အရည်သောက်များ ( ၂ )
Thursday, October 21, 2010
ရေဘ၀ဲ ၊မှို ၊ ပင်စိမ်း နဲ့ ဆံမြိတ် (စံမုံစပါး ရဲ့ အရွက်လေးတွေပါ) ရောပြီး အရည်သောက် ချက်ထား တယ် ကျမတို့ အထက်ပိုင်းမှာ ဆိုရင် ဆံမြိတ်လို့ ခေါ်တတ်ကြတယ်။ ကြက်ဥနဲ့ ကြော်စား လည်း ကောင်း တာပါပဲ ခနောန်တတုံးကို ရေဆူထဲ ထည့်ပြီး ပွက်လာရင် ရေဘ၀ဲနဲ့မှို ထည့်တယ် ။ ထမင်း စားခါနီးမှ ပင် စိမ်းခြွေထည့် ၊ ငရုတ်သီးစိမ်း နဲ့ ကြက်သွန်ဖြူ ထောင်းထည့်ပြီး သောက်လို့ ရပါပြီ ။
ခင်မင်စွာဖြင့်
Baby taster