Lorem Ipsum

သီချင်းကြောင့်ပါ

 Thursday, January 06, 2011

ဘာရယ်မဟုတ်ပါဘူး ဟိုတခါက တိုက်ဆိုင်ပုံလေး သွားသတိရမိလို့ပါ။ ကိုယ်က ကျေးဇူးရှင်ကို စိတ်ဆိုး ပါတယ်။ အဲ့ဒါလည်း သူများကြောင့်ပါ။ ထမင်းစားချိန် ထမင်းပြန်မစားဘူး တလောကလုံးက လူတွေရဲ့ အ လုပ်တွေ လိုက်လုပ်နေတတ်လို့လေ။ မနက်စာနဲ့ ညနေစာ ပေါင်းစားတတ်တယ်။ စနေ၊ တနင်္ဂနွေလည်း မနားရဘူး။ ရုံးပြီးလို့လည်း မနားရပြန်ဘူး။ အိမ်ထိ လိုက်လာကြတဲ့လူတွေက ကူညီပေးရတယ်။ အဲ့ဒါနဲ့ပတ် သက်လို့ တခုခုဖြစ်လို့ နေမကောင်းဖြစ်ရင်တော့ ကိုယ်ကပဲ ဂရုစိုက်ရမယ်ပေါ့။ ဘာညာကွိကွ နေကြာကွာစေ့ပေါ့လေ သိတယ်မှလာ ရစ်တာပေါ့။ အဲ့ဒါနဲ့ စကားများကြပါတယ်။ ဒေါကန်ကန်နဲ့ သီချင်းတွေ အော်ဆိုနေတာ (ဘေးအိမ်ကတောင် ရဲခေါ်တော့မလို့ :P တူများ တီချင်းတံ လှလှပပလေးကို မနာ လိုကြ တာများနော်)



အဲ့ဒါနဲ့ ဒီသီချင်း ဖွင့်ပြီး လိုက်အော်နေတာပေါ့ :) (အသံကောင်းတယ် ထင်မနေနဲ့အုံး ရန်ဖြစ်သံနဲ့ :) )




သူကလည်း အားကျမခံ လိုက်ဗြဲတာပဲ သိလာ ဒီသီချင်းလေးနဲ့ပေါ့။ နောက်နေ့တော့လည်း ပြန်ခေါ် လိုက်ပါ တယ်လေ တီနားလို့ :) သူကလည်း ကြားချင်သေးတယ် ချစ်လို့လား? သနားလို့လား? တဲ့ ရှက်ရမ်းရမ်းပြီး သီချင်းထဲက စာသားတချို့ ကြောင့်ပါလို့ ပြောလိုက်ပါတယ်။ သြော် ဒီအသက်ရွယ်မှ မေးခံရတော့လည်း ရှက်သွေးဖြာ တတ်တုန်းပါပဲ လားလို့ တွေးမိတယ် :P



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP