Lorem Ipsum

ပဲကုလားဟင်း၊ ငါးခြောက်ကြော်၊ ပန်းပွင့်ကြော်နဲ့ ဆိတ်သားကြော်

 Monday, December 27, 2010



တော်တော်လေး ကြာခဲ့တဲ့ နေ့တနေ့ကပေါ့ကွယ် :) သီမစုံပဲကုလားဟင်း ချက်စားတယ်။ သီးစုံ ပဲကုလား ဟင်းကို တခါတလေ အသီးအနှံတွေကို ဆီသတ်ပြီး၊ ပဲကိုသတ်သတ်ပြုပ်ထည့် ချက်ဖြစ်သလို၊ တခါတလေ တော့လည်း ပဲကို အရင်ဆီသတ်ပြီး သီစုံကို နောက်မှထည့်တယ်။ ဒါကတော့ ပဲကို ရေစိမ်ထားလိုက်တယ်။ ဆီအိုးရရင် ကြက်သွန်နီ/ဖြူ၊ ဂျင်းထောင်းပြီး ဆီသတ်ပါတယ်။ ဆနွင်းနဲနဲနဲ့ အရောင်တင်မှုန့် နဲနဲထည့်ပြီး ကုလာပဲခြမ်းတွေကို ထည့်လိုက်ပါတယ်။ ပဲမနူးတနူးလေးမှာ သီးစုံထည့်ပါတယ်၊ ခရမ်းချဉ်သီးတလုံး ပါးပါးလှီးထည့်ပါတယ်။ ဆား၊ အချိုမှုန့်ထည့်ပါတယ်။ ပဲနဲ့ အသီစုံလေးနူးရင် မဆလာနဲနဲနဲ့ မန်ကျည်းမှည့် ဖျော်ထည့်ပါတယ်။ နောက်ဆုံးမှာ နံနံပင်ထည့်လိုက်ပါတယ်။




ဒါက အရိုးထွင်ပြီးသား ငါးဝယ်လာပါတယ်။ သူက အရေပြာတော့ပါတယ်။ အရိုးပဲ ထုတ်ထားတာပါ။ အတုံး သေးသေးလေးတွေ တုံးပြီး ဆားခပ်များများနဲ့ ငါးဆားနယ် လုပ်ထားလိုက်တယ်။ နှစ်ရက်ကြာတော့ရေ ဆေးပြီး ရေစစ်ထားလိုက်တယ်။ ဒယ်အိုးထဲ ဆီများများထည့် ပူလာရင် ရေစစ်ထားတဲ့ ငါးတွေထည့်၊ ဆ နွင်းနဲ့ အချိုမှုန့်ထည့်၊ ငါးရခါနီးမှာ ကြက်သွန်ဖြူ တလုံးကို ထောင်းပြီးထည့်ပါတယ်၊ ငါးကြွပ်ခါနီးမှ ငရုတ်သီး မှုန့်ထည့်ပါတယ်။




ပန်းပွင့်ကို အရင်ဆုံး ရေဆေးပြီး စစ်ထားပါတယ်။ ရေရှိနေရင် ကြော်တဲ့အခါ ဘဲဥထည့်လို့မရလို့ပါ။ ကြက် သွန်ဖြူ ဆီသတ်ပြီး ပန်းပွင့်ထည့်၊ ခရုဆီနဲ့ ငံပြာရည်ထည့်၊ ဘဲဥ ၂လုံးဖောက်ထည့်၊ မွှေကြော်ပလိုက်၊ နောက်မှ နံနံပင်ထည့် ရပါပြီ။
 
 


ဆိတ်သားကြော်ပါ။ ဆိတ်သားကို အတုံးသေးသေးလေးတွေ လုပ်ပြီး မန်ကျည်းရည်နဲ့ နှပ်ထားတယ်။ တနာ ရီလောက်ဆို ရပါပြီ။ ပြီးမှ ရေဆေး ဂျင်းနဲ့ထောင်းပြီးနယ်။ ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်ထည့်ပြီး ရေဆူထည့် ပြုပ်တယ်။ ဆိတ်သားနူးပြီး ရေခမ်းသွားရင် ဆီအိုတည် ကြက်သွန်ဖြူ ဆီသတ်ပြီး ဆိတ်သားထည့်ကြော်၊ အရမ်းမကြွပ်ခင် ချလိုက်တယ်။


ကျေးဇူးရှင်က ကိုယ့်ကိုမေးတယ်။ ဓါတ်ပုံက ဒီတနေရာထဲပဲ ရိုက်တတ်လားတဲ့ ! လာလည်သူတွေလည်းဒီ လိုပဲထင်နေမှာနော်။ ဟုတ်တယ် တခြားနေရာက မီးဝါလို့။ ဒီနေရာက အလင်းရတာ ကောင်းလို့ပါရှင် :)


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP