Lorem Ipsum

ပုဇွန်ကြော်

 Friday, October 15, 2010


 ပုဇွန်ကြော်ချက်လို့ ခေါ်မလား ။ ပုဇွန်ကို အခွံခွါ ကျောလယ်က ချေးထုတ်ပြီး ရေးဆေးထားပါ။ ကြက်သွန်နီ/ဖြူ ၊ ဂျင်းကို နှုတ်နှုတ်စဉ်း ထားပါ ။ဆီအိုးတည် စပါးလင် ပါးပါးလှီးထည့် ငရုတ်သီးစိမ်းနှစ်ခြမ်း ခြမ်းထည့်ကြက်သွန်နီ/ဖြူ၊ ဂျးင်းကိုထည့် ကြော်ပါ ။ ကြက်သွန် အရောင်လေးလှပြီး မွှေးလာရင် ကိုရီးယား ပဲငါပိအနှစ် အနည်းနည်း ထည့်ပါ ။ ပြီးမှ ပုဇွန်ထည့် ငံပြာရည်နဲ့ ခရုဆီလေး လိုအပ်သလောက် ထည့်မွှေပါ။ ပုဇွန်က အရမ်းကြာ အောင်ချက်လို့ မကောင်းဘူးလေ ။ ဒါကြောင့် ၃မိနစ်လောက်ဆို ငရုပ်ကောင်းလေး ဖြူးပြီးချလို့ရပြီ မိုးမျှော်သီး အခြောက် ကိုရီးယားဆိုင်က ရလို့ကြော်ထား လိုက်တယ် ။ နေရာတကာထည့် နေတော့တာပဲး)






ဘာလို့ ပုံတွေအများကြီး တင်နေလည်းလို့  မစဉ်းစားမိဘူးလား? သူများ ရိုက်တဲ့ပုံတွေက အရမ်း လှတာမြင်နေရတယ် လေ ။ အမျိုးမျိုးလည်း  ရိုက်ကြတယ် ။ ဒါကြောင့် ရိုက်ဖူးသည် ရှိအောင်  ရိုက် ကြည့် တာပါး)


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP