Lorem Ipsum

Showing posts with label ဟင်းချို. Show all posts
Showing posts with label ဟင်းချို. Show all posts

အရည်သောက်များ

 Friday, November 12, 2010



ပဲလိပ်ပြာ နှပ်ထားတာ ရှိနေတာနဲ့ ဟင်းချို သောက်ဖြစ်တယ် ။ပဲလိပ်ပြာထဲ ပဲဆီ နည်းနည်းနဲ့ ဆား အချိုမှုန့် ထည့်၊ ရေဆူထဲ ကြက်သွန်ဖြူ ထုထည့်ပြီး အရွက်ကလေး ထည့်ပြီး တမိနစ်ဆိုရပြီ ။ အောက်က အရွက်ပါ။




ဗူးသီး ဟင်းချိုပါ။


ပဲလိပ်နဲ့ အပေါ်က အရွက်ပါပဲ ဟင်းချိုလေးပေါ့ ။ လွယ်တယ် မပြောတော့ဘူး ။



ဒါက မိဆိုအနှစ်ရယ် ကြက်သွန်ဖြူရယ် ရေဆူထဲထည့်ပြီး ပွက်လာမှ အမဲသား ထည့်တယ် ။အမဲသား ကျက် ရင် ကြက်ဥ ဖောက်ထည့် ။ မုံညှင်းရွက်လေး အုပ်ပြီး သောက်ဖြစ်တဲ့ ဟင်းချိုပါ။




ဒါကတော့ လောဝ်ဟင်းရည်ပါ။ ခနော်န် တတုံးကို ရေဆူထဲထည့် ။ ငရုတ်စိမ်းနဲ့ ကြက်သွန်ဖြူထည့် ဆူလာရင် စံမိတ်ရွက်နဲ့ ငါးပေါက်လေးတွေထည့် ၊ ပင်စိမ်း ခတ်ပြီးသောက်နိုင်ပြီ။



 ဒါကတော့ မိဆိုရယ် ၊ပဲပြားရယ်၊ ပဲလိပ်ခြောက် ရေစိမ်ရယ် ၊ တရုတ်နံနံရယ် ကို ကိုရီးယား မုန့်တီ အမဲ လေး နဲ့ ပြုတ်သောက်တယ် ။ ခုတော့ ဓါတ်ပုံ မရိုက်ရ သေးဘူး ။မုန့်တီ ပုံလေး တင်ပေးပါ့မယ် ။


ရေညှိဟင်းချိုပါ ။ လွယ်တယ်ဆိုတော့ မပြောတော့ဘူး ။အရင်ကလည်း ရေးဘူးပါတယ် ။



ခင်မင်စွာဖြင့်
Baby taster




Read more...

အရည်သောက်များ ( ၃ )

 Friday, October 22, 2010


 
ကြက်သွန်ဖြူ / နီ ၊ ဂျင်းကို ထောင်းပြီ ဆီသတ် ။ ကြက်သွန်တွေ နီရောင်သန်းလာရင် ၊ အရောင်တင်နဲ့ ဆနွင်း နည်းနည်းထည့်ပြီး ငါးနဲ့ မုံလာဥဖြူထည့် ၊ငံပြာရည် အချိုမှုန့် ထည့် ၅ မိနစ်လောက်ချက်ပြီးမှ မန်ကျည်းမှည့်နဲ့ ရေဆူ ထပ်ထည့်ပြီး ဆက်တည်ထား ။ စားခါနီးမှ ရုံးပတေသီးထည့် ပြီးစားလို့ရပါပြီ ။ (ကျမကတော့ ရုံးပတေသီးကို သိပ်ကျက်တာ မကြိုက်တတ်လို့ပါ ။ အကျက်ကြိုက်ရင် ကြိုထည့်ရပါတယ် )



 
ပဲလိပ်ပြာနဲ့ ပတက်စာဟင်းချိုပါ ။



ချက်နည်းတွေက အားသိပြီးသားမို့ မရေးတော့ပါဘူး ။


ခင်မင်စွာဖြင့်
Baby taster

Read more...

အရည်သောက်များ ( ၂ )

 Thursday, October 21, 2010

 


ရေဘ၀ဲ ၊မှို ၊ ပင်စိမ်း နဲ့ ဆံမြိတ် (စံမုံစပါး ရဲ့ အရွက်လေးတွေပါ) ရောပြီး အရည်သောက် ချက်ထား တယ်  ကျမတို့ အထက်ပိုင်းမှာ ဆိုရင် ဆံမြိတ်လို့ ခေါ်တတ်ကြတယ်။ ကြက်ဥနဲ့ ကြော်စား လည်း ကောင်း တာပါပဲ  ခနောန်တတုံးကို ရေဆူထဲ ထည့်ပြီး  ပွက်လာရင် ရေဘ၀ဲနဲ့မှို ထည့်တယ် ။ ထမင်း စားခါနီးမှ ပင် စိမ်းခြွေထည့် ၊ ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ ထောင်းထည့်ပြီး သောက်လို့ ရပါပြီ ။


                                                   

                                               ကြက်ပေါင်ကို စွပ်လုပ်ထားတယ် ။


                                                     ကြက်သားနဲ့ ရေညှိစွပ်ပါ ။


ခင်မင်စွာဖြင့်
Baby taster

Read more...

အရည်သောက်များနှင့် ပင်စိမ်းထောင်း


 ဒီနေ့တော့  အရည်သောက်လေးတွေပဲ။ ကျမက ဟင်းရည်မပါရင် ထမင်းမစားတတ်ဘူး ။ အရည်သောက် တွေထဲမှာတောင် အဖြူထည်မျိုးကို ငရုတ်ကောင်း နဲ့ ကြက်သွန်မိတ်လေး ခတ်ပြီးသောက် ရတာကိုပို  နှစ်သက်ပေမဲ့ ကျေးဇူး ရှင်ကြီး ကတော့ အချဉ်ရည်တို့ ပဲဟင်းတို့မှ ကြိုက်ပြန်ရော ကြက်ပြုတ် ရည်လေးထဲ တိုဖူးရယ် ၊ မုံညှင်းထုပ် အဖြူရယ် ကြက်သွန်မှိတ်လေးရယ် ထည့်ပြုတ်ထားတာပါ ။


 ဒါလေးကတော့ ပုဇွန်နဲ့ပတက်စာ ဆန်လှော်ဟင်းပါ ။ ပတက်စာက အမှန်ဖြူနေရမှာ  ရေခဲသေတ္တာထဲ ထည့်ထားတာ ကြာလို့ နေမှာ မဲသွားတယ်။ ဆန်လှော်ဟင်း ချက်နည်းကတော့ လွယ်ပါတယ် ။ ပုဇွန်ကိုနှုတ် နှုတ်စဉ်း လိုက်ပြီး ရေဆူထဲထည့်လိုက်တယ် ။ ဆက်ဆူနေပါစေ အချိုရည် ထွက်လာအောင်ပါ။ စပါလင်ကို ထုထည့် (သို့) စောင်းစောင်း လှီးထည့် ။ (ထုပြီး အစည်းလေး လုပ်ထည့်တာ မရှုတ်စေဘူး) ဆန်လှော်မှုန့် ၊ဆား ၊အချိုမှုန့်ထည့် ဆက်ဆူနေပါစေ ။ ပတက်စာ ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူ ထောင်းထည့်ပြီး သောက်လို့ ရပါပြီ ။ အေးတဲ့ ရာသီမှာ မိုးရွာနေရင် သောက်ကောင်းတယ် ။


ဒါလေးက ပဲနီလေးသာပြောရမှာ ပဲက၀ါနေတယ်း)


ဒါကတော့ ပင်စိမ်း ၊ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ သံပုရာသီး ၊ ငံပြာရည် ၊ အချိုမှုန့်ရောပြီး ကြိတ်ထားတာပါ ။စားလို့ အရမ်းကောင်းပေမဲ့ ကျမတော့ အခုတလော ဒါတွေစားလို့ မရတော့ပါဘူး ။း(


ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP