Lorem Ipsum

Showing posts with label ကြက်သားဟင်း. Show all posts
Showing posts with label ကြက်သားဟင်း. Show all posts

ကြက်ဆီထမင်းနဲ့ ကြက်သားဟင်း

 Monday, May 23, 2011


ခုတလော ဟင်းတွေချက်ပြီ ပုံတွေစုထားတယ်။ ပျင်း နေတာလား?စိတ်လေ နေတာလား?စိတ်ပျက် နေတာလား? စိတ်ဓာတ် ကျနေတာလား? ဘာမှန်းကို မသိဘူး။ တခါ တခါလောကကြီးနဲ့ ကိုယ့်ကျန်းမာရေး ကို အရမ်းစိတ်ပျက်မိတယ်။ အသက်က 30ကျော်ရှိနေပြီ ဘာတည်ငြိမ်မှုမှ မရသေးဘူး။ တခုခုဆို အဆိုးဆုံး အထိတွေးပြီး သောကဖြစ်နေတတ်တယ်။  ခွဲစိတ်ရမှာ သေချာပေမဲ့ ဘယ်တော့ဆိုတာတော့ မသိသေးပါ ဘူး။ ခုလို ဂရုတစိုက် ဆုတောင်းပေးကြတဲ့ မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကြက်သားဝယ်လာတာ အဆီတွေနဲ့အရေခွံတွေ များနေလို့ ကြက်ဆီထမင်း ချက်ကျွေးမယ်လုပ်တော့ ဖြူဖတ်ဖတ်ကြက်သားတော့ မစားချင်ဘူးနော်တဲ့။ ဒါနဲ့ ကြက်ဆီနဲ့လှော်ထားတဲ့ဆန်ကို ပဲလုံးထည့်ပြီး ချက်လိုက်တယ်။

ကြက်ဆီတွေကိုဆီနဲနဲနဲ့ ကြော်ပြီဆီထုတ်ပါတယ်။ ဆီထွက်လာရင် ကြက်အရေခွံနဲ့ အဆီဖတ်တွေဖယ် ထုတ်လိုက်ပြီ ကျန်တဲ့ဆီမှာ နာနတ်ပွင့် တပွင့်ထည့်၊ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်၊ နံနံပင်အမြစ်ထုထည့်၊ ဆန်ကိုရေဆေးပြီး ထည့်လှော်ပါတယ်။ ဆန်အရောင်လေးနဲနဲဝါလာရင်၊ ပဲငံပြာရည်အနှောက်ထည့်၊ ပဲလုံးထည့်ပြီး  ထမင်းပေါင်းအိုးထဲထည့် ရေဆူ အနေတော်ထည့်ပြီး ချက်လိုက်ပါတယ်။ ဒါနဲ့ တွဲစားဖို့က ကြက်သားကို အစပ်ဆီပြန်ချက်ထားပါတယ်။



                                           ပဲလုံးပါတဲ့ ကြက်ဆီထမင်းပေါ့ :)





ကြက်ပေါင်သားကို ကြက်သွန်နီ/ဖြူ၊ ဂျင်း၊ ငရုတ်သီးအခြောက်၊ စပါးလင်ကို ညှက်အောင်ထောင်း ဆီသတ် ပါတယ်။ ကြက်သွန် အရောင်လှလာရင် အရောင်တင်နဲ့ ဆနွင်းမှုန့် နဲနဲထည့်၊ ကြက်သားထည့်၊ ဆားနဲ့အချိုမှုန့် တခါတည်းထည့်ပြီး ဆီပြန်လာချက်ပါတယ်။ ဆီပြန်လာမှ မဆလာအုပ်ပါတယ်။







သခွါးသီးနဲ့ ကြက်သွန်နီကို ပါးပါးလှီးပြီး ဗီနီကာနဲ့ စိမ်ထားပါတယ်။ ပြီးမှ ဆယ်ပြီ ငရုတ်သီးစိမ်း၊ ဆားအချိုမှုန့် ထည့်သုပ်ထားတယ်။ နံနံပင် ကုန်နေလို့ မထည့်လိုက်ရဘူး။





ဘလာချောင်ကြော်ပါ။ ဟိုတခါကြော်ထားတာ။ ဒီပုံကလည်း ပလာတာစားထားတုန်းက ရိုက်ထားတာ :)




ကြက်သွန်ဖြူ သနပ်ပါ။ အိန္ဒိယဆိုင်က ၀ယ်လာတာပါ။ စားလို့ ကောင်းတယ် ကြိုက်တယ်။ ကုလားပဲခြမ်းနဲ့ ရောချက်တာ စားလို့ ကောင်းမှကောင်း။

ပုံတွေ ကြီးလို့ မမြင်ရဘူးပြော ကြလို့ပါ။ နဲနဲလျော့လိုက်တယ် သည်းခံပါ :)


ခင်မင်စွာဖြင့်
Baby taster

Read more...

တိုဟူးသုပ်၊ ကြက်သားဟင်းနဲ့ အစိမ်းကြော်

 Monday, January 31, 2011



တိုဖူးသုပ်၊ ရှောက်ရွက်ရှိနေလို့ သုပ်လိုက်တာပါ။






ဒီတခါ ကြက်သားကို နံနံပင်များများနဲ့ ကုလားချက်ချက်တယ်။ ပထမဆုံး ကြက်သားကို ဆားနနွင်း နယ်ထားလိုက်တယ်။ ဆီနဲနဲမှာ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း နုပ်နုပ်စဉ်းထည့်၊ ကြက်သွန် နီဝါရောင်သန်းလာရင်၊ ကြက်သားထည့်ကြော်၊ ကြက်သားနီဝါရောင် ရလာရင် နံနံပင် ခပ်များများကို ရိတ်ရိတ်လှီးထည့်၊ ဆား၊ အချိုမှုန့်နဲ့ မဆလာ( နံနံစေ့အမှုန့် ခပ်များများ) ထည့်ပြီး ရေဆူနဲနဲထည့်တည်ထား။ ကြက်သားနူးလာရင် ရပါပြီ။




ဂေါ်ပီထုပ်ကို အရွယ်တော်ဖြတ်ပြီး၊ ရေဆူဆူမှာ ဆီတဇွန်းထည့်ပြုပ်ပါတယ်။ ဆီနဲနဲထည့် ကြက်သွန်ဖြူဆီ သတ်၊ ငါးဆုပ်ထည့်၊ ဂေါ်ပီထုပ်၊ ခရုဆီ၊ ကြက်သားမှုန့်ထည့်ပြီး တိုဖူးကြော်ထားတာနဲ့ တရုတ်နံနံထည့်ရင်  နောက်ဆုံးထည့်ရင်ရပါပြီ။




ခင်မင်စွာဖြင့်
Baby taster


Read more...

ကြက်သားချဉ်

 Monday, January 17, 2011


ငါးချဉ်၊ ပုဇွန်ချဉ်၊ ၀က်သားချဉ်ပဲ ကြားဖူးကြတယ်မှလား။ အခုကြက်သားချဉ်တဲ့ :) ဗီယက်နမ် သူငယ်ချင်း တွေ ၀က်သားချဉ်လုပ်ပြီး အမြဲမေးကြတယ် စားမလားတဲ့ ကြည့်ရတာလည်း လှလှလေး ကြက်သွန်ဖြူနဲ့ ငရုတ်စိမ်းလေးလည်း အပေါ်မှာတင်လို့၊ ကြိမ်းထားလိုက်တယ် တရက်တော့ ကြက်သားနဲ့ လုပ်စားမယ်ပေါ့။ အခုတော့ လုပ်ဖြစ်သွားတယ်။ အစကတော့ အချဉ်တည်ရင် ဗီယက်နမ်က လာတဲ့ အမှုန့် ထည့်နေကျပါ။ ဟို နေ့က သွားဝယ်တော့ မရှိတာနဲ့ ဒီအထုတ်လေးနဲ့ပဲ လုပ်လိုက်တယ်။ တကယ်ဆိုရင်တော့ ချဉ်တာချင်းက တော့ အတူတူပါပဲ။ လုပ်နည်းပြောပါ့မယ်။

ပထမဆုံး ကြက်သား၊ ၀က်သား၊ အမဲသား ကြိုက်ရာကို သုံးပါ။ အကြေဖြစ်ရပါ့မယ်။ အသားတပေါင်ကို အချဉ်မှုန့် တထုတ် ( ကြက်သွန်မိတ်၊ ငရုတ်စိမ်း၊ ဆားနဲ့ အချိုမှုန့်ကြိုက်ရင်ထည့်ပါ )ထည့်ပြီးနယ်ပါ။ ပြီးရင် ဗန်းတခုထဲမှာ နယ်ထားတဲ့ အသားတွေကို ထည့်ပြီး အပေါ်မျက်နှာပြင်ညီအောင်ညှိ၊ လိုချင်တဲ့ အတုံးအရွယ်ဓါးနဲ့ရာပြီး အပေါ်ကနေ ငရုတ်စိမ်း စောင်းစောင်း လှီးထားတာတခုနဲ့ ကြက်သွန်ဖြူတခြမ်းတင် ပလပ်စတစ် အပျော့ လေးနဲ့ ဗန်းကို ပတ်လိုက်ပြီး ရေခဲသေတ္တာမှာ ထည့်ထားလိုက်ပါ။ နောက်နေ့ဆို ချဉ်နေပါပြီ။ ဒါကို ဒီတိုင်း စားကြသလို၊ ကြော်ပြီးလည်း ငရုတ်စိမ်းနဲ့ စားတတ်ကြပါတယ်။



ဒီအထုတ်နဲ့ လုပ်ထားတာပါ။












ကဲဒါလေးတွေကတော့ ကြော်ထားတာပါ စိတ်ရှိ လက်ရှိသာ ပုံတွေ တင်ထားပါတယ်။



ခင်မင်စွာဖြင့်
Baby taster


Read more...

ကြက်သား မီဆိုကြော်ချက်

 Sunday, December 19, 2010









ကြက်သား မီဆိုကြော်လေးပါ။ လူတွေကတော့ ပြောကြတော့မယ်ထင်ပါရဲ့ ၊တခါလာလည်း မီဆိုနှစ်ခါ လည်းမီဆို၊ တကယ်ကြိုက်လို့ပါ :)

ကြက်သားကို ရေဆေးပြီး လိုချင်သလောက်အရွယ် တုံးထားပါ့မယ်။ ဆီအိုးတည်၊ ဆီပူလာရင် ကြက်သွန်နီ/ ဖြူ၊ ဂျင်း၊ ငရုတ်ခြောက်နဲ့ စပါးလင်ထောင်းပြီး ဆီသတ်၊ မီဆို တဇွန်းထည့်၊ အချိုမှုန့် အနည်းငယ်ထည့်၊ အနှစ်ရလာရင် ကြက်သားထည့်ပြီး ကြက်သား အပေါ်ရေခွံတွေ တင်းလာအောင် ၅မိနစ်လောက်ကြော်၊ ပြီးမှ ရေဆူ နဲနဲထည့်ပြီး အဖုံးအုပ်ထား။ ၁၀မိနစ်လောက်ဆို ကြက်သား ကြော်ချက်လေးရပါပြီ။ ငံပြာရည် မထည့်ပါ။



ခင်မင်စွာဖြင့်
Baby taster

Read more...

ကြက်သားနဲ့ ခ၀ဲသီး

 Sunday, December 05, 2010





ဟင်းတွေကလည်း ကြက်သားတွေ ထပ်နေတယ်။ တနေ့ တမျိုး မရိုးအောင် စားနေရတော့ ကြာရင်ပျင်း လာပြီနော်။ ခ၀ဲသီးရလာလို့ ခ၀ဲသီးနဲ့ ကြက်သားကို ထိုင်းဟင်အနှစ် Red Curry Paste နဲ့ချက်ထားပါတယ်။
ကြက်သားနဲ့ အာလူး အတိုင်းချက်ထားပြီး အုန်းနို့တော့ မပါပါဘူး။ အလွယ်နည်းတွေ စားဖြစ်နေပါတယ်။

ခင်မင်စွာဖြင့်
Baby taster

Read more...

ကြက်သားနဲ့ အာလူးဟင်း

 Saturday, December 04, 2010

 ကြက်သားကို တမျိုးတည်း ချက်စားရတာ ပျင်းလာတာနဲ့ ယိုးဒယားဟင်းတွေ ချက်စားရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ အိမ်ရှေ့က ဆိုင်ပြေးပြီး ထိုင်းဟင်းချက်တဲ့ မဆလာတွေဝယ်လာတယ်။ အုန်းနို့နဲ့ ပင်စိမ်း ရွက်ပါ ၀ယ်လာခဲ့တယ်။

ကြက်သားနဲ့အာလူး ချက်ဖြစ်ပါတယ်။ ပထမဆုံး ကြက်သားကို အရွယ်တော်တုံးထား။ အာလူး ကိုအခွံနွါပြီး ရေစိမ်ထား။ ဒယ်အိုးတည် ဆီအနည်းငယ်ထည့် ထိုင်းဟင်း မဆလာအနှစ်ကို ၂ဇွန်း (ထမင်းစားဇွန်း) ကိုရေအနည်းငယ် ဖျော်ပြီးထည့်၊ အုန်းနို့နည်းနည်းဆီ ထည့်ချက်၊ အုန်းနို့ခမ်း သွားရင်၊ ဆီထွက်လာပါလိမ့်မယ်။ တုံးထားတဲ့ ကြက်သားထည့်၊ ၅မိနစ်လောက်ကြာရင် အာလူးထည့်၊ အုန်းနို့နဲ့ ငံပြာ ရည်ထည့်၊ ရေဆူနဲနဲ ထည့်ပြီးဆက်တည်ထား။ ၁၀ မိနစ်လောက်ကြာရင် Sweet Basil အရွက်ခြွေထည့် ရပါပြီ။

ဟင်းကိုမြည်းပြီးမှပဲ ဆားနဲ့ အချိုမှုန့် အပေါ့အငံ လိုတာထပ်ထည့်ပါ။ ဟင်းနှစ်ထဲမှာ အငံတွေပါနေလို့ပါ။

Sweet Basil ရွက် မထည့်ခင်ကပါ။











                                              Sweet Basil ထည့်ပြီးမှပါ။




ပုံတွေများသွားတာက ကျမကို ပုံတွေ အများကြီးတင်နော်လို့ တောင်ဆိုထားတဲ့ ညီမလေး တယောက်ရှိနေ လို့ပါ။ အရိုးသားဆုံး ၀န်ခံရရင် ကိုယ်လည်း ပုံသာမရိုက်တတ်တာပါ အများကြီးကို တင်ချင်ပါတယ်။


  
ခင်မင်စွာဖြင့်
Baby taster

Read more...

ကြက်သားနဲ့ ကိုက်လန်ကြော်

 Sunday, November 21, 2010




ကြက်သား အကြေသားနဲ့ ကိုက်လန် ရောကြော်ပါတယ် ။ သံလွင်ဆီ ထမင်းစားဇွန်း တဇွန်းထဲ ကြက်သွန်ဖြူ ဆီသတ်ပါတယ် ။ ကြက်သား အကြေသားထည့်ကြော် ငရုတ်သီးစိမ်း တတောင့်ထည့် ၊ခရုဆီ ပဲငံပြာရည် နဲ့ကြက်သားမှုန့် အနည်းငယ်ထည့် ၊ကိုက်လန်ရွက်ထည့် ၃ မိနစ်လောက် ဆိုရင်ရပါပြီ ။


ခင်မင်စွာဖြင့်
Baby taster

Read more...

ကြက်သားနဲ့ တိုဖူးလုံးကြော်ချက်

 Sunday, November 07, 2010




ခုတလော ဟင်းက ကိုယ်စားချင် နေတာတွေ စားလို့ မရဘူး ဖြစ်နေတော့ ၊တော်တော့ကို ခေါင်းစား ပါတယ်။သူ က အချဉ်နဲ့ အစပ်မပါရင် ထမင်း မစားတတ်ဘူး ။ကိုယ်လည်း တူတူပါပဲ ။ ဒါပေမဲ့ အဆီအစပ်တွေ ရှောင်ရမယ် ဆိုတော့ ကျန်းမာရေးက အဓိကပေမို့ ရှောင်ရပြန်ရော ။အချို သက်သက် ချက်စား နေမိတယ် လေနာတာ ၊အစာအိမ် အချဉ်ပေါက်သူတွေ အတွက် ဆေးနည်းလေးများ သိရင်ကောမဲန့်မှာ ပြောပြစေ ချင်ပါတယ် ။ 

စချက်ကြရအောင် ကြက်သား အကြေသားနဲ့ တိုဖူးကိုရေ ခြေလိုက်တယ် ။ ငရုတ်ကောင်း နည်းနည်း ဂျင်း နှုတ်နှုတ်ရှောက်ကော ပါကောမှုန့် နည်းနည်း ၊ ကော်မှုန့် လက်ဖက်ရည်ဇွန်းတဇွန်း ၊ ကြက်သားမှုန့် နည်းနည်း ၊ အချိုမှုန့် ၊ဆား ၊ ကြက်ဥတလုံး ဖောက်ပြီး နယ်ထားပါတယ် ။ ပြီးမှ ရေဆူထဲ အလုံးလေး တွေလုပ်ပြီး ပြုပ်၊ ကျက်ရင် ဆယ်ထား။

သံလွင်ဆီနဲ့ နှမ်းဆီကို ထမင်းစားဇွန်း တဇွန်းစာထည့် ပူလာရင် ကြက်သွန်ဖြူ ၊ဂျင်း ၊နှုတ်နှုတ် စဉ်းထည့် ၊ မုံလာဥနီ ၊တရုတ် နံနံအရိုး ၊ မှိုခြောက်ရေစိမ် ကိုပါးပါး လှီးထည့်ကြော် ၊ တရုတ်မဆလာ ၊ငရုပ်ကောင်းမှုန့် ၊ ပဲငံပြာရည် အကြည်/ အနှောက် ၊ ခရုဆီ ၊ ငရုတ်ဆီ အနည်းငယ် တို့ကို ရောမွှေပြီးထည့်၊ အသားလုံး ပြုပ်ရည် ထည့်ပြီး ခဏတည်ထား ၊မှို ကျက်လောက်ရင် ကော်မှုန့် လက်ဖက်ရည် တဇွန်း ရေအေးနဲ့ ဖျော်ထည့်ပြီး အသားလုံးတွေ ထည့်ပြီးမွှေ ၂မိနစ်လောက်ဆိုရပြီ ။ပူပူလေးမှ စားလို့ ကောင်းမယ်နော်။


ခင်မင်စွာဖြင့်
Baby taster


Read more...

Sesame Oil Chicken

 Wednesday, November 03, 2010




ကြက်သား အချိုချက်လေးပါ ။ ဒီလင့်ခ် ကကြည့်ပြီး ချက်ထား ပါတယ် ။ စားလို့ ကောင်းတယ် သူပြောသလို Chinese cooking wine (optional) –    Hua Diao Jiu (花雕酒) or Shao Xing Jiu (绍兴酒) မထည့်
တာက လွဲရင် သူ့နည်းလေး အတိုင်း ချက်ထားတယ် ။


ခင်မင်စွာဖြင့်
Baby taster

Read more...

ကြက်သားမဆလာချက်

 Friday, October 29, 2010

ကြက်သားကို ခြောက်ခြောက်လေး ချက်ထားတယ် ။ အသားတွေက အပျော့တွေကြီးပဲ ဆိုတော့ စားလို့ သိတ်မကောင်းဘူး ။ ဒါပေမဲ့ ကျမတို့ နေတဲ့ နေရာ မှာတော့ မြန်မာတွေ များလို့လား မသိဘူး ဆိတ်သား
အမဲသား ၊ဘဲငန်းသား ၊ ကြက်စင်သား ၊ ဆိတ်ကလီစာ ၊ ဘဲသားနဲ့ ငါးတွေပါ ရတတ်တယ် ။ ငါး ကလွဲရင်
ကျန်တာတော့ ဆိုင်မှာ လတ်လတ်ဆတ်ဆတ် ၀ယ်လို့ရတတ်သလို ငါးကိုတော့ နွေရာသီကြရင် မျှားပြီး
လာရောင်းကြတယ် ။ အခုဆို မြန်မာ ဆိုင်တွေကလည်း ၅ ဆိုင်လောက်ရှိတော့ ကြိုက်သလို လတ်လတ်
ဆတ်ဆတ် ရောက်ရင် ဖုန်းဆက်ပေးကြတော့ ပိုအဆင်ပြေပါတယ် ။ လိုရင်းက ဘယ်ရောက်ပါလိမ့်း)




ကြက်သားကို ကြိုက်သလို အရွယ်တုံးပြီး ဆား ၊ ဆနွင်း ၊ အရောင်တင် ၊ ကြက်သွန်ဖြူ ၊ ဂျင်း ထောင်းပြီး မ
ဆလာလေးပါ နည်းနည်းထည့်ပြီး နယ်ထား။ ဆီပူလာရင် ကရဝေးရွက်၂ရွက် နဲ့သစ်ဂျပွေးခေါက် တချောင်း
လက် တဆစ်စာလေးထည့် ၊ဆီသတ်။ ကြက်သွန်နီ ၂လုံးစာလောက် ပါးပါးလှီးထည့် ၊ဂျင်း နဲ့ ကြက်သွန်ဖြူ
ထောင်းထည့် အရောင်တင်လေး နည်းနည်း ထပ်ထည့် ၊ ကြက်သား ထည့်ပြီး ရေအနေတော် ထည့် ချက်။
ဆီပြန်လာရင် မဆလာ နည်းနည်းထည့်ပြီး အပေါ့ အငံမြည်းကြည့် ၊ ကြက်သားနူးလောက်ရင် ချလို့ရပါပြီ ။


ခင်မင်စွာဖြင့်
Baby taster

Read more...

ဖတ်ကဖောင် ကိုင်

 Thursday, October 28, 2010


ဟင်းနာမည် ဘယ်လိုခေါ်ရမယ် မသိလို့ ဖတ်ကဖောင်ကိုင်လို့ ပဲခေါ်လိုက်တယ် ။ သိသူများရှိရင် ပြောပြ ပေးကြပါ ။ ကျမ ယိုးဒယား သွားတုန်းက စားခဲ့တာပါ ။ သူတို့ ဟင်းတော်တော် များများကို ကျမကြိုက်တယ်။ စားလို့လည်း အရမ်းကောင်းပါတယ် ။ ဒီပင်စိမ်းရွက်နဲ့ ဟင်းအမျိုးမျိုး ချက်ကြတယ် ။တောဝက်သား နဲ့ ငရုတ်စိမ်း နိုင်နိုင်နဲ့ ကြော်ထားတာလည်း တွေ့ရတယ် ။ ကျမကတော့ ၀က်သားမစားတာ တော်တော် ကြာပြီဆိုတော့ ကြက်သားနဲ့ ငါးခူကို ခရမ်းကျွတ်သီး ရောချက်တာ စားတယ် ။ ကချိုင်ဆိုတာထိုင်းမုန့်တီ ဟင်းရည်မှာ ထည့်တယ်ပြောတာပဲ ။အနံ့က တမျိုးလေး ပဲမြစ်ဥလိုလို ဘာလိုလို ။ ချင်းနဲ့လည်း တူတယ်။ ပင်စိမ်းကတော့ အားလုံးသိကြမှာပါ ။ကျမတို့ စားနေကြ မဟုတ်ပါဘူး ။ အဲ့ဒါက မြန်မာပြည်မှာ ဟိန္ဒူဘာ သာ ၀င်တွေရဲ့ အိမ်ရှေ့ မှာ အထွက်မြတ်ထားပြီး စိုက်ကြတဲ့ အပင်ပါ။ ဘိုင်ကဖောင် လို့ခေါ်ပါတယ် ။

ကြော်နည်းကတော့ လွယ်လွယ်လေးပါ ။ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ထောင်းထားတာလေးနဲ့ ဆီသတ်ပြီး
ထည့်ချင်တဲ့ အသား ထည့်ကြော် ။ ငံပြာရည်နဲ့ အချိုမှုန့်ထည့် ရေနည်းနည်းထည့် ၊ကချိုင်းထည့် ၊ ကဖောင်
ရွက် (သို့) ပင်စိမ်းထည့် တမိနစ်လောက် ကြော်ပြီး ချလို့ရပါပြီ ။ ကြက်ဥ မကျက်တကျက်ကြော်နဲ့ ငရုတ်သီး
ငံပြာရည်စိမ်လေးနဲ့ အရမ်းလိုက်ဖက်ပါတယ် ။


                             
                               
ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP