Lorem Ipsum

Showing posts with label မုန့်ပဲသရေစာ. Show all posts
Showing posts with label မုန့်ပဲသရေစာ. Show all posts

မုန့်လုံးရေပေါ်

 Sunday, April 15, 2012


မင်္ဂလာနှစ်သစ်လေး ဖြစ်ပါစေ။


မုန့်လုံးရေပေါ် အုန်းနို့ဆမ်း လုပ်ပေးဖြစ်တယ်။ လုပ်နည်းကတော့ အားလုံး သိပြီးသားပဲဟုတ်း) အုန်းနို့ဆမ်းတဲ့ အိုင်ဒီယာကိုတော့ ၀တ်ရည်နဲ့ မမ၀ါစီက ယူထားတာပါး)


စကားမစပ် :p နွေရာသီရောက်ပြီလေ ဒီမှာ။ ဒါကြောင့် ခြေသည်းပြန် အရှည်ထားပြီ။ မနေ့ညက ဆိုးဖြစ်တယ်း)

း)




ခင်မင်စွာဖြင့်
ဘေဘီ



Read more...

Rasmalai

 Monday, February 06, 2012

Rasmalai လုပ်နည်းကတော့ ဒီမှာပါ


Read more...

ဆန်တိုဖူးသုပ်

 Tuesday, December 27, 2011

တိုးဖူး အမျိုးမျိုး ရှိတဲ့အနက် ဒီတခါတော့ ဆန်နဲ့လုပ်တဲ့ ဆန်တိုဖူး လုပ်စားဖြစ်တယ်။ လုပ်စားထားတာ တော်တော်ကြာပါပြီ။ ကိုယ်တို့ မြစ်ကြီးနားမှာဆို ဆန်တိုဖူး၊ မြေပဲတိုဖူး၊ ၀မ်းတိုဖူး(တိုဖူးဝါ)၊ ပဲတိုဖူး(ပဲဝါလေး တိုဖူး)၊ ပဲပြား(ပဲပုပ်စေ့တိုဖူး)၊ ကြက်ဥတိုဖူး အမျိုးမျိုးပေါ့။ ဆန်တိုဖူးကတော့ လွယ်ပါတယ်။


ဆန်တိုဖူကျိုနည်း
ဆန်မှုန့်နို့ဆီဗူးတဗူးကို ရေနို့ဆီဗူးတဗူးနဲ့ ဖျော်ထား။
ထုံး(ကွမ်းယာမှာထည့်တဲ့ထုံး) လ္ဖက်ရည်တဇွန်းကို ရေနဲ့ဖျော်ထား။
အိုးတလုံးမှာ ရေနို့ဆီဗူး၃ဗူးထည့်၊ ပွက်ပွက်ဆူလာရင်၊ ထုံးကို အပေါ်ယံအရည်ကြည်လေးထည့်၊ ရေဖျော် ထားတဲ့ ဆန်မှုန့်ကိုပြီး အစက်မပြတ်မွှေပေး။ တိုဖူးသားတွေ ပျစ်ခဲလာပြီဆိုရင် ဗန်းလေးထဲ ထည့်ပြီး အအေး ခံထား။

အဆာပလာအတွက်

စီတိုဖူးကို ရေကျက်အေးနဲ့ ခပ်ကျဲကျဲလေးဖျော်ပြီး ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးတို့ကို ဆီသတ်ပြီး စီတိုဖူး ချက်ထား။

ကြက်သွန်ဖြူ၊ နှမ်း၊ မြေပဲတို့ကို ရောပြီး ဆီကျက်ချက်ထား။

ကြက်သွန်ဖြူကို ညှက်နေအောင်ထောင်း၊ နံနံပင်ကို ရိပ်ရိပ်လှီးပြီး ရေကျက်အေးနဲ့ ရောထား။

ဆားရည်ဖျော်ထား။

အချိုမှုန့်

ငရုပ်သီးကို ကြော်ပြီးထောင်း၊ ဆီပြန်စိမ်ထား။

ရှလကာချဉ်(သို့) ဗီနီကာ( ကိုယ်တို့ မြစ်ကြီးနားမှာတော့ အရက်ချဉ်(ခေါ်) အရက်ချက်ပြီး ကျန်တဲ့ ကဇော်က ရတဲ့အချဉ်)နဲ့ စားကြပါတယ်။

အအေးခံထားတဲ့ ဆန်တိုဖူးကို ပါးပါးလှီး၊ အဆာပလာတွေထည့်ပြီး စားပေတော့ပဲ။




                                                             ဆန်တိုဖူး



                                             ပါးပါးလှီးထားတဲ့ ဆန်တိုဖူး



                                                  စားဖို့ အဆင်သင့်



                                                               စားပါအုံးလား


း)




ခင်မင်စွာဖြင့်
ဘေဘီ

Read more...

နံနက်စာများ(၆)

 Saturday, November 05, 2011


မုန့်ဟင်းခါးနဲ့ ကောက်ညှင်းပဲပြားကြော်( မန်းလေးပဲကပ်ကြော်တဲ့) ကိုယ်တို့မြစ်ကြီးနားမှာတော့ ကောက် ညှင်းပဲပြားကြော်လို့ ခေါ်တယ်။ စားချင်တာကတော့ ကြာလှပေါ့။ QT လုပ်စားတော့ သတိတယ လုပ်စားဖြစ်တော့တယ်။ ဒီလိုပါပဲ စားဖို့ရက်က သိပ်မရှိဘူး။ စနေ တနင်္ဂနွေပဲ အချိန်ရတာ ဆိုတော့လေ အချိန်ရတုန်းကကြော်စားဖြစ်ခဲ့တယ်။ ကြော်နည်း သိပြီးသား ဖြစ်ကြ မှာပါ။


ကောက်ညှင်းပဲပြားကြော်


ကောက်ညှင်းပေါင်းနဲ့ တို့ဖူးကြော်၊ ကောက်ညှင်းပေါင်းနဲ့ အတူထည့်ပေါင်းထားတဲ့ ပဲစေ့လေးတွေကို ညီမလေး ရိုစ့်က မေးခဲ့ဖူးပါတယ်။ ဘယ်လိုခေါ်သလဲတဲ့း) အဲ့ဒီနေ့ကနေ စပြီး ဗီယက်နာမ် ဆိုင်ရောက်တိုင်း ရှာကြည့်တယ် ဒီပဲမျိုး မတွေ့တော့ဘူး။ ဆေားရီးပါ ရိုစ့်လေးရေ။


ကောက်ညှင်းပေါင်းနဲ့ တို့ဖူးကြော်၊ အချဉ်ရည်ကတော့ မြန်မာငြုပ်ဆီကို ငရုပ်သီးစိမ်၊ ကြက်သွန်ဖြူ၊ နံနံပင်နဲ့ သံပုရာသီး နဲနဲထည့်ဖျော်ထားပါတယ်။


နှမ်းမရှိလို့ မဖြူးလိုက်ဘူး


တိုဖူး ကျိုနည်းကို အရင်ကလည်း ရေးဖူးပါတယ်။ ခုတခါ ကျိုတဲ့တိုဖူးကတော့ ကုလားပဲ သက်သက်မဟုတ်ပဲ၊ မြေပဲပါ ထည့်ပြီး ကျိုထားတာပါ။ ရှမ်းပြည်ဖက်ကလူတွေနဲ့ ကချင်ဖက်ကလူတွေတော့ စားဖူးကြမှာပါ။

အခွံချွတ်ပြီးသား မြေပဲနဲ့ ကုလားပဲခြမ်းတို့ကို စတူရောပြီး နို့ဆီဘူး ၃ဗူးစာ ရေစိမ်ထားပါတယ်။ တည ရေစိမ်ထားတဲ့ ပဲတွေကို နောက်နေ့ ရေဆေးပြီး ရေ နို့ဆီဗူး၇ဗူးထည့်ပြီး ကြိတ်စက်နဲ့ကြိတ်၊ အရည်ယူပြီး အဖတ်တွေ ပြစ်လိုက် ပါတယ်။ ပဲရည်တွေကို အိုးတလုံးထဲထည့်၊ ဆနွင်းနဲနဲခပ်၊ ဆားပါလေကာ ထည့်ပြီး ကျိုပါတယ်။ ပဲတွေပျစ်ခဲ နေမှ လိုချင်တဲ့ ဗန်းထဲ လောင်းထည့်ပြီး အအေးခံထားပါတယ်။ မြေပဲ မကြိုက်ရင် မထည့်လည်းရပါတယ်။




အတွင်းဖက်က


တို့ဖူးကြော်(၀မ်းတိုဖူးလို့လည်း မြစ်ကြီးနားက ခေါ်တယ်)


ချော(အစိမ်းရောင်လွင်ပြင်)က မြီးရှည်ချက်စားတော့ ကိုယ်လည်း မနေနိုင်စွာပဲ၊ အမဲသားပြုပ်တွေနဲ့ လုပ်ပြီး စားလိုက်ကြတယ်။



မနေ့ညနေက ပျင်းလို့ လျှောက်သွားတယ်။ မနေနိုင်စွာပဲ ၀ယ်လာမိပြန်တယ်။ ကိုယ့်အတွက်တော့ တထည်တည်း ပါပါတယ်။ ကျန်တာ သူတို့ဖို့ပဲ။ အပြင်ထွက်တိုင်း ပစ္စည်းဝယ်မိတဲ့ ကိုယ့်အကျင့်ကို မုန်းတယ်။ ပိုက်ပိုက်မစုမိဘူးလေး(



ခင်မင်စွာဖြင့်
Baby taster


Read more...

ကျောက်ကျောများ

 Wednesday, October 26, 2011

အသိတွေက မြောက်ပြောတယ်။ ရှင်လုပ်တဲ့ ရွှေကြည်မုန့်လေး စားချင်လိုက်တာတဲ့။ မြောက်ပြောမှတော့ ဟင်း ဟင်း( အဖျားတက်သံ မှတ်နေအုံးမယ်။ ဟုတ်ဖူးနော်  စာသံနဲ့ ရယ်ကြည့်တာပါး) ဒါနဲ့ မမောနိုင်ပဲ လက်စွမ်းပြလိုက်တာပေါ့။ သူတို့က ရွှေကြည်စားချင်တာ လျှာရှည်ပြီး ကျောက်ကျောပါ လုပ်လိုက်တယ်။


ကိုယ်လုပ်တဲ့ ကျောက်ကျောက တယ်လီဖုန်းတံဆိပ် 0.88g ပါတဲ့ အထုပ် ၂ထုပ်ကို၊ သကြား ၃ပေါင်၊ ရေ နို့ဆီခွက်၁၇ခွက်၊ အုန်းနို့ ၃ဗူးနဲ့ Hale's တံဆိပ် အချိုရည်၊ အနီနဲ့ အစိမ်းတို့ကို သုံးထားပါတယ်။ 

ပထမဆုံး ရေနဲ့သကြားကို ရောပြီးဆူအောင်တည်ပါတယ်။ ရေဆူလာရင်၊ ကျောက်ကျောကို ရေဖျော်ပြီး လောင်းထည့်၊ မကြာခဏ မွှေပေးပါတယ်။ ၁၀မိနစ်လောက်ကြာရင်တော့ အုန်းနို့ထည့်၊ ၅မိနစ်ထပ်ဆူပါစေ။ ပြီးရင် အဖြူကို ဗန်းတခုမှာ လောင်းထည့်၊ ကျန်တဲ့ အရည်တွေကို အစိမ်းတဗန်း၊ အနီတဗန်းရောပြီး အအေး ခံလိုက်တာပါပဲ။ ( အရောင်ကတော့ နဲနဲလေးပဲထည့်ပါတယ်။) ကိုယ်လိုချင်တဲ့ အရောင်အနေအထားရဖို့ ခန့်မှန်းထည့်တာပါ။




ရောင်စုံကျောက်ကျော


                                                  အစိမ်းရောင် ကျောက်ကျော




ဒါက အနီရောင်ပါ။ ပန်းရောင်လိုဖြစ်နေတယ်း)

















ရွှေကြည် ဆနွင်းမကင်းလည်း လုပ်ပါတယ်။


ကျော်ကျော အစိမ်းရောင်ဗန်း


ကျောက်ကျော အနီနဲ့ အဖြူဗန်း



ခင်မင်စွာဖြင့်
Baby taster

Read more...

ရွှေကြည်ကိတ် ဘယ်လိုဖုတ်မလဲ

 Tuesday, May 31, 2011


ရွှေကြည်ကိတ်လုပ်နည်း မေးထားလို့ ရေးပေးလိုက်ပါတယ်။ ကိုယ်က မုန့်တွေတော့ မလုပ်တတ်ပါဘူး။ အမှန်တိုင်းဝန်ခံရရင် ကြက်ကန်းတိုးလို့ ဖြစ်သွားတာနေမှာ ဟီ ဟီ။ ပြီးတော့ ရွှေကြည်ဆနွင်းမကင်းက လည်း လုပ်နေကျမို့လို့နေမှာပါ။


ရွှေကြည်မှုန့်  150g
All-purpose flour 115g
ထောပတ်  225g  (Butter)
ထောပတ် 2 teaspoon(Ghee)
ကြက်ဥ 5လုံး
သကြား 170g
1 teaspoon vanilla extract
1/2 teaspoon baking powder
Food color (ပန်းရောင်)
နွားနို့ 1/2 Cup

ထောပတ်( Ghee) ကို အပူပေးပြီး ရွှေကြည်ထည့်လှော်ပါ။ ရွှေဝါရောင်ဖြစ်လာရင် အအေးခံထားပြီး ထောပတ်( Butter) ထည့်ပြီးမွှေပါ။ ရေခဲသေတ္တာထဲ ၂နာရီထားပါ။ ကြက်ဥကို စက်နဲ့ချေပါ။ ကြက်ဥချေနေ တုန်း သကြားထည့်ပါ။ နို့ထည့်ပါ။ vanilla extractနဲ့ baking powder ထည့်ပါ။ အရောင်ထည့်ပါ (မထည့်လည်းရပါတယ်) ဂျူံမှုန့်ကို ဖြေးဖြေးချင်းလောင်းထည့်ပါ။  အားလုံးရပြီဆို နှပ်ထားတဲ့ ရွှေကြည်ကို တဖြည်းဖြည်းချင်းထည့်ပြီးမွှေပါ။ ရွှေကြည်သားညှက်လာရင် ဖုတ်မဲ့ဗန်းထဲ ထောပတ်သုတ် ရွှေကြည် အနှစ်လောင်းထည့် ဘိန်းစေ့ဖြူးပါ။ Ovenကို 150ံC ၁၀မိနစ်ကြိုဖွင့်ထားပြီး ရွှေကြည်ဗန်းထည့်လိုက်ပါ။ မိနစ် ၅၀ ကျော် ၆၀လောက်ဖုတ်ရပါ့မယ်။ ဒုတ်ချွန်လေးနဲ့ ထိုးကြည့်ပါ။ ကိုယ်လုပ်တုန်းက သတိမထား မိဘူး။ ပြီးတော့ စနစ်တကျဖုတ်တာလည်း မဟုတ်တော့ အတိအကျမပြော ပြနိုင်ဘူးဖြစ်နေတယ်။ အဆင် ပြေကြပါစေ။

ရွှေကြည်ကို ကုလားဆိုင်က အထုတ်မှာတော့ Sooji လို့ရေးထားတတ်တယ်။ Suji လို့လည်းရေး တတ်သေး တယ်။ Selimona ဆိုရင်တော့ နေရာတိုင်းမှာ ရှာလို့ရမယ်ထင်တယ်။




vanilla extract


                                                  All-purpose flour





                                                       Food color


တချို့ပုံတွေကို Google ယူထားပါတယ်။








Boiled Salt Duck Egg

သတိရတုန်း တင်ပေးလိုက်တာ တခါက ဘဲဥဆားငံမေးတဲ့ ညီမလေးတယောက်ရှိတယ်။ ဓါတ်ပုံရိုက်လာ တာ ခုမှသတိရလို့ တင်ပေးလိုက်တယ်။ နောက်ကျသွားတဲ့အတွက် ဆေားရီးပါ :)


ခင်မင်စွာဖြင့်
Baby taster





Read more...

တိုဖူးကြက်သားပေါင်းနဲ့ သာကူကျောက်ကျော

 Thursday, January 20, 2011

ကိုယ်က အချိန်ရရင် ဟင်းချက်တဲ့ ဘလောဂ့်တွေ လျှောက်လည်ပါတယ်။ ဘလောဂ့်ဆိုတာ စသိတုန်းက နေပါလီ(နေပေါလ်လူမျိုး) သူငယ်ချင်းတယောက်က ၂၀၀၅ ခုနှစ်က သူဘလောဂ့်ဖွင့်ထားကြောင်း ပြောတော့ သူ့ဘလောဂ့်ကို အမြဲဝင်ပြီး ရှာတယ်။ နောက်တော့ တခုပြီးတခုသွားတတ်လာတယ်။ ကောမန့်မပေးတတ်သေးပါဘူး။ နောက်မှကိုယ်လည်း ၀ါသနာပါရင်း ကိုယ့်မိသားစုတွေပဲ ဖတ်နိုင်တဲ့ ဘ လောဂ့်တခုကို ၂၀၀၇ မှာဖန်တီးခဲ့ပါတယ်။ ဒါနဲ့ ဘလောဂ့်တကာ လည်ဖတ်တော့တာပါပဲ :) ခုချိန်ထိ အား တယ်ကို မရှိဘူးဆိုပါတော့ :) ဒါနဲ့ ဖတ်ထားတာကများတော့ ဘယ်ကနေ နည်းတွေ ရတယ်ဆိုတာ အတိ အကျ မမှတ်ထားမိပြန်ဘူး။ အခုလည်း မကြာသေးခင်ကမှ နည်းလေး တခုရလာပြီး လုပ်စားမယ် စိတ်ကူး ထားတာပါ။ ဘယ်ကရလည်းဆိုတာတော့ မေ့သွားပါပြီ။  သေချာတာကတော့ ကိုယ့်နည်း မဟုတ်ပါဘူး။ သူများဆီကပါ။


တိုဖူးကို နှစ်ခြမ်း ဖြတ်လိုက်ပြီး အပေါ်က အခွက်လေး လုပ်လိုက်ပါတယ်။ အဲ့ဒီကရတဲ့ တိုဖူးနဲ့ ကြက်သား(ကြိုက်ရာအသားပေါ့) ကြက်သွန်စတဲ့ အဆာပလာတွေ( ထည့်ချင်သမျှ) ထည့်ပြီး တိုဖူးရဲ့ ချိုင့်ခွက်လေးထဲ ထည့်လိုက်တယ်။ ပြီးမှ ပေါင်းလိုက်တာပါ။ ၁၀မိနစ်ပေါ့။ အချိုတွေစား နေတဲ့ကိုယ်ကတော့ ကြိုက်တယ်။ အရမ်းလွယ်ပြီး စားလို့ ကောင်းတယ်။














ပေါင်းအိုးထဲက ထုတ်ထားတာ ကြာလို့ နည်းနည်းတော့ ခြောက်နေသလိုပဲ။ ထုတ်ထုတ်ချင်းမှာ စားတာ ကောင်းပါတယ်။


ဒါကတော့ သူငယ်ချင်းတွေက မြန်မာမုန့်လုပ်ကျွေးလေတဲ့။ ကိုယ်ကလည်း တတ်သလောက် မှတ်သလောက် နဲ့ လုပ်ကျွေးလိုက်တယ်။ သာကူကျောက်ကျောပါ့။ ပိုက်ဆံသက်သာ။ အချိန်ကုန်သက်သာ တယ်လေ ခန့်မှန်းတွေပဲမို့ ပြောရမှာတောင် ခက်နေတယ် :)

သာကူအစေ့သေးသေးလေးတပေါင်ကို ရေအေးနဲ့ ၃နာရီကြာ စိမ်ထားပါတယ်။ ပထမဆုံး ရေမတ်ခွက်နဲ့ ၈ခွက်ထည့်ပြီး ကြိုပါတယ်။ ရေနွေးဆူလာရင် သကြားမတ်ခွက်နဲ့ ၂ခွက်ထည့်ပါတယ်( ကိုယ်က အချိုသိတ်မ စားလို့ပါ။ ကြိုက်တတ်ရင် အများကြီးထည့်ပါ) ကျောက်ကျောမှုန့် အထုတ်သေးတထုတ်ကို ရေဖျော်ပြီး ထည့်မွှေပါတယ်။ ဆက်ဆူနေပါစေ။ ၁မိနစ်လောက်ကြာလာရင်သာကူ စေ့တွေကို အသာလေးလောင်းချ ပါတယ်။ သာကူစေ့တွေက ရေစိမ်ထားတော့ ကြာကြာပြုပ်စရာမလိုပါဘူး။ သာကူ မျက်စိပျောက်လောက် ရင် အုန်းနို့ဗူးတဗူး(ဗူးကြီး)ထည့်ပြီး ၅မိနစ်ဆို လိုချင်တဲ့ ဗန်းထဲလောင်းထည့် ပြီး အပေါ်ကနေ မြေပဲလှော် ထောင်း ဖြူးပါတယ်။ အအေးခံလိုက်ပါတယ်။





















သာကူ ကျောက်ကျောမုန့်ပေါ့နော် :)

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP