Lorem Ipsum

ဆူကီ လုပ်စားပါသည်

 Saturday, November 20, 2010


ဆူကီကို ထိုင်းမှာ စားဖူးတာပါ။ MK စားသောက်ဆိုင်တွေမှာ ရောင်းတာ စားဖူးခဲ့တယ် ။ သူတို့ကတော့ လျှပ်စစ် အိုးတွေမှာ အားလုံး ရောပြုံပြီး တပုံဆီလေးတွေ ထည့်ပြုတ်တာပဲ ။ဂျပန်က လူတွေကတော့ ပိုသိ မယ်ထင်တယ် ။ အလုပ်ပိတ်တော့ ကလေးတွေကို လုပ်ကျွေးဖြစ်တာပါ ။ဆူကီတော့ ဆူကီပေါ့ ။ ကြေးအိုးလိုလိုပေါ့ ။ ကျမကတော့ ဆူကီစောစ့်တွေ အရမ်းကြိုက်ပါတယ် ။ အစပ်လည်း ကြိုက်သလို ၊အစပ်မပါ တာ လည်း ကြိုက်တာပါပဲ ။


တိုဖူးကို ဒီလို လေး တုံးပြီး ပြုတ်ထားပါတယ် ။ ဟိုဖက်က ဆူကီစောစ့်ပါ ။ ဒီဖက်ကတော့ ဆူကီစောစ့်ကိုငရုတ်စိမ်း၊ သံပုရာသီး နဲ့ နံနံပင် ထပ်ဖြည့်ထားတာပါ ။


ငါဆုပ်လုံးတွေ ကိုလည်း ပြုပ်ထားပါတယ် ။



အမဲသား အလုံးတွေ ပြုပ်ထားတာပါ ။



ပဲပင်ပေါက် ရေနွေးဖျောရယ် ၊တရုတ် မုံညှင်းဖြူရယ် ပေါ့



ကြာဇံပြုပ်ပါ



ကြက်သားရယ် ငုံးဥရယ်၊ မှို ရယ်ပြုပ်ထားပါတယ် ။ အရွက်စုံရင် ပိုကောင်းပါတယ် ။ကလေးတွေက မကြိုက် လို့ပါ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP