Lorem Ipsum

ငါးနဲ့ပေါက်ပန်းဖြူ ချဉ်ရည်ဟင်း

 Sunday, October 31, 2010



ငါးကြော်နဲ့ ပေါက်ပန်းဖြူ ချဉ်ရည်ဟင်းပါး ။

 

ဒါကတော့ ယိုးဒယား ချဉ်ရည်ဟင်းချက်တဲ့ အနှစ်ထုပ်လေးပါ ။ (Kaeng Som Curry Paste)



ငါးကို ဂျူံမှုန့်နဲ့ ဆား၊ ငရုတ်ကောင်းနဲ့ ရောကပ်ပြီး ကြော်ထားတာပါ ။

ယိုးဒယားရောက်တော့ ချဉ်ရည်ဟင်းတဲ့ ။ ဘာလည်း လို့မေးတော့ Kaeng Som တဲ့ ။ နီဝါရောင်လေး မုံလာ
ဥနဲ့ ငါးဥ ရောချက်ထားတာ၊ ပဲတောင့်ရှည်နဲ့ မုံလာဥ ငါး ရောချက်ထားတာ ၊ ငါးကို ကြော်ပြီး ပေါက်ပန်းဖြူနဲ့ ဒန့်သလွန်သီးရော ချက်ထားတာ ။ တော်တော် သဘောကျသွားတယ်။ ချိုချဉ်လေး စပ်လည်း သိပ်မစပ် ဘူး ။ ဒါနဲ့ အာရှဆိုင်ရောက်ရင် အနှစ်ရှာကြည့်တော့ တွေ့တယ် ။ တဗူးဝယ်လာပြီး အစမ်းချက်စားတာ ကောင်းတော့ အမြဲချက်စားဖြစ်တယ် ။ အရမ်းလွယ်ပါတယ် ။

ကြက်သွန်နီဖြူ ၊ဂျင်းနဲ့ ငရုတ်သီးစိမ်းကို နှုတ်နှုတ်စဉ်းပြီး ဆီသတ်လိုက်တယ်။ (သူတို့ဆီကတော့ ဆီမပါပါဘူး) ဆီသတ်တဲ့ထဲ ဟင်းအနှစ်ကို ထည့်ပြီး ဆီသတ် ငါးကို ကြော်ပြီးထည့် ၊ငံပြာရည်နဲ့ မန်ကျီးမှည့်ထည့် ။ ထည့်ချင်တဲ့ အသီးအရွက်တွေ ထည့်ပြီး စားလို့ရပါပြီ။  

သူတို့ ဆီကတော့ ရေဆူထဲ ဟင်းနှစ်ထည့် ၊ငါး ၊ငါးဥနဲ့ အသီးအရွက်ထည့် ၊သကြားနဲ့ မန်ကျီးမှည့်ထည့်ပြီး ဆူပွက်လာရင် သောက်လို့ရပြီတဲ့ ။ ကျမချက်တာတော့  မြန်မာဆန်သွားတယ် ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP