Lorem Ipsum

ဘဲသားဆီပြန်နဲ့ မန်းကျီးသီးကြော်

 Thursday, December 09, 2010








ကျမက ဘဲသားဆို ပြောသလောက်မစားဖြစ်ဘူး။ ဒါပေမဲ့ ဘဲကင်၊ ပီကင်းဘဲကြော် ဘဲသားခေါက်ဆွဲ၊ ဒါတွေတော့ စားဖြစ်တယ်။ ဘဲသား ကွေ့သယိုက အရမ်းစားကောင်းတယ်။ တနှစ်မှာ တခါ လောက်ပဲ စားဖြစ်တယ်။ ငယ်ငယ်ကဆို အိမ်မှာ မေမေက ဘဲတွေ ကြက်တွေမွေးထားတယ်၊ မေမေ့အသိ တရုတ်ကြီးက စားသောက်ဆိုင်ရှိတော့၊ ဘဲကင်စားချင်ရင် မနက်အစောကြီးကတည်းက ဘဲနှစ်ကောင်သွားပေး ထားရတယ်။ ညနေဆို ဘဲကင်ရပြီ။ ကိုကိုက ဘဲကို ယူသွားတော့မယ်ဆို အရမ်းစိတ် မကောင်း ဖြစ် တာပဲ။ညနေလည်းကျရော မနက်ကစိတ် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ စားချင် ဇော ကြောင့် နေမှာ နော်။ ခုမှစဉ်းစားမိတယ်။ ဘဲလေးကသနားစရား) ကျေးဇူးရှင်ရဲ့ ရုံးက သူငယ်ချင်းက သူ့သူငယ်ချင်း ဘဲမွေးထားတယ်လို့ပြောသတဲ့။ သူကလည်း ဘဲသားစားကြောင်း ပြောပြဖြစ်သတဲ့။ နောက်နေ့လည်း နေ ရောရုံးကို ဘဲနှစ်ကောင် သယ်လာပြီး နင်စားတယ်ဆိုလို့ ငါယူလာပေးတာဆိုတော့ အားနာတဲ့ကြားကပဲ ယူလာခဲ့တယ်တဲ့။ ဘဲကိုလည်း သေချာ အမွေးနှုတ်ပြီး သန့်စင်ပေးထားတယ်။ တော်ပါသေးရဲ့ နို့မို့ဆို ဘယ်လိုလုပ်ရမယ် မသိပါဘူး။ တခါကလည်း ကျမယောင်းမက ကြက်တွေ ယူမလားယောင်းမလို့ ဖုန်းဆက်လာတော့ ယူမယ်လို့ ပြောလိုက်တယ်။ ဘာမှလည်းမမေးမိဘူး။ တကောင်ထဲ ကျန်တော့တယ်တဲ့။ ယူလာပေးတော့ အရှင်ကြီး ကျမမှာ ဘယ်လိုလုပ်ရမှန်းမသိဘူး။ တညတော့ ရေချိုးခန်းထဲမှာ ထားလိုက်တယ်။ ကြက်က တော်တော်ပူတာပဲ။ တခန်းလုံး နံဟောင်နေတာပဲ။ ဘယ်မှာ သွားပြစ်ရမျာလဲ။ ကျေးဇူးရှင်ကတော့ မွေးမယ်တကဲကဲ လုပ်နေတာ။ သူတို့ညီအကို နှစ်ယောက် ရန်ကုန်အိမ်မှာ ဒီလိုပဲ မွေးထားခဲ့တာတဲ့။ ခြင်ထောင်ထဲမှာ ထည့်ထားပြီးမွေးတယ်ဆိုပဲ။ အဲ့တုန်းက အိမ်ကလည်း အငှါးဆိုတော့ အပေါ်ထပ်မှာ တော် တော်ဒုက္ခ ရောက်သွားတယ်။ ရေချိုးခန်းက ၀င်လို့တောင်မရတော့ဘူး။ ဖြစ်ချင်တော့ ဦးဇင်းတပါး ကြွလာတယ်။ ရေချိုးခန်းခဏ ၀င်မယ်ဆိုတော့ ကျမက ၀င်လို့မရဘူး ဘုရားဆိုတော့ ဘာဖြစ်လို့တုန်းတဲ့။ အကြောင်းစုံ ပြောပြလိုက်တော့ ဦးဇင်းက ကျောင်းကို ယူသွားလိုက်မယ်တဲ့။ တော်သေးတယ် ဦးဇင်းကယ် ပေလို့ :D ဦးတည်ရာ လွဲကုန်ပြီ။ ဘဲသားဆီပြန်ချက်မယ် အိုကေ :)

စပြီနော် ............ ဘဲသားကို အရွယ်တော်တုံးပြီး စပါးလင်နှစ်ချောင်းကို ကြိတ်စက်ထဲ ထည့်ကြိတ်၊ အရည်ညစ် ဘဲသားထဲထည့်၊ ငံပြာရည်နဲ့ ကြက်သားမှုန့် အနည်းငယ်ထည့်ပြီး နှပ်ထားလိုက်တယ်။ တနာရီလောက်ဆို ရပါပြီ။ ဆီအိုးတည် ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ခြောက်တို့ကို ညက်အောင်ထောင်းပြီး ဆီသတ်။ ကြက်သွန်နီဝါရောင် သန်းလာရင်၊ ဘဲးသားထည့်၊ ၁၀ မိနစ်လောက် ရေခန်းအောင် ကြော်လိုက်တယ်။ ငံပြာရည်၊ အချိုမှုန့် ထည့်ပြီး ရေမြုပ်ရုံလေးထည့် ဆက်နှပ်ထား လိုက်တယ်။ ရေခန်းရင် နူးပါပြီ။ ကျမက စပါလင်တို့ ငံပြာရည်တို့ ထည့်ရင် မဆလာမသုံးပါဘူး။ အရသာကထုံ သွားတတ်လို့ပါ။ စပါလင်ထည့်တာက ဘဲသားက အနံ့ တမျိုးရှိနေတတ်လို့ပါ။ အဲ့ဒီအနံ့ကို စပါလင်အနံ့က နိုင်လို့ပါ။






မန်ကျီးသီးစိမ်း ရလာတယ်လေ ၊ ဒါနဲ့ပဲ ပုဇွန်ခြောက်နဲ့ ကြော်လိုက်တယ်။ မန်ကျီးသီးကို ရေဆေး ပြီး ခြစ် လိုက်တယ်။ ပြီးမှ ဆုံမှာထည့် ဆားနဲနဲထည့်ပြီးထောင်း၊ ဆီအိုးတည်၊ ပူလာရင် ကြက်သွန်နီး/ဖြူ ပါးပါးလှီး ထည့်၊ ကြက်သွန် အရောင်လှလာရင် ဆနွင်းမှုန့်နဲ့ အရောင်တင် အနည်းငယ်ထည့်၊ မန်ကျီးသီး၊ ပုဇွန်ခြောက်ငရုတ် သီးလှော်မှုန့်၊ စိမ်းစားငါပိ၊ အချိုမှုန့်ထည့်ကြော်၊ ရေဆူနဲနဲထည့်ပြီးကြော်၊ ရေခြောက်ပြီး ဆီပြန် လာ ရင်ချလို့ရပါပြီ။



အရည်သောက်အနေနဲ့ တရုတ်နံနံနဲ့ ကြက်ဥ ဟင်းချိုလုပ်တယ်။ ဘဲသားက တက်တယ်ဆိုတော့၊ တရုတ်နံနံ (Cerely ) ကသွေးကျတယ် ပြောကျ တယ်။ ရေဆူထဲ ကြက်သားမှုန့်၊ ကြက်သွန်ဖြူထည့်ပြီး ပေးဆူလိုက်တယ်။ တရုတ်နံနံ ပါးပါးလှီးထည့်ပြီး ပွက်ပွက်ဆူလာရင် ကြက်ဥနှစ်လုံး ခေါက်ပြီး ထည့်မွှေလိုက်ရင် အတက်ကို အတင်းဆွဲချမဲ့ အဆင်းဟင်းချိုလေး ရပြီပေါ့ :)





ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP