Lorem Ipsum

Showing posts with label ထမင်း. Show all posts
Showing posts with label ထမင်း. Show all posts

mexican rice နဲ့ အမဲရိုးချဉ်စပ်ဟင်း

 Sunday, January 02, 2011





ကုလားနဲ့ တရုတ် ရောထားသလို ဖြစ်နေသလားလို့ :) ပန်ကန်ကနီပြီး ထမင်းက၀ါနေတယ် :D





ကိုယ့်မှာ Spanish သူငယ်ချင်း ၄ယောက်ရှိတယ်။ သူတို့ကို ဘယ်ချိန်မေးမေး ဘာစားလဲဆိုရင် Rice&Beans (mexican rice) လို့ပဲပြောတယ်။ မနေ့ကတော့အချိန်လည်း ပိုနေတာနဲ့ကိုယ်လည်းစမ်းချက် ကြည့်ပါတယ်။ ကိုယ့်ထမင်းကတော့ နဲနဲလေး ပြင်ထားတယ်။ ခရမ်းချဉ်သီး အနှစ်မထည့်ဘူး။

ပထမဆုံး ပဲဗူး ဖောက်ပြီးရေစစ်ထား ( Kidney Beans )
ကြက်သွန်နီ/ဖြူကို နုပ်နုပ်စဉ်းထား။
ခရမ်းချဉ်သီး အနှစ်ဗူးဖောက်ထား (ကိုယ်တော့မထည့်ပါ)
ကုံကုမံ အနည်းငယ် (၁၀ မျှင်) (Saffron)
ဆန် (နို့ဆီဗူးတဗူး)
ဆီ အနည်းငယ်

ဒယ်အိုးတည် ဆီထည့် ပူလာရင် ကြက်သွန်တွေထည့်၊ ကြက်သွန်တွေ ရရင် ခရမ်းချဉ်သီးဗူးထည့် (ထမင်း စားဇွန်း ၄ ဇွန်း) ဆန်ကို ရေဆေးပြီးထည့်လှော် ဆားအနည်းငယ်နဲ့ ကုံကုမံ (စာလုံးပေါင်းမှားနိုင်)ထည့်၊ ဆန် သားတွေ ပွတက်လာမှ ရေဆူ၊ မြေတောက်ပဲ၊ ကြက်သွန်အလုံးလိုက်ထည့်ပြီး ရေခန်းရင်နှပ်ထား လိုက်ပါ။ အာလုံးပေါင်း ၂၅မိနစ် ကြာပါတယ်။ သူနဲ့တွဲစားဖို့ကို အမဲအရိုးတွေ ကျန်နေတာကို သရက်သီးသ နပ်နဲ့ရောပြီး ချဉ်စပ်ချက်ဖြစ် ပါတယ်။
















အမဲရိုးတွေကို ရေဆေးပြီး လိုချင်တဲ့ အတုံးဖြစ်အောင်တုံးပါတယ်။ Pressure Cooker ထဲမှာအမဲရိုးထည့်၊ ဆား၊ အချိုမှုန့်၊ ဆီ၊ အရောင်တင်၊ မဆလာနဲနဲ ထည့်ပြီးနယ်၊ ကြက်သွန်နီ၊ဖြူ၊ ဂျင်းနဲ့ ပျဉ်းတော်သိမ်ရွက်၊ ငရုတ်သီးစိမ်၊ သရက်သီးသနပ် (ထမင်းစားဇွန်း ၃ဇွန်း) အားလုံးကို ရောနယ်ပြီး ရေခမ်းအောင်တည်ပါတယ် ရေခမ်းရင် ရေဆူထည့်ပြီး အဖုံးပိတ်ပါတယ်။ အသံမြည် ၅ခါလောက်ပေးမြည်ပြီးရင်၊ မီးလျော့ထားလိုက်ပါ တယ်။ ချဉ်စပ် အမဲရိုး သရက်သီးသနပ်ဟင်း ရပါပြီ။ ထမင်းနဲ့ ဟင်းကို တဖိုစီမှာ ချက်လိုက်တော့ နာရီဝက် အတွင်း စားလို့ရပါပြီ။ သခွါးသီး စိတ်လေးနဲ့ စားပေမဲ့ ဓါတ်ပုံက စားပြီးမှ သတိရလို့ သခွါးသီးပုံလေး မပါ လာပါဘူး။



ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP