်ရပါတယ် ။
ဆိတ်သားဟင်း အတိုင်း ချက်ပါတယ် ။ပိုလာတာက အာလူးပါ ။ အာလူးကို ခွါပြီး ဆားရေစိမ် ထားတယ် ။ ဆိတ်သား ကျက်လောက်မှ အာလူး ထည့်ပြီး နူးအောင် နှပ်ထား လိုက်ပါတယ် ။ ဆိတ်သား ချက်နည်းက ။
ဒီမှာ ပါ ။
ခင်မင်စွာဖြင့်
Baby taster
Read more...
Labels:
ဆိတ်သားဟင်း
ဆိတ်သားဟင်း (ချစ်တီးချက်)
Tuesday, October 19, 2010
ဒီနေ့တော့ ကျေးဇူးရှင်ကြီးက ချစ်တီး ကုလား ဆိုင်ကလို ဆိတ်သားဟင်း ချဉ်ခြင်းတ နေပါသတဲ့ ။ ကျမကလည်း ချက်ချင် သူကလည်း အကောင်းကြိုက် အဆီတွေတိုးပြီး ကိုယ့်မှာနေ့တိုင်း သွေးကျဆေးသောက်နေရတယ် ။း)တချို့  တွေကဆိတ်သားကို ညှီတယ်လို့ပြောကြတယ် ။မဆလာ ကြိုက် သူတွေအတွက် ကတော့ မညှီအောင် ချက်လို့ ရပါတယ် ။ ဆိတ်သားကို အရွယ်တော်လေးတွေ တုံးပါ ။ ကျမကတော့ ဆိုင်ကနေ တခါတည်း တုံးခိုင်း ခဲ့တယ် ။
ဆိတ်သား......................... ၂ ပေါင်
သစ်ဂျပွေးခေါက်................. ၁ ချောင်း (လက်နှစ်ဆစ်လောက်ပါ သူကများသွားရင် ဟင်း ချိုရဲရဲကြီး
ဖြစ်နေတတ်တယ် )
ကရဝေးရွက် ...................... ၂ ရွက်
ဖာလာစေ့.......................... ၄ စေ့
လေးညှင်းပွင့်...................... ၄ ပွင့်
ငရုတ်ကောင်းစေ့.................. ၁၀စေ့
ပျဉ်တော်သိမ်ရွက်................ ၂ခက်
နို့ချဉ်................................. ၃ ဇွန်းကြီး ( ဟင်းခပ်ဇွန်း)
ကြက်သွန်နီ........................ ၂လုံး (ဥကြီး)
ငရုတ်သီး အပွခြောက်............. ၅ တောင့် (ရေစိမ်ထား)
ကြက်သွန်ဖြူ......................... ၁လုံး
ဂျင်း ..................................... လက်တစစ်စာ
ဂရမ်းမဆလာ........................၂ဇွန်း( လက်ဖက်ရည်ဇွန်း) မထည့်လည်းရပါသည် ။
ရိုးရိုးမဆလာ............................ ၂ဇွန်း( လက်ဖက်ရည်ဇွန်း) ဆွီတီ ၊ကြက် ၊ဘာဖြစ်ဖြစ်ပေါ့ ။
ဆီ ........................................ ၃ ဇွန်း (ဟင်းခတ်ဇွန်းကြီး)
ဆား....................................... အနည်းငယ်
အချိုမှုန့်...................................ခန့်မှန်း
ဆနွင်း/အရောင်တင်မှုန့်............... ခန့်မှန်း
အချိုမှုန့်...................................ခန့်မှန်း
ဆနွင်း/အရောင်တင်မှုန့်............... ခန့်မှန်း
ငရုတ်သီးစိမ်း........................... ၅ တောင့် ( အပွ)
အမှန်တော့ ဆီသတ်ပြီး ချက်ကြပေမဲ့ ။ ဆီသတ်ရင် တအိမ်လုံး ရစရာ မရှိ ဖြစ်နေ တတ်လို့ ကျမတော့ ဟင်း တော်တော် များများကို လုံးချက်ပါတယ် ။ Pressure Cooker နဲ့ ချက်ပါတယ် ။ မြန်လည်း မြန်သလို အချိန်မ ကုန်တော့ဘူးပေါ့ ။
စချက်မယ် ဆိုရင် အိုးထဲ ဆီထည့် ပူလာရင် သစ်ဂျပွေးခေါက်၊ ကရဝေးရွက် ၊ ဖာလာစေ့ ၊လေးညှင်းပွင့် တွေ ကို ဆီသတ် လိုက်တယ် ။ ပြီးရင် ကြက်သွန်နီ ၊ ဖြူ ၊ဂျင်း ၊ ငရုတ်စိမ်း/ခြောက် ၊ ပျဉ်တော် သိမ်ရွက် ကြိတ် ဆိတ်သား ၊ နို့ချဉ် ၊ ဆား ၊ အချိုမှုန့် ၊ ဆနွင်း ၊ အရောင်တင် ၊ မဆလာ အားလုံး ရောပြီး ပြီးရင် ခုန အိုးထဲ ထည့်မွှေ လိုက်ပါ ။ နာရီဝက် လောက်ဆို မီးဖိုပေါ်တည်ပြီး ၊ ဆီထွက်လာအောင် မွှေပါ ပြီးရင် ရေဆူ အသား မြုပ်အောင် ထည့်ပြီး ဆက်ချက်ပါ ။ အိုးကနေ အသံတ ရှဲရှဲ မြည်လာရင် ၅ခါတော့ပေးမြည်လိုက်ပါ ။ ပြီးမှ မီးမှိန်မှိန်လေးနဲ့ ဆက်တည် ထားပါ။ မိနစ်၂၀ လောက်ဆိုရပါပြီ ။
နိုင်ငံခြားသားတွေက အင်းဒီယန်း အစားစား ကြိုက်ကြတော့ ။ဧည့်သည် ဖိတ်ကျွေးလို့ ကောင်းတဲ့ ဟင်းတမျိုး ပေါ့ ။ ဘာနဲ့မဆို တွဲစားလို့ အစဉ်ပြေပါတယ် ။ထမင်း ၊ပါမှုန့် ၊ ပန်ကိတ် အစိမ့်၊ နံပြား ၊ ပလာတာ အားလုံးနဲ့ အစဉ်ပြေပါတယ် ။
ရိုးရိုးအိုးနဲ့ ချက်စားမဲ့လူတွေက နည်းနည်းပိုကြာ အောင်တော့ ချက်ရပါလိမ်မယ်။ အသားနူးအောင်ပါ ။ပျဉ်း တော်သိမ်ရွက် ထည့်ရင် ဆိတ်သားက လုံးဝအနံ့ မထွက်တတ်ပါဘူး ။ အရမ်းမွှေး နေတတ်ပါတယ်။
ခင်မင်စွာဖြင့်
Baby tastaer
Labels:
ဆိတ်သားဟင်း
Subscribe to:
Posts (Atom)
Powered by Blogger.
