Lorem Ipsum

ငါးခူ ဖတ်ကဖောင်

 Friday, April 27, 2012

ဒီနေ့တော့ ငါးခူ ဖတ်ကဖောင်ကြော်နည်း တင်ပါ့မယ်။ ဖတ် ဆိုတာက ကြော်တာ လို့ အဓိပါယ်ရပြီး၊ ကဖောင်ဆိုတာကတော့ ပင်စိမ်း (Sweet Basil ဟိန္ဒူတွေရဲ့ အိမ်ရှေ့ မှာ စိုက်လေ့ရှိတဲ့ အပင်)လို့ ခေါ်တယ်လို့ သိရပါတယ်။ ကိုယ်အရင်က လည်း ခဏခဏ ရေးဖူးပါတယ်။ အရင်ကတော့ ကြက်သား၊ ပုဇွန်နဲ့ ကြော်ပေမဲ့ ဒီတခါ ငါးခူကြော်နဲ့ ကြော်ပါတယ်။

ငါးခူကို အကွင်းပါးပါးလေးတွေလှီး ဆနွင်းနဲ့ ငံပြာရည်နယ်ပြီး အကြွပ်ကြော်ပါ့ မယ်။ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကို မညှက်တညှက်လေးထောင်းထားပါ့မယ်။ (စပ်စပ်လေးမှ စားကောင်းပါတယ်) ပင်စိမ်းရွက်ကို ခြွေပြီး ရေဆေးထားပါ့မယ်။

ကြော်မဲ့အိုးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာရင်၊ ထောင်းထားတဲ့ ကြက်သွန်နဲ့ ငရုပ်သီးထည့် ဆီသတ်၊ ကြက်သွန်အနံ့မွှေးလာရင် ငံပြာရည်နဲ့ သကြားအနည်း ငယ်ထည့်၊ ရေဆူ ၃ဇွန်း(ထမင်းစားဇွန်း)ထည့်ပြီး ကြော်ထားတဲ့ ငါးတွေထည့် ကြော်၊ ပင်စိမ်းရွက်လေး အုပ်ပြီး ချလို့ရပါပြီ။ စပ်စပ်လေးနဲ့ အရမ်းစားကောင်း ပါတယ်။


ငါးခူ ဖတ်ကဖောင်


ငါးခူပင်စိမ်း အစပ်ကြော်



ခင်မင်စွာဖြင့်
ဘေဘီ

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP