Lorem Ipsum

အကြော်လှော်များ (၂)

 Saturday, October 30, 2010

ကြက်ဟင်းခါးသီးနဲ့ ကြက်သားရော မစားရဘူးလို့ ကြားဖူးတယ် ။ တခါက မြန်မာကား တကားမှာရော မင်း
မော်ကွန်းက ကြက်ဟင်းခါးသီးနဲ့ ကြက်သား ရောစားမိလို့ အန်ပြီး သတိလစ်သွားတာ ကြည့်ဖူးတော့ စားဖို့
တော်တော် ကြောက်နေတယ်။ ကျမတော့ မစားဘူး ကြောက်လို့ သူ့ကိုပဲ ကျွေးလိုက်တယ် (အဲ့လိုချစ်တာ)
မဟုတ်ပါဘူး ဆီကြော်တွေ မို့လို့ မစားတာပါ ။သူကတော့ ပြောပါတယ် ဘာမှမဖြစ်ဘူးတဲ့ စားလို့ရတယ်တဲ့
စားပြီး ည အိပ်ခါနီးတောင် စိတ်မချနိုင်စွာ ပြောရသေးတယ် ။ ညကျရင် တကယ်လို့ တခုခုဖြစ်ရင် ဆားရည်
ဖျော်သောက်နော်လို့ ။ပြီးမှ အရေးပေါ် သွားမယ်လို့ ။ဒီနေ့ဆိုရင် ရောစားတာ ၁ပတ်ကျော်ပါပြီ ။ ဘာမှဖြစ်မှ
ဖြစ်မလာလို့ တော်သေးတယ် ။ ချက်ပြီး မှ သတိရတာပါ ။




ကြက်ဟင်းခါးသီး အသေးမျိုးတော့ သိပ်မစားဖြစ်ဘူ။ ခါးလွန်းလို့ သိပ်မကြော်ဖြစ်တာပါ ။ ကျေးဇူးရှင်က အ
ခါး မကြိုက်တတ်လို့ပါ။ ကျမကတော့ အခါးမှန်သမျှ အကုန်ကြိုက်တယ် ။ ဒီ ကြက်ဟင်းခါးသီးတော့ ကြော်
ဖြစ်တယ် ။ ကြက်ဟင်းခါးသီးကို ရေဆေးပါးပါးလှီး ၊ဆီပူးလာရင် ကြက်သွန်ဖြူ ဓါးပြာရိုက်ထည့် အနံ့မွှေးလာ
ရင်ကြက်ဟင်းခါးသီးနဲ့ ကြက်သွန်နီ ထည့်၊ ဆား ၊ အချိုမှုန့်၊ အရောင်တင်လေး နည်းနည်း ဖြူးပြီး အဖုံးအုပ်ပြီ
ကြော်တယ် ။ ပြီးမှ ပုဇွန်ခြောက် ရေစိမ်ထားတာ မညက်တညက် ထောင်းထည့်ပြီး အဖုံး မအုပ်ပဲ ချက်ကြော်
ပုဇွန်ခြောက် ကျက်လောက်ရင် ကြက်ဟင်းခါးသီပါနူးပါပြီ ။





စိုးရိမ်လွန်ခဲ့ရတဲ့ ကြက်ပေါင်ကြော်ပါ ။ ကြက်ပေါင်တွေကို သူများဘလောဂ့် တွေကနေ အတုခိုးပြီးလှအောင်
ဖန်တီးပေမယ့် အနုပညာ ပါရမီမပါလေတော့ ဒီလို မလှမပလေး ဖြစ်သွားရရှာပါတယ် ။ စားလို့တော့ကောင်း
ပါတယ်တဲ့ ။ ထုပ်ထုပ်လေး ဖြစ်အောင်လုပ်တာပါ ။ ကြက်သားကို ဆား၊ အချိုမှုန့် ၊ဆနွင်း ၊ အရောင်တင် ၊ င
ရုတ်သီးစိမ်း၊ ငရုတ်ကောင်း၊မဆလာ ၊ ဂျင်း ၊ကြက်သွန်ဖြူ အားလုံးကိုညှက်နေအောင် ထောင်းပြီးကြက်သား
နဲ့ ရောနယ်ထားပါတယ် ။ တနာရီလောက် နပ်ထားပြီ ကြော်ထားပါတယ် ။



ပဲတောင့်ရှည်ကို ကြက်သွန်ဖြူနဲ့ မိဆို အနှစ် ၊ခရုဆီလေး နဲ့အခြောက်ကြော်ထားပါတယ် ။


 

မှိုလုံးပုပုလေးတွေကို ပဲပုတ်စေ့နဲ့ ပင်စိမ်းရော ကြော်ထားတယ် ။ ကျမက မှိုအရမ်းကြိုက်လို့  ခဏခဏ တင်
ဖြစ်မယ်ထင်တာပဲ ။သီးခံပေးကြပါ ။

ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP