Lorem Ipsum

ခေါက်ဆွဲကြော်၊ ကြက်ကင်နှင့် ထိုင်းသဘောင်္သီးထောင်း

 Saturday, June 29, 2013

မင်္ဂလာပါရှင် ...... ချက်စားဖြစ်သမျှ ဓါတ်ပုံရိုက်ပျင်းလို့ မတင်ဖြစ်ဘူး။ ဖဘမှာ ညီမလေး အိချိုက.. မမရေ
ဟင်းဘာလို့ မချက်တော့တာလဲ ဆိုလို့ တင်လိုက်တား)

 
 
ခေါက်ဆွဲကြော်၊ ကြက်သား ဆာတေးနဲ့ ကြက်သွန်ချဉ်စပ်သုပ်ပါ.....

 
း)

 
ကြက်သားနဲ့ ကျောက်ဖရုံသီးကို ပင်စိမ်း၊ ငရုပ်သီးစိမ်းလေးအုပ်ပြီ အရည်သောက်ချက်ပါတယ်။


မှိုကြော်ကို ပင်စိမ်းအုပ်ထားပါသေးတယ်။



ထိုင်းသင်္ဘောသီးထောင်း၊ ကြက်ကင်နဲ့ ရေမုန့်ညှင်း ဟင်းချိုလေးပါ။


ဂျင်းသုပ် ချဉ်၊ ငံ၊ စပ်


 
ကိုယ်က လဖက်မကြိုက်တတ်ဘူ။ အဲ့ဒါကိုပဲ အပြစ်လိုလိုပြောကြတယ်။ မိန်းမဖြစ်ပြီ လဖက်မကြိုက် တတ်လို့ဆိုပဲ :-/ ဘယ်သူရှိမတုန်း အိမ်က ကျေးဇူးရှင်ပေါ့ :)



ကြက်သားကို အသားမှုန့်၊ ကြက်သွန်နီ၊ဖြူ အမှုန့်၊ ငရုပ်ကောင်းမှုန့်နဲ့ ဟင်းချက်ဝိုင်ဖြူ အနည်းငယ်တို့ရောနယ်ပြီ နှပ်ထားပါတယ်။ ကင်တော့မှ ဆီလေးနည်းနည်းသုတ်ပြီ ကင်ထားတာပါ။ အသားမှုန့်က အငံပါလို့ ဆားမထည့်ထားပါဘူး။


ထိုင်းသဘောင်္သီးထောင်း (ဆွမ့်သမ်)


 
ကြက်သား ဆာတေးပါ။ ရယ်ဒီမိတ် ဆာတေးမှုန့်သုံးထားတာပါ။ ကြက်သား ၁ကီလိုထဲကို ဆာတေး အမှုန့်
တထုပ်၊ စပါးလင်တချောင်းကြိတ်ထည့် အုန်းနို့ ထမင်းစားဇွန်း ၅ဇွန်းထည့်ရောနယ်ပြီ ၃နာရီ နှပ်ထားပါတယ်။ စားခါနီးမှ တဖက်ကို ၁၀မိနစ် ကင်ထားတာပါ။ ရယ်ဒီမိတ် ဆာတေးထုပ်တွေ ၀ယ်လို့ရပါတယ်။ အရင်ကလည်း ဒီမှာ ငုံးဆာတေးနဲ့ ဒီမှာ ကြက်သားဆာတေး တင်ဖူးပါတယ်။
 
အားလုံးကို ခင်မင်စွာဖြင့်
ဘေဘီ
 
 
 
 


Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP