Lorem Ipsum

ပုဇွန်ထုပ်ဆီပြန်

 Monday, April 30, 2012

ချက်စားထားတာ တော်တော်ကြာပြီဖြစ်တဲ့ ပုဇွန်ထုပ်ပါ။ ဒီတခါ ပုဇွန်ထုပ်ဝယ်လာတာ တော်တော်ဈေးကြီးတယ်။ မဆိုသလောက်ပဲ အကောင်ကြီးတာပါ။ ဒါ ကို ၆ကောင်ပဲပါတာ၊ $၂၂ ပေးလိုက်ရတယ်။ ခါတိုင်းဆို သူ့ထက်နည်းနည်း သေးတာ ၉ကောင်ပါရင် $၁၇.၉၉ ပေးရတာပါ။ ထားပါတော့လေ ဒါကကြုံလို့ ပြောပြတာပါ ဟဟး)

ပုဇွန်ကို အခွံခွါ၊ ကျောလယ်က အမဲကြောင်းကြီးထုတ်ပြီး ရေဆေးထားပါတယ်။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းနဲ့ ငရုပ်သီးအခြောက်တို့ကို ညှက်နေအောင်ထောင်းပြီ ဆီ သတ်ပါတယ်။ ကြက်သွန်နံ့ပျောက်ပြီး ကြက်သွန်နီဝါရောင်သန်းလာရင်၊ ခရမ်း ချဉ်သီး ၃လုံးကို ပါးပါးလှီးထည့်ပါတယ်။ ဆားနဲ့ အချိုမှုန့် အနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါတယ်။ ၅မိနစ်လောက်ကြာရင် ခရမ်းချဉ်သီးတွေ ကြေပြီး အနှစ် ရလာပြီဆိုရင် ပုဇွန်ထည့်ပြီး ၅မိနစ်ထပ်တည်ပါတယ်။ နောက်ဆုံးမှ မဆလာ လေးအုပ်ပြီး ဆီပြန်လာရင် ပုဇွန်ထုပ်ဆီပြန်ရပါပြီ။







ဒီလို အထုပ်နဲ့လာတာပါ။ တထုပ်မှာ ၆ကောင်ပါပြီး $ 22.00 ပေးရပါတယ်။ ပုဇွန် ထုပ် တကောင်ချင်းစီကို ပလပ်စတစ်နဲ့ ထုပ်ထားပါတယ်။ တထုပ်မှာ တကီလို ရှိပါတယ်။ ပြောချင်တာက မတန်ဘူးဆိုတာပါ... ဈေးရောင်းတဲ့ လူတွေကတော့ ကိုယ့်ဘလောဂ့်ဖတ်မိရင် တင်းမှာပါပဲ။ ဒါပေမဲ့ ကိုယ်တို့လည်း သာမန် လခစား ပေမို့ မတန်တာကိုတော့ မတန်ကြောင်း ပြောမိတာ အပြစ်မဟုတ်ပါဘူးနော်။


ခင်မင်စွာဖြင့်
ဘေဘီ

Read more...

အာလူးပလာတာနဲ့ ပါနီးရ်သီးစုံသနပ်ချက်

 Sunday, April 29, 2012

ဒီနံနက်စာက ကိုယ်ထိုင်းသွားပြီး ပြန်လာတော့ အိမ်မှာ ဘာမှမရှိဘူး။ မနက်ရှာ ဖွေတော့ အိမ်မှာရှိတဲ့ နို့နဲ့ ကြံဖန်ချက်ထားတာပါ။ ၁၀၀% ကိုစားကောင်းပါ တယ်။

ပထမဆုံး ပါနီးရ်(နို့ခဲ)ဖြစ်အောင် လုပ်ပါ့မယ်။ နို့ကို အိုးတလုံးထဲထည့်ပြီး ကျိုပါ့ မယ်။ နို့ဆူလာရင် သံပုရာသီး တခြမ်းလောက်ညှစ်ထည့်ပြီး ကျိုပါ့မယ်။ နို့က အရည်တခြား အဖတ်တခြားဖြစ်မှ ဇကာစိပ်စိပ်ထဲ လောင်းထည့်ပြီး ရေအေးနဲ့ လောင်းချပြီး ရေစစ်ထားပါ့မယ်။ (အ၀တ်ပါးနဲ့စစ်ပြီး အပေါ်ကနေ အလေး တခု ခုနဲ့ ဖိထားပြီး ရေစစ်ရင် နို့ခဲဖြစ်လာမှာပါ) ကိုယ်ကတော့ အခဲဖြစ်အောင် မလုပ် ပါဘူး။ ပါနီးရ်ဘူရ်ကြီးလို့ခေါ်တဲ့ နို့အကြေလုပ်မှာ မို့လို့ပါ။

ဒယ်အိုးတည် ဆီအနည်းငယ်ထည့်၊ ဇီရာ၊ မုန့်ညှင်းစေ့၊ ငရုပ်သီးအခြောက်နဲ့ ပျဉ်းတော်သိမ်းရွက်တို့ကို ဆီသတ်ပါတယ်။ ပြီးမှ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းတို့ကို ခပ်နုပ်နုပ်စဉ်းပြီးထည့်၊ ကြက်သွန် နီဝါရောင်လေးဖြစ်လာရင်၊ ပါနီးရ်(နို့ခဲ)တွေ ကိုထည့်ပြီး ၃မိနစ်လောက်ကြော်ပါတယ်။ ပြီးမှ သရက်သီးနဲ့ သီးစုံသနပ် ၃ဇွန်း(ထမင်းစားဇွန်း)ထည့်ပြီး ရေဆူအနည်းငယ်ထည့်ချက်ပါတယ်။ ၁၀မိနစ်လောက် ဆိုကျက်ပါပြီ။ ကိုယ်ကတော့ အရည်စပ်စပ်လေးချက်ပါတယ်။ အာလူးပလာတာ နဲ့ တွဲစားမှာမို့လို့ပါ။ ချဉ်စပ်လေးမို့ အရမ်းကောင်းပါတယ်။ ဒီဟင်းချက်နည်းက ကိုယ့်ရဲ့ ကိုယ်ပိုင် ဟင်းချက်နည်းပါ။ ကိုယ့်ဟာကိုယ် စမ်းချက်တာမို့ သူများတွေ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။


နို့ခဲနဲ့ သရက်သီးသနပ်ချဉ်စပ်



အာလူးပလာတာ

ပထမဆုံး အာလူးကို ပြုပ်ပြီး ချေထားပါ့မယ်။ ချေထားတဲ့ အာလူးထဲကို၊ ကြက် သွန်နီနုပ်နုပ်စဉ်း၊ ငရုပ်သီးစိမ်း၊ နံနံပင်၊ ဆားနဲ့မဆလာမှုန့် အနည်းငယ်တို့ ထည့်ပြီး ရောနယ်ထားပါ့မယ်။

ဂျူံကြမ်း(AATA)ကို ဆီအနည်းငယ်နဲ့ ဆား(လ္ဖက်ရည်ဇွန်း တ၀က်)ကိုထည့်ပြီး ရောနယ်ထားပါ့မယ်။ ဂျူံသားညှက်တဲ့အထိနယ်ပြီး ခဏနှပ်ထားပါ့မယ်။



မုန့်လှိမ့်တော့မယ်ဆိုရင်၊ ဂျူံသား တလုံးကို( ခပ်ကြီးကြီး)ယူပြီး ခပ်ထူထူ လှိမ့်ပါ တယ်။ ဘေးသားကို ပါးပါးလှိမ့်၊ ခလည်သားကို ခပ်ထူထူထားပြီး၊ အာလူးထည့်၊ အ၀ိုင်းလေးဖြစ်အောင် လှိမ့်ပါ့မယ်။



အရမ်းမလှိမ့်ပါဘူး။ ခပ်ဖွဖွလေးသာလှိမ့် ပါ့မယ်။ အရမ်းလှိမ့်ရင် ဂျူံသားပေါက်ပြီး အာလူးတွေထွက်ကုန်ပါ့မယ်။






ကြော်တော့မယ်ဆိုရင်၊ ဒယ်ပြားလေးတည်။ အရမ်းမပူပါစေနဲ့ မုန့်ဒယ်ပြားထဲ ထည့်၊ တဖက်ကျက်မှ နောက်တဖက်လှန်ပြီးရင် ထေားပတ်အနည်းငယ်သုတ်ပြီး ကြော်ပါတယ်။ ဒါမှ အာလူးပလာတာက ဖောင်းလာမှာပါ။ နည်းနည်းလေး ဖိပြီး ကြော်ပေးရပါ့မယ်။


တချို့သော ပုံတွေကို ဂူဂဲလ်က ယူထားပါတယ်း)



ခင်မင်စွာဖြင့်
ဘေဘီ


Read more...

ငါးခူ ဖတ်ကဖောင်

 Friday, April 27, 2012

ဒီနေ့တော့ ငါးခူ ဖတ်ကဖောင်ကြော်နည်း တင်ပါ့မယ်။ ဖတ် ဆိုတာက ကြော်တာ လို့ အဓိပါယ်ရပြီး၊ ကဖောင်ဆိုတာကတော့ ပင်စိမ်း (Sweet Basil ဟိန္ဒူတွေရဲ့ အိမ်ရှေ့ မှာ စိုက်လေ့ရှိတဲ့ အပင်)လို့ ခေါ်တယ်လို့ သိရပါတယ်။ ကိုယ်အရင်က လည်း ခဏခဏ ရေးဖူးပါတယ်။ အရင်ကတော့ ကြက်သား၊ ပုဇွန်နဲ့ ကြော်ပေမဲ့ ဒီတခါ ငါးခူကြော်နဲ့ ကြော်ပါတယ်။

ငါးခူကို အကွင်းပါးပါးလေးတွေလှီး ဆနွင်းနဲ့ ငံပြာရည်နယ်ပြီး အကြွပ်ကြော်ပါ့ မယ်။ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို မညှက်တညှက်လေးထောင်းထားပါ့မယ်။ (စပ်စပ်လေးမှ စားကောင်းပါတယ်) ပင်စိမ်းရွက်ကို ခြွေပြီး ရေဆေးထားပါ့မယ်။

ကြော်မဲ့အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာရင်၊ ထောင်းထားတဲ့ ကြက်သွန်နဲ့ ငရုပ်သီးထည့် ဆီသတ်၊ ကြက်သွန်အနံ့မွှေးလာရင် ငံပြာရည်နဲ့ သကြားအနည်း ငယ်ထည့်၊ ရေဆူ ၃ဇွန်း(ထမင်းစားဇွန်း)ထည့်ပြီး ကြော်ထားတဲ့ ငါးတွေထည့် ကြော်၊ ပင်စိမ်းရွက်လေး အုပ်ပြီး ချလို့ရပါပြီ။ စပ်စပ်လေးနဲ့ အရမ်းစားကောင်း ပါတယ်။


ငါးခူ ဖတ်ကဖောင်


ငါးခူပင်စိမ်း အစပ်ကြော်



ခင်မင်စွာဖြင့်
ဘေဘီ

Read more...

ကြောင်လျှာသီးအမဲခြောက် အစပ်ကြော်

 Thursday, April 26, 2012

ကြောင်လျှာသီး အစိမ်းတော့ မရပါဘူး။ မီးဖုတ်ပြီသားပဲ ရပါတယ်။ တထုပ်ကို $ ၃.၉၉ပေးရပြီ၊ မီးဖုတ်ထားတဲ့ ကြောင်လျှာသီ ၂တောင့်နဲ့ တ၀က်ပါပါတယ်။ လက်ဆောင် ရထားတဲ့ အမဲခြောက်ကလည်း ရှိနေတော့ ရောကြော်ဖြစ်သွား တယ်။   အရင်ကလည်း ကြောင်လျှာသီးတွေ ကြော်ဘူးသုပ်ဘူးပါတယ်။ ထပ် ရှာ မနေချင်တော့လို့ ရေးလိုက်ပါ့မယ်း)

ကြောင်လျှာသီးနဲ့ အမဲခြောက်အစပ်ကြော်


ကြောင်လျှာသီးကို ပါးပါးလှီးပြီး ခပ်သေးသေးပြန်စိပ်ပါတယ်။ အမဲခြောက်ကို လည်း ရေစိမ်ပြီး ခပ်နုပ်နုပ်လေးစဉ်းပါတယ်။ ဆီအနည်းငယ်မှာ ကြက်သွန်နီ၊ ဖြူနဲ့ ငရုပ်သီးစိမ်းတို့ကို ခပ်နုပ်နုပ်စဉ်းပြီး ဆီသတ်ပါတယ်။ ကြက်သွန်နီဝါရောင် ရလာရင်၊ ဆနွင်းနဲ့ အရောင်တင် အနည်းငယ်ထည့်ပြီး အမဲခြောက်ထည့် ကြော် ပါတယ်။ အမဲခြောက်ကျက်ရင် ကြောင်လျှာသီး၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး ဆက်ကြော်ပါတယ်။ ဆီပြန်လာရင် ရပြီပေါ့ ကြောင်လျှာသီး အမဲခြောက် အစပ် ကြော်။


ခင်မင်စွာဖြင့်
ဘေဘီ


Read more...

ငါးကြော်ချဉ်စပ်

 Wednesday, April 25, 2012


ဒီနေ့တော့ ငါးကြော် ချဉ်စပ်လေး တင်ပါ့မယ်။ ပထမဆုံး ငါးကို အကြေးထိုး ဗိုက်ဖောက် ရေဆေး၊ ဓါးနဲ့ မွှန်းပြီ၊ ဆား၊ ဆနွင်းနဲ့နယ်ထားပါ့မယ်။ ကြော်မဲ့ ဆီအိုးတည်၊ ဆားဆနွင်းနယ်ထားတဲ့ ငါးကို ကော်မှုန့် အနည်းငယ်ကပ်ပြီ အနေအောင် ကြော်ပါ့မယ်။

ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်းနဲ့ ခရမ်းချဉ်သီးတို့ကို နုပ်နုပ်စဉ်းပြီ ဆီသတ်၊ မန်ကျည်းမှည့် အရည်အနည်းငယ်ထည့်၊ ဟင်းချက်ဝိုင်၊ ငံပြာရည်နဲ့ အချိုမှုန့် အ နည်းငယ်ထည့်၊ ရေဆူ ခွက်ဝက်လောက်ထည့်ပြီ၊ ချဉ်စပ်လေးဖြစ်အောင် တည်ပါ တယ်။ နောက်ဆုံးမှာ ကြက်သွန်မိတ်နဲ့ နံနံပင်ရိတ်ရိတ်လှီးထည့်ပြီ ကြော်ထား တဲ့ ငါးပေါ်လောင်းလိုက်တာပါပဲ။ ချဉ်စပ်လေး ကောင်းတယ်း)


ငါးကြော် ချဉ်စပ်

း)

မအားလို့ တနေ့တမျိုးပဲတင်ပါ့မယ်။ လာလည်သူတွေကို အရမ်း အရမ်း ကျေးဇူး တင်ပါတယ်။ စလုံးက မောင်နှမတွေကတော့ အများဆုံးပါပဲး) ခုတလော မြန်မာ ပြည်က ယူအက်စ်ထက်တောင် ပိုသာသေးး) အားလုံး အားလုံးကို ကျေးဇူးပါး)


ခင်မင်စွာဖြင့်
ဘေဘီ


Read more...

ကြက်ဥဒန်ပေါက်

 Tuesday, April 24, 2012

ဒန်ပေါက်။ ဒီတခါ ကြက်ဥ၊ ကြက်ဥတိုဖူး၊ ခါဂျယ်ဥ၊ အာလူးနဲ့ ပဲစိမ်းလုံးတွေနဲ့ ချက်ထားပါတယ်။

ကြက်ဥကိုပြုပ်ပြီ အခွံခွါထားပါတယ်။
ကြက်ဥတိုဖူးကို ပါးပါးလှီးပြီ ကြော်ထားပါတယ်။
အာလူးကို အခွံနွာ၊ ဆား၊ ဆနွင်းနယ်ပြီး မကျက်တကျက် ကြော်ထားပါတယ်။

ထောပတ် အနည်းငယ်ထဲမှာ၊ ဇီရာ၊ သစ်ဂျပွေးခေါက်၊ ဖာလာစေ့( အကြီးနဲ့ အသေး) ကရဝေးရွက်၊ လေး ညှင်းပွင့်တို့ကို ဆီသတ်ပါတယ်။ အရွက်နဲ့ အခေါက်တွေ ဆီသတ်ပြီးရင်၊ ကြက်သွန်နီပါးပါးလှီးထည့်ပြီး ဆက် ကြော်ပါတယ်။ ကြက်သွန်နီ နွမ်းလာရင်၊ ကြက်သွန်ဖြူ၊ ဂျင်းထောင်းထည့်၊ ကြက်သွန်အနှစ် နီဝါရောင် သန်း လာရင်၊ ဆနွင်း အနည်ငယ်ထည့်ပြီ၊ ဆန်ကို ရေဆေးပြီးထည့်ပါတယ်။ ဆားနဲ့ မဆလာမှုန့် ထည့်ပြီး ရေဆူ ထည့်ပြီ ဆက်တည်ထားပါတယ်။ ရေခမ်းတော့မယ်ဆိုရင်၊ ခါဂျယ်ဥ၊ ပဲစိမ်းလုံး၊ ကြက်ဥပြုပ်နဲ့ တိုဖူးကြော်တို့ ထည့်ပြီ နှပ်ထားလိုက်ပါတယ်။ ဒါဆိုရင် ရပါပြီ ကြက်ဥဒန်ပေါက်။

မှတ်ချက်။  ။ မဆလာနဲ့ အမွှေးအကြိုင်တွေကို လျော့ထည့်ပါမယ်။ အသားငါး မဟုတ်တဲ့ အတွက် အများကြီး မလိုပါဘူး။



ကြက်ဥ ဒန်ပေါက်

း)


တွဲပြီ စားဖြစ်တာတွေကတော့ နောက်မှ တ်တော့မယ်း)



ခင်မင်စွာဖြင့်
ဘေဘီ


Read more...

ငါးရံ့ခြောက်သုပ်

 Monday, April 23, 2012

ခုတလော ဓါတ်ပုံတွေ ရိုက်ထားပြီး ပျင်းတာရော မအားတာရော ပေါင်းလိုက်တော့ ပို့စ်တွေ မတက်ဘူး ဖြစ်သွားတယ်း) ချက်ထားတာလေးတွေ တပုံချင်းတင်သွားပါ့မယ်း)



ငါးရံ့ခြောက်သုပ်ပါ

ငါးရံ့ခြောက်ကို ရေဆေး မီးဖုတ်ပြီထု။ တစစီဖဲ့ထားတဲ့ ငါးရံ့ခြောက်ကို ကြက်သွန်နီနဲ့ ငရုပ်သီးစိမ်း ပါးပါး လှီးထည့်၊ သံပုရာသီးညှစ်၊ အချိုမှုန့် အနည်းငယ်ထည့်ပြီ သုပ်လိုက်ရင် ငါးရံ့ခြောက်သုပ် ရပါပြီ။



ဓါတ်ပုံက ဖုန်းနဲ့ ရိုက်ထားလို့ သိပ်မကြည်ဘူးး)



ငါးရံ့ခြောက်ဖုတ် ဆီဆမ်းထားတာပါ။


နောက်နေ့ ဆက်တင်ပါ့မယ်။


ခင်မင်စွာဖြင့်
ဘေဘီ

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP