Lorem Ipsum

Showing posts with label ဒန်ပေါက်. Show all posts
Showing posts with label ဒန်ပေါက်. Show all posts

ကြက်ဥဒန်ပေါက်

 Tuesday, April 24, 2012

ဒန်ပေါက်။ ဒီတခါ ကြက်ဥ၊ ကြက်ဥတိုဖူး၊ ခါဂျယ်ဥ၊ အာလူးနဲ့ ပဲစိမ်းလုံးတွေနဲ့ ချက်ထားပါတယ်။

ကြက်ဥကိုပြုပ်ပြီ အခွံခွါထားပါတယ်။
ကြက်ဥတိုဖူးကို ပါးပါးလှီးပြီ ကြော်ထားပါတယ်။
အာလူးကို အခွံနွာ၊ ဆား၊ ဆနွင်းနယ်ပြီး မကျက်တကျက် ကြော်ထားပါတယ်။

ထောပတ် အနည်းငယ်ထဲမှာ၊ ဇီရာ၊ သစ်ဂျပွေးခေါက်၊ ဖာလာစေ့( အကြီးနဲ့ အသေး) ကရဝေးရွက်၊ လေး ညှင်းပွင့်တို့ကို ဆီသတ်ပါတယ်။ အရွက်နဲ့ အခေါက်တွေ ဆီသတ်ပြီးရင်၊ ကြက်သွန်နီပါးပါးလှီးထည့်ပြီး ဆက် ကြော်ပါတယ်။ ကြက်သွန်နီ နွမ်းလာရင်၊ ကြက်သွန်ဖြူ၊ ဂျင်းထောင်းထည့်၊ ကြက်သွန်အနှစ် နီဝါရောင် သန်း လာရင်၊ ဆနွင်း အနည်ငယ်ထည့်ပြီ၊ ဆန်ကို ရေဆေးပြီးထည့်ပါတယ်။ ဆားနဲ့ မဆလာမှုန့် ထည့်ပြီး ရေဆူ ထည့်ပြီ ဆက်တည်ထားပါတယ်။ ရေခမ်းတော့မယ်ဆိုရင်၊ ခါဂျယ်ဥ၊ ပဲစိမ်းလုံး၊ ကြက်ဥပြုပ်နဲ့ တိုဖူးကြော်တို့ ထည့်ပြီ နှပ်ထားလိုက်ပါတယ်။ ဒါဆိုရင် ရပါပြီ ကြက်ဥဒန်ပေါက်။

မှတ်ချက်။  ။ မဆလာနဲ့ အမွှေးအကြိုင်တွေကို လျော့ထည့်ပါမယ်။ အသားငါး မဟုတ်တဲ့ အတွက် အများကြီး မလိုပါဘူး။



ကြက်ဥ ဒန်ပေါက်

း)


တွဲပြီ စားဖြစ်တာတွေကတော့ နောက်မှ တ်တော့မယ်း)



ခင်မင်စွာဖြင့်
ဘေဘီ


Read more...

ဒန်ပေါက်

 Wednesday, July 27, 2011



ဒန်ပေါက် လုပ်စားထားတာပါ။ ၂ပတ်လောက်ကပါ။ ဒီတခါ ဧည့်သည်တွေကို ခေါ်ထားတော့ ပြောသ လောက် ပုံတွေ မရိုက်လိုက်ရဘူး။ တော်ကြာ သူများကို ကျွေးတာတောင် ပုံနဲ့တကွ မှတ်တမ်းတင်ထား လားလို့ ထင်နေမှာစိုးလို့လေ။ ကိုယ်တွေလို ဘလောဂ့်မှာ ကြွားနေကြ အချင်းချင်းဆို ကိစ္စမရှိပေမယ့် မသိ တဲ့လူဆို ပြောခံနေရမယ်နော် :P ဒါနဲ့ပဲ စုံစေ့အောင် ပုံမရိုက်လိုက်နိုင်ပါဘူး။

အရင်က ဒန်ပေါက် တင်ဖူးပါတယ်။ အခုဒန်ပေါက် မဆလာကတော့ Malay Chicken Briyani အထုပ်လေး ကို သုံးထားပါတယ်။ မလေးက မန်ကျည်းမှည့်ထည့်ပေမယ့် ကိုယ်ကတော့ မထည့်ထားပါဘူး။

ပထမဆုံး ကြက်သားကို အရေခွံခွါပြီး တုံးပါတယ်။ ကြက်သားထဲကို ဒန်ပေါက်မဆလာ ၂ဇွန်း၊ ဆား၊ အချို မှုန့်နဲ့ ကြက်သွန်ဖြူ၊ ဂျင်းထောင်းပြီး နှပ်ထားပါတယ်။ ၂နာရီကြာတဲ့အခါမှာ ရေဆူနဲနဲလေးထည့်ပြီး ကြက် သားကို ပြုပ်လိုက်ပါတယ်။ ကြက်သားထဲက ရေခမ်းရင် ဆီပူထဲ ထည့်ပြီး အပေါ်ရေတင်းအောင် နဲနဲကြော် ပါတယ်။  

ဒယ်အိုတည် ဆီနဲ့ ထောပတ်ကို ဆတူထည့်ပြီး ပူလာရင်၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ ဖာလာ၊ လေးညှင်းပွင့်နဲ့ ငရုတ်ကောင်းစေ့တွေကို ဆီသတ်၊ ကြက်သွန်နီ ခပ်များများကိုလှီးပြီ ဆီသတ်ပါတယ်။ ကြက်သွန်နီ အနီရောင်သန်းလာရင် ချန်ထားတဲ့ ဒန်ပေါက်မဆလာထည့်၊ ရေနဲနဲထည့်ပြီး အနှစ်ကြေ အောင်လုပ်လိုက်ပါတယ်။  ပြီးမှ ကြက်သားထည့်၊ ဆားနဲ့ ဟင်းမွှေးမဆလာအုပ်ပြီး မီးငွေ့ငွေ့လေးမှာ နှပ်ထားပါတယ်။ 

ဆန်ကို ရေဆေးပြီး နာရီဝက် စိမ်ထားပါတယ်။  (Basmathi Rice ကို ဒန်ပေါက်အတွက် သုံးကြပေမဲ့။ မာလွန်းလို့ မကြိုက်ပါဘူး။ Thai Jasmin Rice ကိုပဲသုံးဖြစ်ပါတယ်။ )

အိုးတလုံးမှာ ရေထည့်ပြီးတည်ပါ၊ ရေဆူလာရင် သစ်ဂျပွေးခေါက်တချောင်းနဲ့၊ ဆားထမင်းစားဇွန်း ၃ဇွန်း ထည့်ပါ။ ရေဆူလာရင် စိမ်ထားတဲ့ဆန်ထည့်၊ ဆန်ပွက်လာပြီဆိုတာနဲ့ ဇကာနဲ့ ရေစစ်ချလိုက်ပါ။

အိုးအလွတ်တလုံးမှာ အောက်ဆုံးက စစ်ထားတဲ့ ထမင်းတ၀က်ထည့်၊ ကြက်သားကိုဖြန့်ထည့်၊ အပေါ်ကနေ ထမင်းနဲ့ ပြန်အုပ်၊ အပေါ်ဆုံးမှာ ကြက်သွန်ကြော်ဖြူး၊ ကုံကုမံ(စာလုံးပေါင်းမှားနိုင်ပါတယ်)ကို နို့နဲ့ စိမ်ပြီး အရောင်လှအောင်ဖျန်း၊ အဖုံးကို လုံအောင်ပိတ်ပြီး နှပ်ထားလိုက်ပါတယ်။ ဒါကတော့ ဒန်ပေါက် အစစ်စား ချင်သူတွေအတွက်ပါ။ စပျစ်ခြောက်တွေ ဘာတွေ ထည့်ကြပေမဲ့ ကိုယ်ကမကြိုက်လို့ ဘယ်တော့မှ မထည့် ပါဘူး။

ပန်ချာကုလား( စစ်ခ့်)တွေ ချက်တဲ့ ဒန်ပေါက်ကတော့ ကြက်သားနဲ့ ဆန်ကို တခါတည်းရောချက်ကြပါတယ်။
တချို့  အိန္ဒိယတွေကတော့ အသားကို ဒိန်ချဉ်နဲ့ နှပ်ပြီး မဆလာတွေရော အိုးအောက်ဆုံးမှာ အသားကို မချက်ပဲ ထည့်ပြီး အပေါ်ကနေ ထမင်းကိုထည့်ပြီး ချက်ကြပါတယ်။ အထူးသဖြင့် ပတ်ကီစတန်တွေပေါ့။ ဒန်ပေါက်က သူတို့ကလာတယ်ဆိုတော့ သူတို့ ချက်တာ အမှန်နေမှာပါ။ ဒါပေမဲ့ ကိုယ်တွေက ငယ်ငယ်က တည်းက ကြက်သားကို ချက်ပြီး ဒန်ပါက်ဖောက်စားခဲ့တော့ အဲ့လိုပဲ ကြိုက်သွားတယ် ထင်တာပဲ။ ငယ် ငယ်က အိမ်မှာ ကြေးအိုရှိတယ်။ ဒန်ပေါက်ကို အဲ့ဒီမှာ ဖောက်တယ်။ အလုံပိတ်အောင် ဂျူံနယ်ပြီး အဖုံးကို ပတ်ပတ်လည်ပိတ်တယ်။




ဒီမဆလာ အထုပ်သုံးပါတယ်။



မီးဖိုကြောင်မှာ ခိုးကြောင် ခိုးဝှက်ရိုက်ထားတာပါး)






မေမေ(ယောက္မ) ပို့ပေးတဲ့ သရက်ချဉ်လေး နှမြောလို့ မစားရက်ဖူးး)


ဘာလချောင်ကြော်ပါ။



မရမ်းသီးစိမ်း၊ မုံလာဥနီ၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်း သနပ်ပါ။


ကျန်တာတွေကတော့ ပုံမရိုက်လိုက်ရဘူးဆိုတော့ မပြောတော့ဘူးနော်း)




ခင်မင်စွာဖြင့်
Baby taster

Read more...

ဒန်ပေါက်နဲ့စမိုင်

 Saturday, October 30, 2010



ဒီဒန်ပေါက်ကတော့ ပြီးခဲ့တဲ့ အပတ်က ချက်ကျွေးဖြစ်တယ် ။ ဧည့်သည်တွေ လာလည်လို့ပါ ။ ကြက်သားဒန်
ပေါက်ပါ ။ ကြက်သား ဒန်ပေါက်ကို ရယ်ဒီမိတ် မဆလာနဲ့ ချက်ကြသလို ကိုယ်တိုင်မဆလာစပ်ပြီးလည်းချက်
ကြပါတယ် ။ဆိတ်သားဒန်ပေါက် နဲ့ အမဲသား ဒန်ပေါက် တို့ရဲ့ မဆလာက ကြက်သားဒန်ပေါက်မဆလာနဲ့ မတူပါဘူး ။ နောက်များ ချက်ရင် တင်ပေးပါ့မယ် ။ အခု ကြက်သား ဒန်ပေါက် ချက်နည်းလေး ပြောပြပါ့မယ်

ကြက်သား ......................................... 1kg
ဆန်        .......................................... ၄ဗူး
သစ်ဂျပွေးခေါက်  ................................. ၁ ချောင်း ( ၂လက်မ)
ကရဝေးရွက်      .................................. ၃ ရွက်
ချောင်းကော့ ........................................ ၂စေ့ (black cardamom)
ဖာလာစေ့        ................................... ၅ စေ့
လေးညင်းပွင့်   .................................... ၅ ပွင့်
ဂရမ်းမဆလာ..................................... ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
ဇီရာမှုန့်  .......................................... ၂ဇွန်း  (လက်ဖက်ရည်ဇွန်း )
နံနံစေ့ အမှုန့် ....................................၃ဇွန်း   (လက်ဖက်ရည်ဇွန်း)
ဆနွင်း / အရောင်တင် ........................အနည်းငယ်
နို့    ............................................... လက်ဖက်ရည်ခွက်တ၀က်
ကုံကုမံ ............................................ အနည်းငယ် (saffron) အရောင်အတွက်
ဇီရာစေ့ ........................................... အနည်းငယ်
ထေားပတ် ....................................... ၂ဇွန်း (ထမင်းစားဇွန်း)
ဆီ     ............................................. ၂ဇွန်း (ထမင်းစားဇွန်း)
ကြက်သွန်နီ ...................................... ၃လုံး (ဥကြီး)
ကြက်သွန်ဖြူ .....................................  ၁ဥ
ဂျင်း ..............................................  ၁တက် ( တလက်မအရွယ်)
စတော်ပဲစိမ်း ..................................... နို့ဆီဗူးဝက်



အခုကျမချက်တဲ့ ဒန်ပေါက်ကတော့ မြန်မာ ဒန်ပေါက်လိုပဲ ချက်တာပါ ။ အိန္ဒိယ ဒန်ပေါက်ကတော့ နို့ချဉ်
လည်းလိုပါတယ် ။ ဆန်ကလည်း သူတို့က (Basmathi Rice ) သုံးပါတယ် ။ ကျမကတော့ ရိုးရိုး ဆန်ပျော့
လေးနဲ့ပဲ ချက်ထားတာပါ ။

ဆန်ကို ရေစိမ်ထားပါ ။

ကြက်သားကို လိုချင်သလောက် အရွယ်တုံးပါ ။

ကုံကုမံကိုနို့နဲ့ စိမ်ထားပါ ။ ဒန်ပေါက်အရောင်အတွက်ဖြစ်ပါတယ် ။

ဆီအိုးတည် ပူလာရင် ဖာလာစေ့သေး ၊ ဖာလာစေ့ကြီး ၊ သစ်ဂျပွေးခေါက် ၊ လေးညင်းပွင့်၊ ကရဝေးရွက် ထည့်၊ ကြက်သွန်နီ ပါးပါးလှီးထည့် ၊ ဂျင်းကြက်သွန်ဖြူ ထောင်းထည့် ကြက်သားထည့် ၊ ဆားနဲ့ မဆလာမှုန့်ထည့် ရေနည်းနည်း ထည့်ချက်ပြီး။ ဟင်းက အနှစ်များပြီး ခြောက်နေပါစေ ။


ကြက်သွန်နီ ပါးပါးလှီးပြီးကြော် ။ မဆလာမှုန့် နည်းနည်းထည့်ပြီးရောထား ။

ရေနွေးတည် ဆားများများထည့် ဇီရာစေ့ထည့် ကရဝေးရွက် တရွက်ထည့် ၊ပွက်ပွက်ဆူလာရင် ရေစိမ်ထား
တဲ့ ဆန်ထည့်ပြီး ထမင်း နပ်မဲ့ အနေအထားရောက်ရင် ဇကာထဲထည့်ပြီး ရေစစ်လိုက်ပါ (ဆားများများထည့်
ရခြင်းမှာ ထမင်းကို အရသာဖြစ်စေဖို့ ဖြစ်ပါတယ် ၊ ဒါမှဟင်းနဲ့ရောလိုက်ရင် အတော်ဖြစ်နေတတ်ပါတယ်)

အဖုံးလှုံမဲ့ အိုးထဲကို ထမင်းကို အောက်ဆုံးမှာ တ၀က်ထည့် ၊ ကြက်သွန်ကြော်ဖြူး ၊ ဟင်းထည့် ပဲစိမ်းထည့် ကျန်ထမင်းထည့် ၊ကြက်သွန်ဖြူး ထောပတ်အပေါ်ကနေဆမ်း ၊ ကုံကုမံစိမ်ထားတဲ့ နို့ဖျန်းပါ ။ အဖုံး လှုံလှုံဖုံးပြီး နပ်ထားပါ ။ ကြိုက်တတ်ရင် သီဟိုစေ့ကြော် ၊ စပျစ်ခြောက်ထည့်ပါ ။ ကျမကတော့ အဲ့ဒါတွေ ကိုက်မိရင် အရသာပျက်လို့ မထည့်ပါဘူး ။ ၄၅ မိနစ်လောက် နပ်ဖို့လိုပါ့မယ် ။ ထမင်းကောင်းကောင်း နပ်ရမှာမို့ပါ ။ သခွါးသီးသုပ်လေး နဲ့စားရင် အအီပြေပါတယ် ။



ဒါလေးကတော့ လွန်ခဲ့တဲ့ တလလောက်က ချက်စားထားတာပါ ။အဲ့ဒီတုန်းကတော့ ပဲစိမ်းထည့်ဖြစ်တယ် 



 သခွါးသီးသုပ်လေးပါ ။


ကျမ တူမလေးက (အမျိုးသားဖက်ကပါ) စမိုင်စားချင်လို့တဲ့ စမိုင်ချက်နည်း ကတော့ လွယ်ပါတယ် ။ အုန်း
နို့နဲ့ နို့ကို စတူရောပြီး ကျိုထားပါ ။ ထေားပတ်ထဲကို မြေပဲ နဲ့ အုန်းသီးထည့်ကြော်ထားပါ ။ ကျန်ထောပတ်ထဲ
သစ်ဂျပွေးခေါက်ထည့် ၊ စမိုင်ထည့်ပြီး လှော်လိုက်ပါ၊။ အ၀ါရောင် သန်းလာရင် ကျိုထားတဲ့ နို့ထည့် မြေပဲနဲ့ ၊
 သကြားထည့် ပွက်ပွက်ဆူလာရင် နို့စိမ်းလေးနည်းနည်းထည့်ပါ ။ စမိုင်ရပါပြီ သီးသန့် ဓါတ်ပုံ မရိုက်ထားမိ
ဘူး ။ အိုးလိုက် ပဲရိုက်ထားမိတယ် ။


သူလေးကတော့ အရမ်းကိုလှချင်တဲ့ ကျမတူမလတ်လေးပါ ။  Cat Eye လုပ်ပေးပါတဲ့။ အိုင်းလိုင်နာအောက် ခံကို လည်း အစိမ်းရောင် ဆိုးချင်ပါသတဲ့ ။


ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP