Lorem Ipsum

ဂျူံကျို

 Thursday, October 14, 2010

ငယ်ငယ်တုန်းက အကြိုက် မုန့်လေးတွေပေါ့း) ဂျူံကျို တဲ့ တကယ်တော့ ပြောင်းဖူးနဲ့ လုပ်ထားတာပါ။ လုပ် စား မယ် လုပ်စားမယ် နဲ့ မလုပ်စားဖြစ်ဘူး ။ ဒီတခေါက်တော့ အကောင်ထည် ဖော်ဖြစ် ပါတယ်။ ပြောင်ဖူး အခြောက် ကြိတ်ထားတာ တွေ့တာနဲ့ လုပ်စား ဖြစ်တယ် ။ တကယ် လုပ်တော့ သိတ်မစား ဖြစ်ဘူး ။ ကေ လး မှ မဟုတ် တော့တာနော်း) အရင်က အရမ်းကြိုက်တဲ့ မုန့်တွေ အခုမကြိုက်ပြန်ဘူး စာချင်တယ် ဆိုပြီး လုပ်ဖြစ်တယ် ။ တကယ် တမ်းတော့ မစားဖြစ် တော့ဘူး ။ အင်းလေ အရင်ကလို ဘာစားစား စားဝင်တဲ့ အရွယ် မဟုတ် တော့တာလည်း ပါမှာပေါ့လေ ။


 ဒါပြောင်းဖူး အခြောက်ကို တညရေစိမ်ထားတာပါ ။ဆားဆော်ဒါ နည်းနည်းထည့်ပြီး စိမ်ထားတယ်။


 ဒါကတော့  ရေစိမ်ထားတဲ့ ပြောင်းဖူးကို နူးနေအောင် ပြုတ်လိုက်တာပါ ။ ပြီးမှ ကြံသကာရည်နဲ့ထပ်ကျိုထားတယ် ။ အပေါ်က အုံးသီးခြစ်ပြီး ဖြူးရုံပေါ့ ။ ကလေးငယ်တွေ ရှိတဲ့ အိမ်မှာတော့စားကောင်းမှာပါ ။ မြန်မာပြည်မှာတော့ ထန်းလျှက်နဲ့ လုပ်သလားမသိဘူး ။ ဒီမှာက ထန်းလျှက် ရှားတယ်လေ ။ ဒါကြောင့် ကြံသကာနဲ့ လုပ်စားဖြစ်တယ်။





 
ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP