Lorem Ipsum

Showing posts with label ယုန်သားဟင်း. Show all posts
Showing posts with label ယုန်သားဟင်း. Show all posts

ယုန်သားဆီပြန်၊ သစ်တိုသီးသုပ်နဲ့ မုန့်ညှင်းဟင်း

 Monday, February 07, 2011


သစ်တိုသီးကိုပါးပါးလှီးပြီး သံပုရာသီး တခြမ်းညစ်ပြီးနယ်ထားပါတယ်။ (သိပ်မချဉ်လို့ပါ) ပြီးမှ သစ်တိုသီး ထဲကို ကြက်သွန်နီ၊ ငရုတ်စိမ်းပါးပါးလှီးထည့်၊ ကြက်သွန်ဖြူဆီကျက်၊ ငံပြာရည်၊ အချိုမှုန့်၊ ပုဇွန်ခြောက် ထောင်း၊ ပဲမှုန့်အကျက်နဲ့၊ ငပိထောင်းတို့ ထည့်ပြီးသုပ်လိုက်တယ်။






သစ်တိုသီးသုပ် (စာလုံးပေါင်းမှားနိုင်ပါတယ်)




သစ်တိုသီး ပုလင်း




                                                           မုန့်ညှင်းနဲ့ပဲပုပ်ကြော်

မုန့်ညှင်းနဲ့ပဲပုတ်ကို အရည်သောက်လို့ ရအောင် ကြောက်ချက်လိုက်တယ်။
                                              







ယုန်သားတဲ့ တခါမှတော့ မစားဖူးဘူး။  ဒါနဲ့ အရေခွံစုတ်ပြီး အဆင်သင့် လုပ်ပြီးသား တကောင်ကို ၉ဒေါ်လာတဲ့။ လောဘကြောင့် ၂ကောင်ဝယ်တယ်း) တကောင်ကို ၁ကီလိုစာလောက် ရှိတယ်။ တကောင်ကို သိမ်းထားပြီး တကောင်ကိုတော့ ကြက်သားဟင်းလို ဆီပြန်လေးချက်လိုက်တယ်။ ငရုတ်သီးခြောက် ထောင်းထည့်လိုက်တော့ နဲနဲစပ်သွားတယ်။ ယုန်သားက နဲနဲမာပြီး အနံ့တမျိုးလေးထွက်နေတယ်။ အသားကြီးပဲများတယ်။ သူ့ဆီက ရတဲ့အနံ့လေးကြောင့် နောက်တော့ ၀ယ်စားဖြစ်တော့မယ် မထင်တော့ဘူးး) ကျန်တဲ့တကောင်ကိုတော့ ကင်ကြည့်မယ် စိတ်ကူးထားတယ်။ ဒီတကောင်ပုံကိုတော့ မရိုက်လိုက်ရဘူး။ ကင်တဲ့အချိန်မှ တကောင်လုံး ပုံရိုက်ပြမယ်နော်း)





ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP