Lorem Ipsum

ပေါချောင်ကောင်းများ သွားမွှေသည်

 Thursday, December 23, 2010

ဈေးတွေ လိုက်ဝယ်နေတယ်။ လျော့ဈေးတွေဆိုလို့ မထူးပါဘူး။ ကိုယ့်ဖက်က တူနဲ့တူမလေး၆ယောက်သူ့ ဖက်က တူနဲ့တူမလေး၎ယောက်၊ တော်သေးလို့ သူ့အမကြီးရဲ့သားသမီး၎ယောက်က ဒီမှာပဲရှိနေလို့ နောက်မို့ဆို သေရချည်ရဲ့။ ဒါတောင် လူကြီးတွေဖို့ မပါသေးဖူး။ ဒီလောက်ပစ္စည်းတွေကို လူကြုံပါးတာ ထင်ပြီး ဂဏန်းမျက်လုံးတွေ မဖြစ်သွားကြပါနဲ့အုံးနော်။ ကိုယ်တို့ နေတဲ့မြို့ကနေ မြန်မာပြန်မဲ့ လူတွေနေတဲ့ မြို့ထိ စာတိုက်ကနေ ပို့ခပါသေးတယ်။ အဲ့ဒီကနေ သယ်သွားခ တပေါင်ကို ၆ ဒေါ်လာပေးရပါတယ်။ ပစ္စည်း တခါ ပို့ရင် ပို့ခနဲ့တင် သေနိုင်တယ်။ ဒါပေမဲ့ကလေးတွေက ပစ္စည်းရရင်ပျော်ကျတာပေါ့။ ဒါနဲ့ မနေ့ကတော့ ပိစိလေးတွေ အတွက် သွားဝယ်ခဲ့တယ်။ အခုညနေ ဆက်လက်ချီတက်ရပါအုံးမယ်။ ကိုယ့်အမရဲ့သမီးလေး တွေက ၁၉၊ ၁၆၊ ၁၃ ဆိုတော့ ကလေးတွေလို ပို့ပေးရင် ကောက်ကျရော။ တူမလေး အကြီးမကို သမီးရယ် လှိုင်ဇာမှာ သွားဝယ်ပါလား နေ့ချင်းတောင် ပြန်လို့ရတယ် ကိုယ့်စိတ်ကြိုက်လည်းရတယ်။ အန်တီပိုက်ဆံ ပေးပေါ့မယ်ဆို မဟုတ်ဘူးတဲ့။ အမေရီကားကမှတဲ့ အမေရီးကားမှာလည်း အားလုံးတရုတ်ပြည်ကပဲလေ ဆိုတာလည်း အဲ့ဒီကဟာက အကောင်းစားတွေ တင်တာဆိုပဲ။ ဒီမှာက အကျန်တွေ မလှပတဲ့ ဈေးပေါတဲ့ ဟာတွေ နိုင်ငံကြည့်ပြီး ရောင်းတာတဲ့လေ။ လှိုင်ဇာဆိုတာ တရုတ်ပြည်နယ်စပ်ပါ။ ကိုယ်တို့ အိမ်ကနေ မနက်မိုးမလင်းခင်ထွက်ရင် ဈေးဝယ်ပြီးပြန်လာရင် ညနေအိမ်ကိုရောက်ပါတယ်။ အမေရီးကားကို တော်တော် အထင်ကြီးနေကျတယ်။ ရောက်လာမှ သိကြလိမ့်မယ်။ ရောက်ဖူးသူတွေ ရောက်နေတဲ့သူ တွေကသာ သိကြလိမ့်မယ်။ ထားပါတော့ ခုလောလောဆယ်တော့ ဟင်းမတင်အားလို့ ဒီပုံတွေတင်တယ် နော် :) လာဖတ်တဲ့လူတွေလည်း ပိစိလေးတွေ ရှိရင်ပြော Made in China တွေအမေရီးကားကနေ ပို့ပေး ပါ့မယ်။









ဒါလေးတွေက အားလုံးပေါ့။ မနေနိုင်လို့ ပန်ကန်လေးပါ ထပ်ဝယ်လာလိုက်တယ် :) ဒီအသုတ်က ၂၅ % လျော့ထားတယ်။ ၂၀၀ နီးပါးဝယ်တာ ၄၆ဒေါ်လာ လျော့တယ်။

အားလုံးပဲ Merry Christmas & Happy Holidays par :)


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP