Lorem Ipsum

Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts

သီချင်းကြောင့်ပါ

 Thursday, January 06, 2011

ဘာရယ်မဟုတ်ပါဘူး ဟိုတခါက တိုက်ဆိုင်ပုံလေး သွားသတိရမိလို့ပါ။ ကိုယ်က ကျေးဇူးရှင်ကို စိတ်ဆိုး ပါတယ်။ အဲ့ဒါလည်း သူများကြောင့်ပါ။ ထမင်းစားချိန် ထမင်းပြန်မစားဘူး တလောကလုံးက လူတွေရဲ့ အ လုပ်တွေ လိုက်လုပ်နေတတ်လို့လေ။ မနက်စာနဲ့ ညနေစာ ပေါင်းစားတတ်တယ်။ စနေ၊ တနင်္ဂနွေလည်း မနားရဘူး။ ရုံးပြီးလို့လည်း မနားရပြန်ဘူး။ အိမ်ထိ လိုက်လာကြတဲ့လူတွေက ကူညီပေးရတယ်။ အဲ့ဒါနဲ့ပတ် သက်လို့ တခုခုဖြစ်လို့ နေမကောင်းဖြစ်ရင်တော့ ကိုယ်ကပဲ ဂရုစိုက်ရမယ်ပေါ့။ ဘာညာကွိကွ နေကြာကွာစေ့ပေါ့လေ သိတယ်မှလာ ရစ်တာပေါ့။ အဲ့ဒါနဲ့ စကားများကြပါတယ်။ ဒေါကန်ကန်နဲ့ သီချင်းတွေ အော်ဆိုနေတာ (ဘေးအိမ်ကတောင် ရဲခေါ်တော့မလို့ :P တူများ တီချင်းတံ လှလှပပလေးကို မနာ လိုကြ တာများနော်)



အဲ့ဒါနဲ့ ဒီသီချင်း ဖွင့်ပြီး လိုက်အော်နေတာပေါ့ :) (အသံကောင်းတယ် ထင်မနေနဲ့အုံး ရန်ဖြစ်သံနဲ့ :) )




သူကလည်း အားကျမခံ လိုက်ဗြဲတာပဲ သိလာ ဒီသီချင်းလေးနဲ့ပေါ့။ နောက်နေ့တော့လည်း ပြန်ခေါ် လိုက်ပါ တယ်လေ တီနားလို့ :) သူကလည်း ကြားချင်သေးတယ် ချစ်လို့လား? သနားလို့လား? တဲ့ ရှက်ရမ်းရမ်းပြီး သီချင်းထဲက စာသားတချို့ ကြောင့်ပါလို့ ပြောလိုက်ပါတယ်။ သြော် ဒီအသက်ရွယ်မှ မေးခံရတော့လည်း ရှက်သွေးဖြာ တတ်တုန်းပါပဲ လားလို့ တွေးမိတယ် :P



ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP