Lorem Ipsum

ကြက်သား နာဂတ်သုပ် ( Chinken Nugget Salad )

 Tuesday, October 05, 2010

 ဒီနေ့တော့ Chinken Nugget သုပ်ဖြစ်တယ် ။ မနေ့က ၀ယ်လာပြီး နှစ်ယောက်လုံး မစားဖြစ်ဘူး ။ဒီနေ့ကျ ပြန်တော့လည်း အေးသွားတော့ မစားချင်ပြန်ဘူး ။ မထူးပါဘူး ပြစ်ရမဲ့နည်းတူတော့ အသုံး တည့် အောင် လုပ်ရတော့မှာပေါ့ ။( ကပ်စီးနည်းတာတော့ မဟုတ်ဘူးပေါ့နော် နှမြောတာလေ သိတယ်မှလား ) ဒါနဲ့ မြန်မာပါစပ်ဆိုတော့  ချဉ်ငံစပ်လေးမှ တည့်တယ် ။

ကဲစသုပ်ကြမယ် ဆိုတော့ လိုအပ်တဲ့အရာတွေကတော့

ကြက်သွန်နီ                 ၁ လုံး

ကြက်သွန်ဖြူ               ၂ မွှာ

နံနံပင်                      ၂ ပင်

ကြက်သွန်မိတ်            ၂ ပင်

ခရမ်းချဉ်သီး              ၁ လုံး

ငရုတ်သီးစိမ်              ၅ တောင့်

ငံပြာရည်                  ခန့်မှန်း

ဆီ                          ခန့်မှန်း

သံပုရာသီး                 ၁ လုံး

အချိုမှုန့်                   ခန့်မှန်း

ကြက်သားနာဂတ်အသေးစား     ၁၀ ခု

အသားကို မိုက်ကရိုဝေ့ဖ်ထဲ တမိနစ်လောက် နွေးလိုက်ပါ ။ ပူနေရင်တော့ နွေးစရာ မလိုပါဘူး ။ ပြီးရင် အတုံး သေးသေးလေးတွေ ရအောင် လှီးလိုက်ပါ ။ ကြက်သွန်နီ ပါးပါးလှီး ရေနဲ့ဆေးပြီး ရေစစ်ထားပါ ။နံနံပင် ၊ ကြက်သွန်မိတ် ၊ ငရုပ်သီး ပါးပါးလှီးထားပါ ။ ကြက်သွန်ဖြူ ထောင်းပြီး ဆီကျက်လုပ်ထားပါ ။ဇလုံတလုံးထဲ ကြက်သား၊ လှီးထားတဲ့ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ နံနံပင် ၊ ကြက်သွန်မိတ် ၊ ငရုတ်သီးစိမ်း ၊ငံပြာရည် ၊ အချိုမှုန့် ၊ ဆီကျက် နဲ့ သံပုရာသီးထည့် ပြီး သမအောင်နယ်လိုက်ပါ ။ ဒါဆိုရင်တော့ စားချင်စရာ ချဉ်ငံစပ် ကြက်သား နာဂတ်သုပ်လေး ရပါပြီ ။











 
ခင်မင်စွာဖြင့်
Baby Taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP