Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၁၆)

 Sunday, February 12, 2012


ဆယ်လ်မွန်ငါးကို ဆီနည်းနည်းနဲ့ကြော်ပြီ၊ ကြက်သွန်ဖြူ ဆီသတ်၊ ပဲပုပ်စေ့စောစ့်နဲ့ အသားမှုန့်နဲနဲ၊ ရေဆူ နဲနဲရောပြီး အနှစ်လုပ်ဆမ်းထားတာပါ။




ကြက်သားကို ခရုဆီ၊ နှမ်းဆီ၊ ကြက်သွန်ြူထောင်း၊ ငရုပ်ကောင်းမှုန်တို့ရောပြီးနှပ်ထားပါတယ်။ ဂျင်းပါးပါးလှီးပြီး ဆီသတ်၊ နှပ်ထားတဲ့ ကြက်သားထည့်၊ အပေါ်ယံအရေလေးတင်းလာရင် ရေဆူနဲနဲထည့်ပြီး အချိုချက်ထားပါတယ်။



သရက်သီး ငပိချက်ချက်ပါတယ်။

ပိန်းဥနဲ့ မုန့်ညှင်းဟင်းချိုပါ


ခရမ်းသီးကို မီးဖုတ်ပြီး၊ သံပုရာသီး၊ ငရုပ်သီးစိမ်း၊ ကြက်သွန်မိတ်၊ နံနံပင်၊ ဆီကျက်နဲ့ ငံပြာရည်တို့ထည့်ပြီး သုပ်ထားတာပါ ။ လာလည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။



ခင်မင်စွာဖြင့်
ဘေဘီ

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP