Lorem Ipsum

Showing posts with label အလွမ်းပြေ ထမင်းဝိုင်း. Show all posts
Showing posts with label အလွမ်းပြေ ထမင်းဝိုင်း. Show all posts

အလွမ်းပြေ မေမေ့ဟင်းများ

 Sunday, March 27, 2011

ဒီဟင်းတွေကို ကိုယ်ငယ်ငယ်က မရိုးတမ်း စားခဲ့ရတာပေါ့။ အခုချိန်မှာ မေမေ့ရဲ့လက်ရာ ဒီလိုဟင်းတွေ အရမ်းစားချင်တယ်။ တနေနေ့ပေါ့ မြန်မာပြည်ကို ပြန်ခွင့်ရလာခဲ့ရင်ပေါ့လေ။ ကိုယ့်မေမေရဲ့လက်ရာ မမှီိပေမဲ့ အတတ်နိုင်ဆုံး တူအောင် ချက်စားဖြစ်တယ်။ မေမေနဲ့မိသားစုကို ခွဲးပြီးတိုင်းတပါးမှာ နေလာခဲ့ရတဲ့ သက်တမ်းတလျှောက် မိသားစု ထမင်းဝိုင်းလေးကို အရမ်းတမ်းတမိတာပဲ။ ဒီလိုဟင်းတွေ ချက်စားရင် မေမေ့ကို အရမ်း အရမ်း လွမ်းတာပဲ။

ငါးရံ့ကို အကြေးထိုး ဗိုက်ဖောက် ရေသေချာဆေးပြီး ငန်ပြာရည်၊ အချိုမှုန့်၊ ဆနွင်းနယ်ပြီး ကြော်လိုက် တယ်။ ကြက်သွန်နီ/ဖြူ၊ ဂျင်း၊ ငရုတ်သီး အခြောက်တောင့်တွေကို ညှက်နေအောင်ထောင်းပြီး ဆီသတ်၊ ခရမ်းချဉ်သီး ပါးပါးလှီးထည့်၊ အရောင်တင်နဲနဲထည့်၊ ငန်ပြာရည်နဲ့ အချိုမှုန့်နဲနဲထည့်ပြီ အဖုံးအုပ်ထား လိုက်တယ်။ ခရမ်းချဉ်သီး နူးပြီးကြေမှ ငါးရံ့ကြော်ထည့် ရေနဲနဲဖျန်းပေးပြီး မီးနဲနဲနဲ့ နှပ်ထားတယ်။ ရေ ၃ခါ လောက်ဖျန်းပေးပြီး နှပ်လိုက်တယ်။ ငါးရံ့ကြော်နှပ် ရပါပြီ။



ငါးရံ့ကြော်နှပ်


မကြော်ခင်


ကြော်ပြီး


ပဲရေပွနဲ့ ပဲပုပ်ပဲ ရောနှပ်လိုက်တယ် (၂မျိုးလုံးက နဲနဲစီကျန်နေလို့ပါ) ကြက်သွန်နီ/ဖြူ ဆီသတ်၊ ပြုပ်ထားပြီး သား (အမှန်တော့ ပေါင်းအိုးနဲ့ပေါင်းထားတာပါ) ပဲတွေထည့်၊ ငန်ပြာရည်နဲ့ အချိုမှုန့်နဲနဲထည့်ပြီး ပြန်နှပ်လိုက် တယ်။



မန်ကျည်းရွက်နဲ့ မန်ကျည်းသီးစိမ်း ရေားပြီ ငပိကျက်လေးချက်တယ်။ မန်ကျည်းရွက်ကတော့ ပုလင်းက  ဖြစ်ပြီး မန်ကျည်းစိမ်းကတော့ အစိမ်းဝယ်လို့ရတာနဲ့ ရောချက်လိုက်တာ။

ပထမဆုံး ပုဇွန်ခြောက်ကိုရေစိမ် မညှက်တညှက်လေးထောင်းထား၊ ကြက်သွန်နီ ပါးပါးလှီးထား၊ ကြက်သွန် ဖြူနဲ့ ငရုတ်ခြောက်ထောင်းထား။ မန်ကျည်းသီးစိမ်းကို ဆားနဲ့ပွတ်ပြီးရေဆေး ထောင်းထား။( ဆားနဲနဲထည့် ထောင်း မန်ကျည်းသီးထောင်းတွေ အရောင်မပျက်အောင်) မန်ကျည်းရွက်ကို ရေစစ်ပြီး အရိုးတံလေးတွေ ဖယ်ထား။ ကြက်သွန်နီဆီသတ်၊ ကြက်သွန်အရောင်လှလာရင် ထောင်းထားတဲ့ ငရုတ်နဲ့ ကြက်သွန်ဖြူထည့်၊ ဆနွင်း(ပါရုံ) အရောင်တင်ထည့်၊ ကြက်သွန်နံ့မွှေးလာရင် ပုဇွန်ခြောက်ထောင်းထည့်၊ ပုဇွန်ခြောက်ရရင်၊ စိမ်းစားငပိ အရည်ဖျော်ထည့်ပြီ ငပိနံ့ပျောက်ရင် မန်ကျည်းသီးစိမ်းထောင်းထည့်၊ ငန်ပြာရည် အချိုမှုန့်ထည့်၊ ဆီပြန်လာရင် မန်ကျည်းရွက်တွေထည့်၊ ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းအုပ်ပြီး အိုးဖုံးထားရင် ချဉ်ငန်စပ် မကျည်းသီး ငပိချက် ရပြီပေါ့။



 ပဲနီလေးဟင်းချို

ပဲနီလေးကို အရင်လှော်ပြီး ရေစိမ်ထားပါတယ်။ ကြက်သွန်နီဖြူ ထောင်းပြီးဆီသတ်၊ ရေစိမ်ထားတဲ့ ပဲထည့်၊ အရောင်လှချင် အရောင်တင်ထည့်၊ ဆားထည့်ပြီး ပြုပ်လိုက်တယ်။ ပဲနူးရင် ဂျင်းနဲနဲးထောင်းထည့်၊ ရေဆူလို သလောက်ထည့်ပြီ ပြုပ်ထားလိုက်တယ်။

ဒီဟင်းမျိုးကို  ပဲလိပ်ပြာနဲ့ဆူးပုပ်၊ ပဲလိပ်ပြာနဲ့ ဗူးညွှန့်၊ ပဲလိပ်ပြာနဲ့ ဂွေးတောက်ရွက် ဟင်းချိုတွေနဲ့ မေမေ ချက်ကျွေးနေကျပါ။ အခုတော့ ပဲလိပ်ပြာနှပ်ထားတာ ကုန်နေတာနဲ့ ပဲနီလေး ဟင်းချိုနဲ့ တွဲစားကြပါတယ်။



ခင်မင်စွာဖြင့်
Baby taster





Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP