Lorem Ipsum

ချဉ်ပေါင်နဲ့ငါးသေတ္တာချက်

 Sunday, October 17, 2010

ချဉ်ပေါင်တွေ ၀ယ်ပြီး ကျိုထားတာ ကြာလှပြီ ။ အရင်ကချဉ်ပေါင် အရမ်း ကြိုက်ပေမဲ့ ခုတလော သိပ်မစားချင် ပြန်ဘူး ။ လူ့သဘာဝကိုက အဲ့လိုပဲနေမှာ ။ ရှိရင် မစားချင်ပြန် မရှိတော့လည်း တောင်းတ ပေါ့ ။ မိုးလည်းရွာ နေတော့ ရှိတဲ့ ငါးသေတ္တာလေးနဲ့ ချက်လိုက်တယ် ။ မစားတာ ကြာလို့လား မသိဘူး အရမ်းကောင်းတယ် ။ ပင်စိမ်းလေး အုပ်စားလို့ကတော့ ရှယ်ပေါ့ ။



ကြက်သွန်ဖြူ /နီ ဆီသတ်ပြီး ငါးသေတ္တာထည့် ကြော်ပြီးမှ ချဉ်ပေါင်၊ ငံပြာရည် ၊အချိုမှုန့် ၊ ထည့်မွှေ ပြီး ခဏ ကြော်လိုက်တယ် ။ ပြီးမှ ရေဆူ နည်းနည်းထည့် ချက် ချခါနီး ပင်စိမ်း ၊ ငရုပ်သီးစိမ်း ၊ ငရုတ်ကောင်းစေ့ ကိုထောင်းပြီးထည့်တယ် ။စားလို့ ရပြီပေါ့ ။



ဒီချဉ်ပေါင်ကတော့ ကြော်စားတာ နည်းနည်းကြာပြီ ။ ပုဇွန်ခြောက်မှုန့်လေး ထည့်ပြီး ရိုးရိုးပဲ ကြော်လိုက် တယ် ။ ကြော်နည်းကတော့ လွယ်တယ် မပြောတော့ပါဘူး ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP