Lorem Ipsum

Showing posts with label Iora သို့ကျေးဇူးတင်ရှိခြင်း. Show all posts
Showing posts with label Iora သို့ကျေးဇူးတင်ရှိခြင်း. Show all posts

Iora သို့ကျေးဇူးတင်ရှိခြင်း

 Thursday, November 18, 2010

ကျမ အစာအိမ် လေနာနေတယ် ဆေးနည်းလေးးများ သိရင် ပြောပြ ပေးကြပါလို့ ရေးခဲ့တယ် ။ တချို့ သော မောင်နှမတွေ ကလည်း အပူအစပ် မစားရဘူး ။ ဆန်ပြုတ်ပဲ သောက်ပါလို့ သူတို့ သိသလောက်လေး ပြောပြကြပါတယ် ။ ကျမ ဘလောဂ့်ကို လာလည်တဲ့ Iora ကတော့ မဟာ ဖြေဆေးက အရမ်း ကောင်း တယ်လို့ ပြောပြခဲ့ပေမယ့် တခါမှ အဲ့ဒီ ဆေးကို မမြင်ဘူးတော့ ၀ယ်ရ ခက်နေခဲ့တယ်။ ဗမာ ဆိုင်တွေမှာ မေးတော့လည်း သူတို့က မရှိဘူးလို့ ပြောပါတယ် ။တောင်ကြီးက ထုတ်တာဆိုတော့ မရနိုင်တာလည်း ဖြစ်မှာပါ ။ မြန်မာပြည်ကို ဖုန်းဆက်မှာတော့လည်း အခုထိတော့ မရသေးဘူးတဲ့ ။ ဒါနဲ့ Iora ကို ထပ်ပြီး အပူကပ်မိတယ် ပုံလေးရှိရင် မေးလ်ပို့ပေးဖို့ ။ သူက ပို့းပေးခဲ့ပါတယ် ။ အရမ်း ကောင်းတယ်လို့ ပြောတယ်။ စဖြစ်ချိန်နဲ့ ဆေးသောက်ပြီး နာရီဝက် အထိမှာ လုံးဝသက်သာ တယ် လို့ ပြောပါတယ် ။ မောင်နှမ အားလုံးလည်း ဆေားဆိုတော့ သိထားတာ ကောင်းမယ်လို့ ထင်လို့ သူပို့ပေးတဲ့ ဆေးထုပ်ပုံလေး တင်ပေး လိုက်ပါတယ် ။ ဆေးအကြောင်း ပြောပြတဲ့  Iora ကို အရမ်း ကျေးဇူး တင် ပါ တယ် ။တခါမှ မသိပဲ ခုလို အကူညီပေးလာတဲ့ အတွက် ထပ်ပြီး ကျေးဇူး တင်ပါရစေ ။ ဒါလည်း မြန်မာတွေရဲ့ ချစ်စရာ ဓလေ့တခု ပါပဲလေ ။ သူတပါးကို ကူညီချင်တဲ့ စိတ်လေးပေါ့ ။  နောက်လည်း ဆေးနည်းလေးတွေ သိရင် မျှဝေပေးကြပါလို့  တောင်းဆိုပါရစေ ။



ဒီဆေးလေးပါ

Iora ရေ ကျေးဇူးပါ ။


ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP