Lorem Ipsum

ငါးကြော်ချဉ်စပ်

 Wednesday, April 25, 2012


ဒီနေ့တော့ ငါးကြော် ချဉ်စပ်လေး တင်ပါ့မယ်။ ပထမဆုံး ငါးကို အကြေးထိုး ဗိုက်ဖောက် ရေဆေး၊ ဓါးနဲ့ မွှန်းပြီ၊ ဆား၊ ဆနွင်းနဲ့နယ်ထားပါ့မယ်။ ကြော်မဲ့ ဆီအိုးတည်၊ ဆားဆနွင်းနယ်ထားတဲ့ ငါးကို ကော်မှုန့် အနည်းငယ်ကပ်ပြီ အနေအောင် ကြော်ပါ့မယ်။

ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်းနဲ့ ခရမ်းချဉ်သီးတို့ကို နုပ်နုပ်စဉ်းပြီ ဆီသတ်၊ မန်ကျည်းမှည့် အရည်အနည်းငယ်ထည့်၊ ဟင်းချက်ဝိုင်၊ ငံပြာရည်နဲ့ အချိုမှုန့် အ နည်းငယ်ထည့်၊ ရေဆူ ခွက်ဝက်လောက်ထည့်ပြီ၊ ချဉ်စပ်လေးဖြစ်အောင် တည်ပါ တယ်။ နောက်ဆုံးမှာ ကြက်သွန်မိတ်နဲ့ နံနံပင်ရိတ်ရိတ်လှီးထည့်ပြီ ကြော်ထား တဲ့ ငါးပေါ်လောင်းလိုက်တာပါပဲ။ ချဉ်စပ်လေး ကောင်းတယ်း)


ငါးကြော် ချဉ်စပ်

း)

မအားလို့ တနေ့တမျိုးပဲတင်ပါ့မယ်။ လာလည်သူတွေကို အရမ်း အရမ်း ကျေးဇူး တင်ပါတယ်။ စလုံးက မောင်နှမတွေကတော့ အများဆုံးပါပဲး) ခုတလော မြန်မာ ပြည်က ယူအက်စ်ထက်တောင် ပိုသာသေးး) အားလုံး အားလုံးကို ကျေးဇူးပါး)


ခင်မင်စွာဖြင့်
ဘေဘီ


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP