Lorem Ipsum

အရည်သောက်များနှင့် ပင်စိမ်းထောင်း

 Thursday, October 21, 2010


 ဒီနေ့တော့  အရည်သောက်လေးတွေပဲ။ ကျမက ဟင်းရည်မပါရင် ထမင်းမစားတတ်ဘူး ။ အရည်သောက် တွေထဲမှာတောင် အဖြူထည်မျိုးကို ငရုတ်ကောင်း နဲ့ ကြက်သွန်မိတ်လေး ခတ်ပြီးသောက် ရတာကိုပို  နှစ်သက်ပေမဲ့ ကျေးဇူး ရှင်ကြီး ကတော့ အချဉ်ရည်တို့ ပဲဟင်းတို့မှ ကြိုက်ပြန်ရော ကြက်ပြုတ် ရည်လေးထဲ တိုဖူးရယ် ၊ မုံညှင်းထုပ် အဖြူရယ် ကြက်သွန်မှိတ်လေးရယ် ထည့်ပြုတ်ထားတာပါ ။


 ဒါလေးကတော့ ပုဇွန်နဲ့ပတက်စာ ဆန်လှော်ဟင်းပါ ။ ပတက်စာက အမှန်ဖြူနေရမှာ  ရေခဲသေတ္တာထဲ ထည့်ထားတာ ကြာလို့ နေမှာ မဲသွားတယ်။ ဆန်လှော်ဟင်း ချက်နည်းကတော့ လွယ်ပါတယ် ။ ပုဇွန်ကိုနှုတ် နှုတ်စဉ်း လိုက်ပြီး ရေဆူထဲထည့်လိုက်တယ် ။ ဆက်ဆူနေပါစေ အချိုရည် ထွက်လာအောင်ပါ။ စပါလင်ကို ထုထည့် (သို့) စောင်းစောင်း လှီးထည့် ။ (ထုပြီး အစည်းလေး လုပ်ထည့်တာ မရှုတ်စေဘူး) ဆန်လှော်မှုန့် ၊ဆား ၊အချိုမှုန့်ထည့် ဆက်ဆူနေပါစေ ။ ပတက်စာ ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူ ထောင်းထည့်ပြီး သောက်လို့ ရပါပြီ ။ အေးတဲ့ ရာသီမှာ မိုးရွာနေရင် သောက်ကောင်းတယ် ။


ဒါလေးက ပဲနီလေးသာပြောရမှာ ပဲက၀ါနေတယ်း)


ဒါကတော့ ပင်စိမ်း ၊ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ သံပုရာသီး ၊ ငံပြာရည် ၊ အချိုမှုန့်ရောပြီး ကြိတ်ထားတာပါ ။စားလို့ အရမ်းကောင်းပေမဲ့ ကျမတော့ အခုတလော ဒါတွေစားလို့ မရတော့ပါဘူး ။း(


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP