Lorem Ipsum

ရွှေကြည် ဆနွင်းမကင်း

 Wednesday, December 01, 2010



ရွှေကြည် ဆနွင်းမကင်း လုပ်စားတယ်။ ခါတိုင်း အုန်းနို့နဲ့ လုပ်နေကျ။ ဒီတခါတော့ အုန်းနို့ကုန်နေတာနဲ့ ထွက်ဝယ်ရမှာ ပျင်းလို့ ရှိတာတွေနဲ့ စမ်းလုပ်တယ်။ ဒါပေမဲ့ အခါတိုင်းထက် ပိုစားကောင်းတယ်။ နောက်ဆို ဒီနည်းနဲ့ပဲ လုပ်မယ်။ အုန်းနို့က သွေးတောင်တိုးသေးတယ်။


 


ဒယ်အိုးတည်ပြီး ထောပတ်( Ghee) ထမင်းစားဇွန်း (၃) ဇွန်းထည့်။ ပူလာရင် သစ်ကြားစေ့(မထည့်ရင် လည်းရပါတယ်။ အိမ်မှာ ပိုနေလို့ပါ) ကို သေးသေးလေးတွေ လုပ်ပြီးကြော်ပါတယ်။ နီဝါရောင်လေး သန်း လာ ရင် ဆယ်ထား။ ကျန်တဲ့ ထောပတ်ထဲ ရွှေကြည်မှုန့်ထည့်ပြီး လှော်ပါတယ်။ ရွှေကြည်လည်း နီဝါရောင် လေး ဖြစ်လာရင်၊ သကြား၊ နို့ဆီ၊ နို့ ၊ ကော်ဖီမိတ်  (Nestle) ထည့်ပြီး ရောမွှေပါတယ်။ ရေဆူထည့်ပြီး မွှေ ပေး ရေခန်းသွားရင် မုန့်သား ရမရ လက်လေးနဲ့ချေကြည့်။ ကျမကတော့ ပါစပ်ထဲ ထည့်ပြီး ကြည့်ပါတယ်း) သစ်ကြားစေ့တွေ ထည့်မွှေပြီး မုန့်သား ရလာရင် ဖုတ်မဲ့ အိုးထဲထောပတ်သုတ်ပြီး ရွှေကြည်တွေလောင်း ထည့်၊ မုန့်မျက်နှာပြင်ညီအောင်ညှိပြီး ဘိန်းစေ့၊ အုန်းသီးဖတ်တွေ ဖြူးပြီး အိုဗင်ထဲ မိနစ် ၂၀ ဖုတ်ပါတယ်။ 350 Fံပါ။

ရွှေကြည်မှုန့်        ၁ ပေါင်
ထောပတ်           ၃ဇွန်း( ထမင်စားဇွန်း)
သကြား             ၁/၂ ပေါင်
နို့                     ၁ ဖန်ခွက်
နို့ဆီ                  ၁/၂ ဗူး
ကော်ဖီမိတ်         ၁ခွက်
ရေဆူ                ခန့်မှန်း
အုန်းသီး             အနည်းငယ်
ဘိန်းစေ့             အနည်းငယ်
ဒါတွေ ရှိရင် ဖုတ်လို့ရပါပြီ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP