Lorem Ipsum

Showing posts with label ငုံးဥဟင်း. Show all posts
Showing posts with label ငုံးဥဟင်း. Show all posts

ငုံးဥပြုပ်ကြော်

 Tuesday, January 04, 2011

ကဲ ဒီနေ့ ငုံးဥပြုပ်ကြော် ချက်မယ်အိုကေ :)
ဘာတွေလိုအပ်သလဲ ဆိုရင်တော့ ငုံးဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ ကြက် သားမှုန့်၊ ငရုတ်ကောင်းလှော်မှုန့် ဒါတွေလိုတယ်။ (ငုံးဥပြုပ်ကြော်လေးများ လုပ်ဖို့ ကြက်တွေ အများ ကြီးသုံးရတယ်နော် :) )

ပထမဆုံး ငုံးဥတွေကို ရေဆေးပြီး ၅ မိနစ်ပြုပ်ပါ့မယ်။ ငုံးဥရရင် ရေအေးစိမ်ထားမယ်။
ကြက်သွန်နီ ပါးပါးလှီးပြီး ကြော်ထားမယ်( ကိုယ်ကတော့ ရယ်ဒီမိတ်ဗူးသုံးပါတယ်)
ကြက်သွန်ဖြူ နုပ်နုပ်စဉ်းထားမယ်။
ကြက်သွန်မြိတ် ရိတ်ရိတ်လှီးထားမယ်။
ငရုတ်ကောင်းလှော်ပြီး ထောင်းထားမယ်။

ဆီအိုးတည်၊ ဆီပူလာရင် ပြုပ်ထားတဲ့ ငုံးဥတွေကို ဓါးနဲ့မွှန်းပြီးထည့်ကြော်၊ ငုံးဥလေးတွေ နီဝါရောင်ဖြစ် လာရင် ဘေးဖယ်ထားပြီး စဉ်းထားတဲ့ ကြက်သွန်ဖြူထည့်မယ်၊ ကြက်သွန်မွှေးလာရင် ဖယ်ထားတဲ့ ငုံးဥ ထည့်မယ်၊ ပဲငံပြာရည်နဲ့ ကြက်သားမှုန့်ထည့် ရေဆူ နဲနဲထည့်ပြီး အရသာအထဲဝင်အောင် ခဏဆက် ကြော်ပြီးရင် ရပါပြီ။ အပေါ်ကနေ ကြက်သွန်မြိတ်နဲ့ ငရုတ်ကောင်းလှော်မှုန့် ဖြူးစားရုံပေါ့ :)














ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP