Lorem Ipsum

ကြက်သားနဲ့ အာလူးဟင်း

 Saturday, December 04, 2010

 ကြက်သားကို တမျိုးတည်း ချက်စားရတာ ပျင်းလာတာနဲ့ ယိုးဒယားဟင်းတွေ ချက်စားရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ အိမ်ရှေ့က ဆိုင်ပြေးပြီး ထိုင်းဟင်းချက်တဲ့ မဆလာတွေဝယ်လာတယ်။ အုန်းနို့နဲ့ ပင်စိမ်း ရွက်ပါ ၀ယ်လာခဲ့တယ်။

ကြက်သားနဲ့အာလူး ချက်ဖြစ်ပါတယ်။ ပထမဆုံး ကြက်သားကို အရွယ်တော်တုံးထား။ အာလူး ကိုအခွံနွါပြီး ရေစိမ်ထား။ ဒယ်အိုးတည် ဆီအနည်းငယ်ထည့် ထိုင်းဟင်း မဆလာအနှစ်ကို ၂ဇွန်း (ထမင်းစားဇွန်း) ကိုရေအနည်းငယ် ဖျော်ပြီးထည့်၊ အုန်းနို့နည်းနည်းဆီ ထည့်ချက်၊ အုန်းနို့ခမ်း သွားရင်၊ ဆီထွက်လာပါလိမ့်မယ်။ တုံးထားတဲ့ ကြက်သားထည့်၊ ၅မိနစ်လောက်ကြာရင် အာလူးထည့်၊ အုန်းနို့နဲ့ ငံပြာ ရည်ထည့်၊ ရေဆူနဲနဲ ထည့်ပြီးဆက်တည်ထား။ ၁၀ မိနစ်လောက်ကြာရင် Sweet Basil အရွက်ခြွေထည့် ရပါပြီ။

ဟင်းကိုမြည်းပြီးမှပဲ ဆားနဲ့ အချိုမှုန့် အပေါ့အငံ လိုတာထပ်ထည့်ပါ။ ဟင်းနှစ်ထဲမှာ အငံတွေပါနေလို့ပါ။

Sweet Basil ရွက် မထည့်ခင်ကပါ။











                                              Sweet Basil ထည့်ပြီးမှပါ။




ပုံတွေများသွားတာက ကျမကို ပုံတွေ အများကြီးတင်နော်လို့ တောင်ဆိုထားတဲ့ ညီမလေး တယောက်ရှိနေ လို့ပါ။ အရိုးသားဆုံး ၀န်ခံရရင် ကိုယ်လည်း ပုံသာမရိုက်တတ်တာပါ အများကြီးကို တင်ချင်ပါတယ်။


  
ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP