Lorem Ipsum

သီးစုံချဉ်ရည်ဟင်း၊ ပဲပုပ်အစပ်ကြော်နဲ့ ကိုက်လန်နဲ့မှိုကြော်

 Wednesday, March 30, 2011

သီးစုံချဉ်ရည်ဟင်း ချက်လိုက်တယ်။ ငါးမရှိလို့ ငါးသေတ္တာနဲ့ ရောချက်တယ်။ ကြက်သွန်နီဖြူ၊ ဂျင်း၊ ငရုတ်သီးခြောက်တို့ကို ရောကြိတ်ပြီး ဆီသတ်၊ ကြက်သွန်နီဝါရောင်လေး သန်းလာရင် ဆနွင်းနဲ့ အရောင် တင် နဲနဲထည့်၊ ခရမ်ချဉ်သီး ပါးပါးလှီးထည့်၊ ငံပြာရည်နဲ့ အချိုမှုန့် တခါတည်းထည့်ပြီး အဖုံးခဏအုပ် လိုက်ပါတယ်။ ပြီးမှ ဗူးသီး၊ မုံလာဥနီ၊ ပဲတောင့်ရှည်၊ ခ၀ဲသီး၊ ခရမ်းသီး၊ ရုံးပတေသီးတို့ကိုထည့်၊ အဖုံးခဏ အုပ်ထား၊ အသီးအနှံနူးသွားရင် ငါးသေတ္တာဖောက်ထည့်၊ မန်ကျည်းမှည့် ရေဖျော်ထည့်ပြီ ဆက်ချက်လိုက် တယ်။ အသာရနဲ့ အရည်လိုချင်သလောက်ထည့်ပြီး နံနံပင်အုပ်လိုက်တယ်။



ကိုက်လန်နဲ့ မှိုကို ကြက်သွန်ဖြူနဲ့ ခရုဆီထည့်ကြော်ပါတယ်။




ဒါကတော့ ပဲငါပိပါ။ အမှန်ဆို မြန်မာ ပဲငပိထက် ကချင်ပဲငပိ၊ ရှမ်းပဲငပိပိုကြိုက်တယ်။ အစေ့သေး သေး လေးတွေ စီးနေတာပဲ။ ပဲပုပ်စီးအောင် ပြာထည့်တယ်လို့ ငယ်ငယ်က ကြားဖူးတာပဲ ဟုတ်မဟုတ်တော့ မသိပါဘူး။ ဒီပဲပုပ်ကတော့ မြန်မာပဲငပိတဲ့ သူတို့က ကြေအောင်ချေကြပေမယ့် ကိုယ့်တွက်ကတော့ မချေပေးနဲ့လို့ ပြောထားလိုက်တယ်။ တပေါင်တန်တထုတ်ကို ၅ဒေါ်လာပေးရတယ်။ မတန်ဘူးထင်ရပေမယ်
ကိုယ်မှမလုပ်တတ်တာနော်။




ကြက်သွန်နီ၊ ဖြူပါးပါးလှီးပြီးဆီသတ်၊ အရောင်တင်မှုန့်ထည့်၊ ပဲပုပ်ထည့်၊ အချိုမှုန့်ထည့်၊ အငန်လိုရင် ငံပြာရည်ထည့်( ကိုယ်ကတော့မထည့်ဘူး) ရေနဲနဲဖျန်းပြီး အဖုံးအုပ်ထားတယ်။ ပဲပုပ်ရမှ ငရုတ်သီးစိမ်းအုပ် ရပါပြီ။ (နံနံပင်နှင့် ခရမ်းချဉ်သီး ထည့်ချက်ရင်လည်း ကောင်းပါတယ်) ဒီလိုလေးပဲ စားချင်လို့ ကြော်လိုက် တာပါ။




ခင်မင်စွာဖြင့်
Baby taster


Read more...

ယုန်သားမွှကြော်နဲ့ ပဲသီးသုပ်( ပဲတောင့်ရှည်သုပ်)

 Monday, March 28, 2011

ပဲတောင့်ရှည် အချိုသုပ်ပေါ့။ တကယ်တော့ ချဥ၊်ငံ၊စပ် သုပ်စားချင်တာပါ။ စားလို့ မရတာနဲ့ အချိုသုပ်ပေါ့။ ပဲတောင့်ကို ၁လက်မ အရွယ်ဖြတ်ပြီး ရေဆေးထာလိုက်တယ်။ ရေဆူပွက်လာရင် သကြားနဲနဲထည့်ပြီး ပြုပ်လိုက်တယ်။ ပဲသီးရရင် ရေအေးစိမ်ထားပြီး၊ ကြက်သွန်နီပါးပါးလှီး ရေဆေးပြီး အရည်ညှစ်ထုတ် လိုက် တယ်။(ပူစပ်နေမှာစိုးလို့ပါ) ပဲသီးကို ရေညှစ်၊ ကြက်သွန်နီ၊ မြေပဲထောင်၊ ပုဇွန်ခြောက်ထောင်း၊ ကြက်သွန်ဖြူ ဆီကျက်၊ ငန်ပြာရည်၊ အချိုမှုန့်နဲ့ နှမ်းလှော်ထည့်ပြီး နယ်လိုက်တော့ ပဲသီအချိုသုပ်ပေါ့။



ဟိုတခါ ၀ယ်ထားတဲ့ ယုန်သားပေါ့။ တကောင်ကျန်နေတာ ဟင်းချက်တာကို ကျေးဇူးရှင်က မကြိုက်ဘူးတဲ့။ ဒီတခါတော့ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆနွင်း၊ ငန်ပြာရည်နယ်ပြီး ပြုပ်လိုက်တယ်။ ပြီးမှ အမျှင်လေးတွေ ထွင်ပြီး ကြက်သွန်နီနဲ့ ဖြူ များများဆီသတ်၊ ယုန်သားထည့် ငံပြာရည်နဲနဲထည့်ပြီး ကြော်ပေးလိုက်တယ်။ အရမ်းကောင်းဆိုပဲ။






စိမ်းစားငပိထောင်းပေါ့။ ကြက်သွန်နီ၊ ဖြူ၊ ငရုတ်စိမ်း အားလုံးကို ပြုပ်ပြီး လှော်လိုက်တယ်။ စိမ်းစားငပိနဲ့ မန်ကျည်းသီးမှည့်ကို မီးကင်ပြီး ရောထောင်းလိုက်တာ၊ အချိုမှုန့် နဲနဲထည့် ချဉ်၊ ငံ၊ စပ်လေးပေါ့။





ချဉ်ပေါင်နဲ့ မုန်လာဥဖြူကို ပုဇွန်ခြောက်မှုန့် စိမ်းစားငပိနဲ့ ဟင်းချိုလုပ်တယ်။



ဒါကတော့ ကိုယ်စားတဲ့ ကြက်သားနဲ့ မုန်လာဥဖြူ ဟင်းချိုပါ။ ကြက်သားကို ဂျင်းပါးပါးလွှာထည့်ပြီး ၅မိနစ် လောက်ပြုပ်လိုက်တယ်။ သွေးအညှီတွေ ထွက်လာတော့မှ ရေဆေးချ။ ရေဆူထပ်တည်ပြီး ကြက်သား ထည့်၊ အချိုမှုန့်နဲ့ဆား ထည့်ပြုပ်ထားပေါ့။ နောက်မှ မုန်လာဥထည့် အသားနဲ့မုန်လာဥနူးလာရင် ကြက် သွန်ဖြူထောင်းထည့်၊ ငရုတ်ကောင်းအဖြူမှုန့်နဲ့ ကြက်သွန်မြိတ်ထည့်လိုက်တယ်။ (တခါတလေတော့ ပဒက်စာထည့်ပြုပ်တယ်)








ခင်မင်စွာဖြင့်
Baby taster

Read more...

အလွမ်းပြေ မေမေ့ဟင်းများ

 Sunday, March 27, 2011

ဒီဟင်းတွေကို ကိုယ်ငယ်ငယ်က မရိုးတမ်း စားခဲ့ရတာပေါ့။ အခုချိန်မှာ မေမေ့ရဲ့လက်ရာ ဒီလိုဟင်းတွေ အရမ်းစားချင်တယ်။ တနေနေ့ပေါ့ မြန်မာပြည်ကို ပြန်ခွင့်ရလာခဲ့ရင်ပေါ့လေ။ ကိုယ့်မေမေရဲ့လက်ရာ မမှီိပေမဲ့ အတတ်နိုင်ဆုံး တူအောင် ချက်စားဖြစ်တယ်။ မေမေနဲ့မိသားစုကို ခွဲးပြီးတိုင်းတပါးမှာ နေလာခဲ့ရတဲ့ သက်တမ်းတလျှောက် မိသားစု ထမင်းဝိုင်းလေးကို အရမ်းတမ်းတမိတာပဲ။ ဒီလိုဟင်းတွေ ချက်စားရင် မေမေ့ကို အရမ်း အရမ်း လွမ်းတာပဲ။

ငါးရံ့ကို အကြေးထိုး ဗိုက်ဖောက် ရေသေချာဆေးပြီး ငန်ပြာရည်၊ အချိုမှုန့်၊ ဆနွင်းနယ်ပြီး ကြော်လိုက် တယ်။ ကြက်သွန်နီ/ဖြူ၊ ဂျင်း၊ ငရုတ်သီး အခြောက်တောင့်တွေကို ညှက်နေအောင်ထောင်းပြီး ဆီသတ်၊ ခရမ်းချဉ်သီး ပါးပါးလှီးထည့်၊ အရောင်တင်နဲနဲထည့်၊ ငန်ပြာရည်နဲ့ အချိုမှုန့်နဲနဲထည့်ပြီ အဖုံးအုပ်ထား လိုက်တယ်။ ခရမ်းချဉ်သီး နူးပြီးကြေမှ ငါးရံ့ကြော်ထည့် ရေနဲနဲဖျန်းပေးပြီး မီးနဲနဲနဲ့ နှပ်ထားတယ်။ ရေ ၃ခါ လောက်ဖျန်းပေးပြီး နှပ်လိုက်တယ်။ ငါးရံ့ကြော်နှပ် ရပါပြီ။



ငါးရံ့ကြော်နှပ်


မကြော်ခင်


ကြော်ပြီး


ပဲရေပွနဲ့ ပဲပုပ်ပဲ ရောနှပ်လိုက်တယ် (၂မျိုးလုံးက နဲနဲစီကျန်နေလို့ပါ) ကြက်သွန်နီ/ဖြူ ဆီသတ်၊ ပြုပ်ထားပြီး သား (အမှန်တော့ ပေါင်းအိုးနဲ့ပေါင်းထားတာပါ) ပဲတွေထည့်၊ ငန်ပြာရည်နဲ့ အချိုမှုန့်နဲနဲထည့်ပြီး ပြန်နှပ်လိုက် တယ်။



မန်ကျည်းရွက်နဲ့ မန်ကျည်းသီးစိမ်း ရေားပြီ ငပိကျက်လေးချက်တယ်။ မန်ကျည်းရွက်ကတော့ ပုလင်းက  ဖြစ်ပြီး မန်ကျည်းစိမ်းကတော့ အစိမ်းဝယ်လို့ရတာနဲ့ ရောချက်လိုက်တာ။

ပထမဆုံး ပုဇွန်ခြောက်ကိုရေစိမ် မညှက်တညှက်လေးထောင်းထား၊ ကြက်သွန်နီ ပါးပါးလှီးထား၊ ကြက်သွန် ဖြူနဲ့ ငရုတ်ခြောက်ထောင်းထား။ မန်ကျည်းသီးစိမ်းကို ဆားနဲ့ပွတ်ပြီးရေဆေး ထောင်းထား။( ဆားနဲနဲထည့် ထောင်း မန်ကျည်းသီးထောင်းတွေ အရောင်မပျက်အောင်) မန်ကျည်းရွက်ကို ရေစစ်ပြီး အရိုးတံလေးတွေ ဖယ်ထား။ ကြက်သွန်နီဆီသတ်၊ ကြက်သွန်အရောင်လှလာရင် ထောင်းထားတဲ့ ငရုတ်နဲ့ ကြက်သွန်ဖြူထည့်၊ ဆနွင်း(ပါရုံ) အရောင်တင်ထည့်၊ ကြက်သွန်နံ့မွှေးလာရင် ပုဇွန်ခြောက်ထောင်းထည့်၊ ပုဇွန်ခြောက်ရရင်၊ စိမ်းစားငပိ အရည်ဖျော်ထည့်ပြီ ငပိနံ့ပျောက်ရင် မန်ကျည်းသီးစိမ်းထောင်းထည့်၊ ငန်ပြာရည် အချိုမှုန့်ထည့်၊ ဆီပြန်လာရင် မန်ကျည်းရွက်တွေထည့်၊ ဟင်းအိုးချခါနီးမှ ငရုတ်သီးစိမ်းအုပ်ပြီး အိုးဖုံးထားရင် ချဉ်ငန်စပ် မကျည်းသီး ငပိချက် ရပြီပေါ့။



 ပဲနီလေးဟင်းချို

ပဲနီလေးကို အရင်လှော်ပြီး ရေစိမ်ထားပါတယ်။ ကြက်သွန်နီဖြူ ထောင်းပြီးဆီသတ်၊ ရေစိမ်ထားတဲ့ ပဲထည့်၊ အရောင်လှချင် အရောင်တင်ထည့်၊ ဆားထည့်ပြီး ပြုပ်လိုက်တယ်။ ပဲနူးရင် ဂျင်းနဲနဲးထောင်းထည့်၊ ရေဆူလို သလောက်ထည့်ပြီ ပြုပ်ထားလိုက်တယ်။

ဒီဟင်းမျိုးကို  ပဲလိပ်ပြာနဲ့ဆူးပုပ်၊ ပဲလိပ်ပြာနဲ့ ဗူးညွှန့်၊ ပဲလိပ်ပြာနဲ့ ဂွေးတောက်ရွက် ဟင်းချိုတွေနဲ့ မေမေ ချက်ကျွေးနေကျပါ။ အခုတော့ ပဲလိပ်ပြာနှပ်ထားတာ ကုန်နေတာနဲ့ ပဲနီလေး ဟင်းချိုနဲ့ တွဲစားကြပါတယ်။



ခင်မင်စွာဖြင့်
Baby taster





Read more...

ပုန်းရည်ကြီး ထမင်းသုပ်

 Saturday, March 26, 2011

အားလုံပဲ မင်္ဂလာပါ ..... ပုံတွေ မတင်ဖြစ်ပေမယ့် ဟင်းတွေတော့ ချက်ဖြစ်ပါတယ်။ ခရီးက ပြန်ရောက် တော့ အိမ်မှာစားစရာမရှိတာဘူး။ ကိုယ်ကဘာစားစားရပေမယ့် ကျေးဇူးရှင်ကမရပြန်ဘူး။ ရေခဲသေတ္တာ ဖွင့်တော့ စလပ်ရွက်ကလေး ၅ရွက်နဲ့ တိုဖူး တဖြတ်၊ ဆူရှီလုပ်စားတုန်းက ဂဏန်းချောင်း ၃ချောင်း၊ ကြက်ဥ ပဲတွေ့တယ်။ တခြားတဖက်က တံခါးဖွင့်တော့ အလွယ်ကူဆုံး ရေခဲပျော်လွယ်တာ ဘာတခုမှ မတွေ့ဘူး။ စဉ်းစားမနေဘူး ထမင်းအိုးတည်လိုက်တယ်။ ကြက်ဥကြော်ပေးမယ် စဉ်းစားခါမှ ပုန်ရည်ကြီးတထုပ် တွေ့တယ်။ ပုန်ရည်ကြီး ထမင်းသုပ်ပြီး ကြက်ဥကြော်၊ ဂဏန်း၊ စလပ်ရွက်နဲ့တိုဖူးရောပြီး ဟင်းချိုလုပ် လိုက်တယ်။ 



ထမင်းပူပူမှာ ပုန်းရည်ကြီးသုပ်၊ ပုဇွန်ခြောက်၊ ငံပြာရည်နဲ့ သံပုရာသီညစ်ပြီး ရောနယ်ထားတာပါ။ ကြက်ဥနဲ့ ကြက်သွန်မြိတ်များများကို ရောကြော်လိုက်တယ်။





ရေပွက်ပွက်ဆူထဲကို ကြက်သွန်ဖြူ ဓါးပြာရိုက်ထည့်၊ ကြက်သားမှုန့်ထည့်၊ တိုဖူးနဲ့ ဂဏန်းသားမျှင်ထည့်၊ စလပ်ရွက် ပါးပါးလှီးထည့်ပြီး ငရုတ်ကောင်းအဖြူမှုန့် ခပ်လိုက်ရင် ဟင်းချိုပူပူလေးပါရပါပြီ။





ဒါက ပုန်းရည်ကြီးသုပ်ပါ။ တံဆိတ်တော့ မမှတ်မိတော့ဘူး။ ကောင်းတယ်ပြောတာပဲ။ သုပ်နည်းက အရင်က လည်ရေးဖူးပါတယ်။ ဒီတခါတော့ မြန်မာပြည်က ပို့ထားတဲ့ပုဇွန်ခြောက် ထည့်တယ်။ ဒီကပုဇွန်ခြောက်က လှပေမယ့် မြန်မာပြည်ကလောက် မချိုဘူးလားလို့ ထင်မိတယ်။



ခင်မင်စွာဖြင့်
Baby taster



Read more...

သီးစုံထောပတ်ထမင်း

 Sunday, March 13, 2011


သီးစုံထောပတ်ထမင်း ချက်စားတားတာပါ။ သီးစုံတထုတ် ၀ယ်ထားတာနဲ့ ထောပတ်ထမင်း ချက်ကျွေးမယ် စိတ်ကူးရတယ်။ ပထမဆုံး ဆန်ကိုရေဆေးပြီး ထောပတ်နဲ့ လှော်လိုက်တယ်။ ပြီးမှ ဆားနဲ့ သကြားနဲနဲထည့် ရေဆူထည့်ပါတယ်။ ထမင်းရေခန်းတော့မယ်ဆိုမှ သီးစုံထည့်ပြီး နှပ်ထားလိုက်ပါတယ်။





ထောပတ် ထမင်းနဲ့စားဖို့ ဆိတ်သားဟင်း (Mutton Korma ) ချက်ပါတယ်။ Korma ဆိုတာ ပါကစ္စတန်နိုင်ငံရဲ့ အစ်နေ့မှာ မပါမဖြစ်တဲ့ ဟင်းတမျိုးဖြစ်ပါတယ်။ ပထမဆုံး ဆိတ်သားကို အရွယ်တော် တုံးထားပါတယ်။ ပြီးမှ ကြက်သွန်နီ ပါးပါးလှီးပြီး ကြော်ပါတယ်။ ကြက်သွန်နီကြွပ်ရွလာရင် တ၀က်ဖယ်ထား ပြီးဆိတ်သားတွေကို ထည့်ကြော်ပါတယ်။ ဆိတ်သားကြော် အရောင်လေးလှလာရင် ဂျင်းနဲ့ ကြက်သွန်ဖြူ ထောင်းထည့်၊  Kormaမဆလာ တထုတ်ထည့်၊ နို့ချဉ် လ္ဖက်ရည်ကြမ်း ၂ပန်ကန်လုံးထည့်၊ ဆားနဲ့ အချိုမှုန့် အနည်းငယ်ထည့်၊ ရေဆူ အသားမြုပ်အောင်ထည့်ပြီး အသားနူးတဲ့ အထိချက်ပါတယ်။ နောက်ဆုံးမှ ကြက်သွန်ကြော်တ၀က်ကို ခြေပြီးထည့်ပါတယ်။ ဒါဆိုရင် ဆိတ်သားဟင်းရပါပြီ။





ကီဝီသီး ၀ယ်လာတာ ကိုယ်က အချဉ်စားလို့ မရတာနဲ့ မထူးပါဘူး သုပ်ကျွေးလိုက်မှ လို့ စိတ်ကူးရပါတယ်။ ဒါနဲ့ ကီဝီသီးသုပ် ဖြစ်လာပါတယ်။ ကီဝီသီးကို အခွံခွါ ရေဆေး ပါးပါးလှီး၊ ကြက်သွန်နီ၊ ငရုတ်စိမ်း၊ နံနံပင်တို့ ကို ပါးပါးလှီးထည့်၊ ပဲမှုန့်၊ အချိုမှုန့်၊ ပုဇွန်ခြောက်မှုန့်ထည့်၊ ပုဇွန်ခြောက် ငါးပိထောင်းနဲနဲ၊ ငံပြာရည်၊ ကြက် သွန်ဖြူ ဆီကျက်ထည့်ပြီး နယ်လိုက်ပါတယ်။ ကီဝီသီးသုပ် ရပါပြီ။





ငါးသလဲထိုး သေးသေးလေးတွေကို ဆား၊ ဆနွင်းနယ်ပြီး ဆီများများနဲ့ ကြော်ပါတယ်။ ကြွပ်ရွလာရင် ဆီ စစ်ထားပြီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်၊ ငရုတ်ခြောက်( ဆီနဲ့ကြော်ပြီး ထောင်းထားတာပါ) ထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး ငါးကြော်လေးတွေ ထည့်ရော လိုက်ပါတယ်။ ငါးကြော်စပ်စပ်လေးပေါ့။





ဒါက စလပ်ရွက် ကျန်တာလေး အပြီးသတ်ချင်လို့ ပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီး၊ နှမ်းလှော်နဲ့ နှမ်းဆီထည့် ငံပြာရည်ထည့်ပြီး ကိုယ်တိုင်စားရတာပေါ့။ (တခြားတွေ ကြည့်ပြီး မစားရတော့ ဒါလေးနဲ့ တင်းတိမ်ရတာပေါ့း( )





ဒါက သတ်သတ်လွတ် Hot Dog ကို မုံညှင်းရွက်နဲ့ ဟင်းချိုလုပ်ပြီး ကိုယ်တိုင်စားပါတယ်။ ဂျင်းပါးပါးလွှာ၊ ကြက်သွန်ဖြူ ဓါးပြာရိုက်၊ ပုဇွန်ခြောက် နဲနဲ၊ ကြက်သားမှုန့်နဲနဲ ထည့် ရေဆူမှ အသားတုထည့်၊ ကျက် လောက်ရင် မုံညှင်းခပ်ပြီး စားလို့ရပါပြီ။ အခုက ခရီးထွက်နေတော့ အိပ်လို့မပျော်ဘူး။ ဒါကြောင့် ပို့စ်တင် ပါတယ်း)











ခင်မင်စွာဖြင့်
Baby taster





Read more...

သစ်တိုသီးပုဇွန်ငပိချက်နဲ့ မုံညှင်းထုပ်ဟင်းချို

 Tuesday, March 08, 2011

နေမကောင်းလို့ အသစ်တွေ မတင်နိုင်ခဲ့ပေမဲ့ သတိတရ လာရောက် သတင်းမေး ဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

သစ်သိုသီးနဲ့ ပုဇွနငပိကျက် ချက်ထားတာပါ။ ပုဇွန်က ခေါင်းပါမှ ကောင်းတယ်ဆိုလို့ ဒီတခါ ခေါင်းပါတာဝယ်ခဲ့တယ်။ ပုဇွန်ကိုနှုတ်သီးတွေ ညှပ်ပြီး ရေဆေးထားပါတယ်။ သစ်သိုသီးကိုလည်း အခွံနွှာပါးပါးလှီးထား၊ ကြက်သွန်နီ၊ဖြူ ဂျင်း၊ ငရုတ်သီးခြောက်တို့ကို ထောင်းပြီးဆီသတ်။ ကြက်သွန် နီဝါရောင်သန်းလာရင် ဆနွင်းနဲ့ အရောင်တင်မှုန့် နဲနဲထည့်၊ သစ်သိုသီးထည့် အဖုံးခဏအုပ်ထား။ သစ်တိုသီးနူးအိလာရင်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့် ပုဇွန်တွေထည့် ငရုတ်သီးစိမ်းနဲ့ နဲနဲပင်လေးအုပ်ပြီး စားလို့ရပါပြီ။












ပုဇွန်ငပိချက်ဆိုတော့ ဒီလို ဟင်းရည်လေးနဲ့ ကျွေးလိုက်တယ်။ ကိုယ်နေမကောင်းတော့ ဒီလို အရည်တွေပဲ သောက်လာတာ တော်တော်ကြာလှပေါ့။

ရေနွေးပွက်ပွက်ဆူထဲကို ကြက်သားမှုန့်တဇွန်းနဲ့ ကြက်သွန်ဖြူ ၂မွှာဓါးပြားရိုက်ထည့်တယ်။ ကြက်ဥဖောက် ထည့်၊ (မမွှေပဲထည့်ပါတယ်) ပုဇွန်ငါးဆုပ်လုံးတွေထည့်၊ နောက်ပိတ် မုန့်ညှင်းထုပ်ထည့် လိုက်တယ် ရပါပြီ အရည်သောက်း)




ခင်မင်စွာဖြင့်
Baby taster




Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP