Lorem Ipsum

မုံလာချဉ်နဲ့ အမဲသားကြော်

 Thursday, October 07, 2010


 မုံလာချဉ်နဲ့ အမဲသား ကြော်ထားတယ် ။ တခါမှတော့ မကြော်စား ဖူးပါဘူး ။ ဟိုတခါ မစူးနွယ်က မုံလာချဉ် ကြော်တာတွေ့မှ ကြော်စားလည်း ရတာပဲလို့  စိတ်ကူးပေါက် သွားလို့ပါ ။ ကျေးဇူးရှင်ကြီးကတော့ပြောလေရဲ့ စားကောင်းတယ်ဆိုပဲး) တကယ်လို့ ကြော်စားချင်ရင် ကြော်စားလို့ ရအောင် ကြော်နည်းပါ တခါထဲရေးပေး မယ်နော် ။ မခက်တဲ့အတွက် လူတိုင်းရော ကြော်တတ်မှာပါ ။

မုံလာချဉ် မတည်ရသေးလည်း ရပါတယ်။ ဗီနီဂါနဲ့ ရေရောပြီး မုံလာဥ ပါးပါးလှီးထည့်ပြီး စိမ်ထား ပေါ့ချဉ် လာပါလိမ့်မယ် ။ အရမ်းမချဉ်ပေမဲ့ ကြော်စားဖို့ တော့ အနေတော်ပါပဲ ။ အမဲသားကိုလည်း ပါးပါး လှီးထားပါ ။ ကြက်သွန်ဖြူ-နီ ၊ ငရုတ်စိမ်းတို့ ကို ပါးပါးလှီးပြီး ဆီသတ်ပါ ။ ကြက်သွန်ရပြီဆို အရောင် တင်လေးနည်း နည်းထည့် ၊ အမဲသား ထည့်ကြော်ပါ ။ အမဲသား ကြော်နေစဉ် မုံလာဥကို ရေစစ်ထားပေးပါ ။ အမဲသားထဲ ငံပြာရည် ဟင်းခတ်မှုန့် နည်းနည်းထည့်ကြော်ပါ ။ အမဲသား ကျက်လောက်ရင် မုံလာချဉ်ထည့် ကြော်ပြီး ကြက်သွန်မိတ် ထည့်ပြီး ချလို့ ရပါပြီ ။ (ငရုတ်သီး ကြောက်သူများ မထည့်လည်း ရပါတယ်)




ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP