Lorem Ipsum

ပုဇွန်ချဉ်သုပ်

 Monday, November 01, 2010

ပုဇွန်ချဉ်တည်ထားတာ တပတ်လောက်မှ ချဉ်လာတယ် ။တော်သေးတာပေါ့ မပုပ်သွားလို့ ။ မဖြစ်မှာကိုစိုးနေတာ ။အေးလို့လား မသိဘူး ။ ပုဇွန်ချဉ်ကို တခါတလေတော့ ရိုးရိုးပဲ ငရုတ်စိမ်းလေး၊  ကြက်သွန်စိမ်းလေးနဲ့ သုပ်စားကြတယ် ။ အခုသုပ် ထားတာကတော့ ကျမတို့ မြို့မှာ ဒီလိုမျိုးပါ သုပ်စားကြတယ် ။အဲ့ဒီနည်းလေး အတိုင်း သုပ်ထားတယ် ။



ဒါက ကျမလုပ်ထားတဲ့ ပုဇွန်ချဉ်ပါ ။ ထမင်းတွေတော့ ရေဆေးချလိုက်တယ် ။ မကြိုက်လို့ပါ ။


ပုဇွန်ချဉ်ကို နှုတ်နှုတ်စဉ်း လည်းရတယ် ။ မစဉ်းချင်လည်း ရပါတယ် ။ ကြိုက်သလို အရွယ် ကောင်းပါတယ် ။
ပုဇွန် ချဉ်ထဲကို ကြက်သွန်နီ  ၊ ငရုတ်စိမ်း၊ ပင်စိမ်း ပါးပါးလှီးထည့် ၊ ပဲမှုန့် အကျက်၊ ကြက်သွန်ဖြူ ဆီသတ်ထည့်ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး သမအောင်နယ်ရင် စားလို့ရပါပြီ ။ ဟင်းခါးပူပူလေးနဲ့ တွဲပြီးစားပေါ့ ။

                             

                   
မတည်ခင်လေးပါ ။ ပုဇွန်ချဉ် လုပ်နည်း ကတော့ လူတိုင်း သိပြီးသား ဖြစ်နေမယ်ထင်တယ် ။ ပုဇွန်ကို အခွံခွါ
ကျောခွဲပြီး သန့်ရှင်းရေးလုပ် ။ ရေ စင်စင်ဆေးပြီး ဆား များများထည့် အမြုပ်ထအောင် နယ်ပါ ။ ( ဆားနဲရင်
မချဉ်ပဲ ပုပ်သွား တတ်ပါတယ်) ပြီရင် ထမင်း ပူပူလေးနဲ့ နယ်ပြီး ပုလင်းထဲ ထည့်သိပ်ရုံပဲ ။ ပူတဲ့ နေရာမှာ ထားပါ ။ ၃ ရက်လောက်ဆို အရည်တွေ အပေါ် တက်လာလိမ့်မယ် ။ အပေါ်ရည်ကို သွန်ပြစ်ပါ ။အင်တုံလေး ရှိရင်တော့ ပုဇွန်တွေကို စီထည့်ပြီ အပေါ်ကနေ အလေး တခုခုနဲ့ ဖိထားပါ ။ အရည်တွေ တက်လာရင် သွန်ပြစ်ပါ ။ ၃ရက်ဆို ရပါပြီ။ ပြီးမှ ရေခဲသေတ္တထဲ ရွေ့ထားပေါ့ ။



ငါးသေတ္တာသုပ်ပါ ။ ဆီစိမ်ထားတဲ့ ငါးသေတ္တာကို ကြက်သွန် ငရုတ်သီးစိမ်း ၊ငရုတ်သီးကြော် ၊ နံနံပင် ၊ သံပု ရာသီး ငံပြာရည် တို့ထည့်ပြီး သုပ်ထားပါတယ် ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP