Lorem Ipsum

နံနက်စာနှင့် နေ့လည်စာများ

 Sunday, September 15, 2013

အားလုံးပဲ မင်္ဂလာပါရှင်။ ချက်စားတဲ့ ဟင်းလေးတွေ မတင်ဖြစ်တာလည်းကြာပြီး) မမိုးငွေ့က ဘလောဂ့်မှာ ဟင်းတွေတင်ပါကွယ်တဲ့း) ခုတင်လိုက်ပြီ။ ပျင်းလို့ချက်နည်းရေးတော့ဘူး။ လူတိုင်းလည်း သိနေတာပဲ လေနော့း)
 
 
တော်တော်ကြာမှ သုပ်စားဖြစ်တဲ့ နန်းကြီးသုပ်။ ကြက်သားနဲ့ပါ :)
 

ဆီထမင်းနဲ့ ငါးသလဲထိုးအကြွပ်ကြော်။ ပဲပြုပ်ထည့်မလို့ အဆင်သင့်မရှိတာနဲ့ ကုလားပဲခြမ်းထည့် လိုက်တယ်


ပြည်ကြီးငါးနဲ့ ကုလားပဲခြမ်းအရည်သောက်။



ငါး၊ ရွှေဖရုံသီးနုနုနဲ့ မုန့်ညှင်းအရည်သောက်။



ခရမ်းချဉ်သီး ငပိချက်နဲ့ သခွါးသီးတို့စရာ။


ဆီထမင်းလိုက်ပွဲ။
 ကြက်ဥဘရိုကိုလီကြော်နဲ့ ငါးခူဖတ်ကဖောင်။


ငါးပိကောင်အစပ်ကြော်


ကြက်ဥနဲပစူးပုတ်စားချင်တာ။ မရှိတော့ ဘရိုကိုလီနဲပကြော်လိုက်တယ်း)


ကြက်ဟင်းခါးသီး ပုဇွန်ခြောက်အစပ်ကြော်။



ကြက်ဆီထမင်းနဲ့ ငါးဆုပ်၊ ပုစွန်မီဆိုစွပ်။


ပုဇွန်ခရုဆီကြော်


ကြက်ကြော် :)


ပုဇွန်ထုပ်ဆီပြန်၊ ငုံးကြော်၊ ချဏ်ပေါင်နဲ့မျှစ်ကြော်၊ ငပိရည်တို့စရာနဲ့ ဗူးသီးဟင်းခါး။ သီးခံပါ မှောင်နေတယ်း)


ဂျူးဖူးနဲ့ ပုဇွန်အစိမ်းကြော်း)

ခင်မင်စွာဖြင့်
ဘေဘီ


ခေါက်ဆွဲကြော်၊ ကြက်ကင်နှင့် ထိုင်းသဘောင်္သီးထောင်း

 Saturday, June 29, 2013

မင်္ဂလာပါရှင် ...... ချက်စားဖြစ်သမျှ ဓါတ်ပုံရိုက်ပျင်းလို့ မတင်ဖြစ်ဘူး။ ဖဘမှာ ညီမလေး အိချိုက.. မမရေ
ဟင်းဘာလို့ မချက်တော့တာလဲ ဆိုလို့ တင်လိုက်တား)

 
 
ခေါက်ဆွဲကြော်၊ ကြက်သား ဆာတေးနဲ့ ကြက်သွန်ချဉ်စပ်သုပ်ပါ.....

 
း)

 
ကြက်သားနဲ့ ကျောက်ဖရုံသီးကို ပင်စိမ်း၊ ငရုပ်သီးစိမ်းလေးအုပ်ပြီ အရည်သောက်ချက်ပါတယ်။


မှိုကြော်ကို ပင်စိမ်းအုပ်ထားပါသေးတယ်။



ထိုင်းသင်္ဘောသီးထောင်း၊ ကြက်ကင်နဲ့ ရေမုန့်ညှင်း ဟင်းချိုလေးပါ။


ဂျင်းသုပ် ချဉ်၊ ငံ၊ စပ်


 
ကိုယ်က လဖက်မကြိုက်တတ်ဘူ။ အဲ့ဒါကိုပဲ အပြစ်လိုလိုပြောကြတယ်။ မိန်းမဖြစ်ပြီ လဖက်မကြိုက် တတ်လို့ဆိုပဲ :-/ ဘယ်သူရှိမတုန်း အိမ်က ကျေးဇူးရှင်ပေါ့ :)



ကြက်သားကို အသားမှုန့်၊ ကြက်သွန်နီ၊ဖြူ အမှုန့်၊ ငရုပ်ကောင်းမှုန့်နဲ့ ဟင်းချက်ဝိုင်ဖြူ အနည်းငယ်တို့ရောနယ်ပြီ နှပ်ထားပါတယ်။ ကင်တော့မှ ဆီလေးနည်းနည်းသုတ်ပြီ ကင်ထားတာပါ။ အသားမှုန့်က အငံပါလို့ ဆားမထည့်ထားပါဘူး။


ထိုင်းသဘောင်္သီးထောင်း (ဆွမ့်သမ်)


 
ကြက်သား ဆာတေးပါ။ ရယ်ဒီမိတ် ဆာတေးမှုန့်သုံးထားတာပါ။ ကြက်သား ၁ကီလိုထဲကို ဆာတေး အမှုန့်
တထုပ်၊ စပါးလင်တချောင်းကြိတ်ထည့် အုန်းနို့ ထမင်းစားဇွန်း ၅ဇွန်းထည့်ရောနယ်ပြီ ၃နာရီ နှပ်ထားပါတယ်။ စားခါနီးမှ တဖက်ကို ၁၀မိနစ် ကင်ထားတာပါ။ ရယ်ဒီမိတ် ဆာတေးထုပ်တွေ ၀ယ်လို့ရပါတယ်။ အရင်ကလည်း ဒီမှာ ငုံးဆာတေးနဲ့ ဒီမှာ ကြက်သားဆာတေး တင်ဖူးပါတယ်။
 
အားလုံးကို ခင်မင်စွာဖြင့်
ဘေဘီ
 
 
 
 


စနေနေ့က ထမင်းဝိုင်း(၁၉)

 Friday, July 06, 2012

မောင်နှမ အားလုံး မင်္ဂလာပါ..... ဘလောဂ့်ဖက်ကို မရောက်တာလည်း ကြာလှပေါ့... ခုတလောဆို ပုံတွေတောင် မရိုက်ဖြစ်တော့ဘူး...... ပျင်းလို့ရော အလုပ်က အရင်လို လုံးဝမအားတော့လို့ပါ.... ဟိုးအရင်က ဓါတ်ပုံလေးတွေ ရှိနေတာနဲ့ တင်လိုက်ပါတယ်.....


သီးစုံဘဲဥ ဆမ်ဘားရ် (သီးစုံ ဘဲဥချဉ်ရည်ဟင်းပါပဲ သူက ဆမ်ဘားရ်လို့ခေါ်တဲ့ အနျစ်ထုပ် သုံးထားတာပါ )


မုံ့ညှင်းရွက်သုပ် နှမ်းဆီ ကြက်သွန်ဖြူ ဆီချက်၊ နှမ်းလှော်၊ ပဲငံပြာရည်ပါတယ်... (၆လလောက်ရှိပြီ ဟဟ)


ပဲလိပ်ပြာနှပ်


ပုဇွန် ခရမ်းချဉ်သီးချက်


ပုဇွန် ဗုံလုံသီး အစာသွပ်


လိုက်ပွဲ =)




ခင်မင်စွာဖြင့်
ဘေဘီ


ပုဇွန်ထုပ်ဆီပြန်

 Monday, April 30, 2012

ချက်စားထားတာ တော်တော်ကြာပြီဖြစ်တဲ့ ပုဇွန်ထုပ်ပါ။ ဒီတခါ ပုဇွန်ထုပ်ဝယ်လာတာ တော်တော်ဈေးကြီးတယ်။ မဆိုသလောက်ပဲ အကောင်ကြီးတာပါ။ ဒါ ကို ၆ကောင်ပဲပါတာ၊ $၂၂ ပေးလိုက်ရတယ်။ ခါတိုင်းဆို သူ့ထက်နည်းနည်း သေးတာ ၉ကောင်ပါရင် $၁၇.၉၉ ပေးရတာပါ။ ထားပါတော့လေ ဒါကကြုံလို့ ပြောပြတာပါ ဟဟး)

ပုဇွန်ကို အခွံခွါ၊ ကျောလယ်က အမဲကြောင်းကြီးထုတ်ပြီး ရေဆေးထားပါတယ်။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းနဲ့ ငရုပ်သီးအခြောက်တို့ကို ညှက်နေအောင်ထောင်းပြီ ဆီ သတ်ပါတယ်။ ကြက်သွန်နံ့ပျောက်ပြီး ကြက်သွန်နီဝါရောင်သန်းလာရင်၊ ခရမ်း ချဉ်သီး ၃လုံးကို ပါးပါးလှီးထည့်ပါတယ်။ ဆားနဲ့ အချိုမှုန့် အနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါတယ်။ ၅မိနစ်လောက်ကြာရင် ခရမ်းချဉ်သီးတွေ ကြေပြီး အနှစ် ရလာပြီဆိုရင် ပုဇွန်ထည့်ပြီး ၅မိနစ်ထပ်တည်ပါတယ်။ နောက်ဆုံးမှ မဆလာ လေးအုပ်ပြီး ဆီပြန်လာရင် ပုဇွန်ထုပ်ဆီပြန်ရပါပြီ။







ဒီလို အထုပ်နဲ့လာတာပါ။ တထုပ်မှာ ၆ကောင်ပါပြီး $ 22.00 ပေးရပါတယ်။ ပုဇွန် ထုပ် တကောင်ချင်းစီကို ပလပ်စတစ်နဲ့ ထုပ်ထားပါတယ်။ တထုပ်မှာ တကီလို ရှိပါတယ်။ ပြောချင်တာက မတန်ဘူးဆိုတာပါ... ဈေးရောင်းတဲ့ လူတွေကတော့ ကိုယ့်ဘလောဂ့်ဖတ်မိရင် တင်းမှာပါပဲ။ ဒါပေမဲ့ ကိုယ်တို့လည်း သာမန် လခစား ပေမို့ မတန်တာကိုတော့ မတန်ကြောင်း ပြောမိတာ အပြစ်မဟုတ်ပါဘူးနော်။


ခင်မင်စွာဖြင့်
ဘေဘီ

အာလူးပလာတာနဲ့ ပါနီးရ်သီးစုံသနပ်ချက်

 Sunday, April 29, 2012

ဒီနံနက်စာက ကိုယ်ထိုင်းသွားပြီး ပြန်လာတော့ အိမ်မှာ ဘာမှမရှိဘူး။ မနက်ရှာ ဖွေတော့ အိမ်မှာရှိတဲ့ နို့နဲ့ ကြံဖန်ချက်ထားတာပါ။ ၁၀၀% ကိုစားကောင်းပါ တယ်။

ပထမဆုံး ပါနီးရ်(နို့ခဲ)ဖြစ်အောင် လုပ်ပါ့မယ်။ နို့ကို အိုးတလုံးထဲထည့်ပြီး ကျိုပါ့ မယ်။ နို့ဆူလာရင် သံပုရာသီး တခြမ်းလောက်ညှစ်ထည့်ပြီး ကျိုပါ့မယ်။ နို့က အရည်တခြား အဖတ်တခြားဖြစ်မှ ဇကာစိပ်စိပ်ထဲ လောင်းထည့်ပြီး ရေအေးနဲ့ လောင်းချပြီး ရေစစ်ထားပါ့မယ်။ (အ၀တ်ပါးနဲ့စစ်ပြီး အပေါ်ကနေ အလေး တခု ခုနဲ့ ဖိထားပြီး ရေစစ်ရင် နို့ခဲဖြစ်လာမှာပါ) ကိုယ်ကတော့ အခဲဖြစ်အောင် မလုပ် ပါဘူး။ ပါနီးရ်ဘူရ်ကြီးလို့ခေါ်တဲ့ နို့အကြေလုပ်မှာ မို့လို့ပါ။

ဒယ်အိုးတည် ဆီအနည်းငယ်ထည့်၊ ဇီရာ၊ မုန့်ညှင်းစေ့၊ ငရုပ်သီးအခြောက်နဲ့ ပျဉ်းတော်သိမ်းရွက်တို့ကို ဆီသတ်ပါတယ်။ ပြီးမှ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းတို့ကို ခပ်နုပ်နုပ်စဉ်းပြီးထည့်၊ ကြက်သွန် နီဝါရောင်လေးဖြစ်လာရင်၊ ပါနီးရ်(နို့ခဲ)တွေ ကိုထည့်ပြီး ၃မိနစ်လောက်ကြော်ပါတယ်။ ပြီးမှ သရက်သီးနဲ့ သီးစုံသနပ် ၃ဇွန်း(ထမင်းစားဇွန်း)ထည့်ပြီး ရေဆူအနည်းငယ်ထည့်ချက်ပါတယ်။ ၁၀မိနစ်လောက် ဆိုကျက်ပါပြီ။ ကိုယ်ကတော့ အရည်စပ်စပ်လေးချက်ပါတယ်။ အာလူးပလာတာ နဲ့ တွဲစားမှာမို့လို့ပါ။ ချဉ်စပ်လေးမို့ အရမ်းကောင်းပါတယ်။ ဒီဟင်းချက်နည်းက ကိုယ့်ရဲ့ ကိုယ်ပိုင် ဟင်းချက်နည်းပါ။ ကိုယ့်ဟာကိုယ် စမ်းချက်တာမို့ သူများတွေ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။


နို့ခဲနဲ့ သရက်သီးသနပ်ချဉ်စပ်



အာလူးပလာတာ

ပထမဆုံး အာလူးကို ပြုပ်ပြီး ချေထားပါ့မယ်။ ချေထားတဲ့ အာလူးထဲကို၊ ကြက် သွန်နီနုပ်နုပ်စဉ်း၊ ငရုပ်သီးစိမ်း၊ နံနံပင်၊ ဆားနဲ့မဆလာမှုန့် အနည်းငယ်တို့ ထည့်ပြီး ရောနယ်ထားပါ့မယ်။

ဂျူံကြမ်း(AATA)ကို ဆီအနည်းငယ်နဲ့ ဆား(လ္ဖက်ရည်ဇွန်း တ၀က်)ကိုထည့်ပြီး ရောနယ်ထားပါ့မယ်။ ဂျူံသားညှက်တဲ့အထိနယ်ပြီး ခဏနှပ်ထားပါ့မယ်။



မုန့်လှိမ့်တော့မယ်ဆိုရင်၊ ဂျူံသား တလုံးကို( ခပ်ကြီးကြီး)ယူပြီး ခပ်ထူထူ လှိမ့်ပါ တယ်။ ဘေးသားကို ပါးပါးလှိမ့်၊ ခလည်သားကို ခပ်ထူထူထားပြီး၊ အာလူးထည့်၊ အ၀ိုင်းလေးဖြစ်အောင် လှိမ့်ပါ့မယ်။



အရမ်းမလှိမ့်ပါဘူး။ ခပ်ဖွဖွလေးသာလှိမ့် ပါ့မယ်။ အရမ်းလှိမ့်ရင် ဂျူံသားပေါက်ပြီး အာလူးတွေထွက်ကုန်ပါ့မယ်။






ကြော်တော့မယ်ဆိုရင်၊ ဒယ်ပြားလေးတည်။ အရမ်းမပူပါစေနဲ့ မုန့်ဒယ်ပြားထဲ ထည့်၊ တဖက်ကျက်မှ နောက်တဖက်လှန်ပြီးရင် ထေားပတ်အနည်းငယ်သုတ်ပြီး ကြော်ပါတယ်။ ဒါမှ အာလူးပလာတာက ဖောင်းလာမှာပါ။ နည်းနည်းလေး ဖိပြီး ကြော်ပေးရပါ့မယ်။


တချို့သော ပုံတွေကို ဂူဂဲလ်က ယူထားပါတယ်း)



ခင်မင်စွာဖြင့်
ဘေဘီ


ငါးခူ ဖတ်ကဖောင်

 Friday, April 27, 2012

ဒီနေ့တော့ ငါးခူ ဖတ်ကဖောင်ကြော်နည်း တင်ပါ့မယ်။ ဖတ် ဆိုတာက ကြော်တာ လို့ အဓိပါယ်ရပြီး၊ ကဖောင်ဆိုတာကတော့ ပင်စိမ်း (Sweet Basil ဟိန္ဒူတွေရဲ့ အိမ်ရှေ့ မှာ စိုက်လေ့ရှိတဲ့ အပင်)လို့ ခေါ်တယ်လို့ သိရပါတယ်။ ကိုယ်အရင်က လည်း ခဏခဏ ရေးဖူးပါတယ်။ အရင်ကတော့ ကြက်သား၊ ပုဇွန်နဲ့ ကြော်ပေမဲ့ ဒီတခါ ငါးခူကြော်နဲ့ ကြော်ပါတယ်။

ငါးခူကို အကွင်းပါးပါးလေးတွေလှီး ဆနွင်းနဲ့ ငံပြာရည်နယ်ပြီး အကြွပ်ကြော်ပါ့ မယ်။ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို မညှက်တညှက်လေးထောင်းထားပါ့မယ်။ (စပ်စပ်လေးမှ စားကောင်းပါတယ်) ပင်စိမ်းရွက်ကို ခြွေပြီး ရေဆေးထားပါ့မယ်။

ကြော်မဲ့အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာရင်၊ ထောင်းထားတဲ့ ကြက်သွန်နဲ့ ငရုပ်သီးထည့် ဆီသတ်၊ ကြက်သွန်အနံ့မွှေးလာရင် ငံပြာရည်နဲ့ သကြားအနည်း ငယ်ထည့်၊ ရေဆူ ၃ဇွန်း(ထမင်းစားဇွန်း)ထည့်ပြီး ကြော်ထားတဲ့ ငါးတွေထည့် ကြော်၊ ပင်စိမ်းရွက်လေး အုပ်ပြီး ချလို့ရပါပြီ။ စပ်စပ်လေးနဲ့ အရမ်းစားကောင်း ပါတယ်။


ငါးခူ ဖတ်ကဖောင်


ငါးခူပင်စိမ်း အစပ်ကြော်



ခင်မင်စွာဖြင့်
ဘေဘီ

ကြောင်လျှာသီးအမဲခြောက် အစပ်ကြော်

 Thursday, April 26, 2012

ကြောင်လျှာသီး အစိမ်းတော့ မရပါဘူး။ မီးဖုတ်ပြီသားပဲ ရပါတယ်။ တထုပ်ကို $ ၃.၉၉ပေးရပြီ၊ မီးဖုတ်ထားတဲ့ ကြောင်လျှာသီ ၂တောင့်နဲ့ တ၀က်ပါပါတယ်။ လက်ဆောင် ရထားတဲ့ အမဲခြောက်ကလည်း ရှိနေတော့ ရောကြော်ဖြစ်သွား တယ်။   အရင်ကလည်း ကြောင်လျှာသီးတွေ ကြော်ဘူးသုပ်ဘူးပါတယ်။ ထပ် ရှာ မနေချင်တော့လို့ ရေးလိုက်ပါ့မယ်း)

ကြောင်လျှာသီးနဲ့ အမဲခြောက်အစပ်ကြော်


ကြောင်လျှာသီးကို ပါးပါးလှီးပြီး ခပ်သေးသေးပြန်စိပ်ပါတယ်။ အမဲခြောက်ကို လည်း ရေစိမ်ပြီး ခပ်နုပ်နုပ်လေးစဉ်းပါတယ်။ ဆီအနည်းငယ်မှာ ကြက်သွန်နီ၊ ဖြူနဲ့ ငရုပ်သီးစိမ်းတို့ကို ခပ်နုပ်နုပ်စဉ်းပြီး ဆီသတ်ပါတယ်။ ကြက်သွန်နီဝါရောင် ရလာရင်၊ ဆနွင်းနဲ့ အရောင်တင် အနည်းငယ်ထည့်ပြီး အမဲခြောက်ထည့် ကြော် ပါတယ်။ အမဲခြောက်ကျက်ရင် ကြောင်လျှာသီး၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး ဆက်ကြော်ပါတယ်။ ဆီပြန်လာရင် ရပြီပေါ့ ကြောင်လျှာသီး အမဲခြောက် အစပ် ကြော်။


ခင်မင်စွာဖြင့်
ဘေဘီ


Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP