Lorem Ipsum

ယနေ့ဟင်းလျား

 Friday, November 05, 2010



မုံညင်းဖူးနဲ့ တိုဖူး ကြော်စားတယ် ။ရိုးရိုးလေးပါ ။ ကြက်သွန်ဖြူ နဲ့ခရမ်းချဉ်သီး တခါထဲ ဆီသတ် ၊တိုဖူးထည့်
ခဏကြော်ပြီး မုံညင်းဖူးထည့် ၊ ခရုဆီနဲ့ ငံပြာရည် နည်းနည်း ဂျင်း နှုတ်နှုတ်စဉ်းထည့် ရပြီ ။




ဒါလေးက ကြက်သားအကြေသားနဲ့ တိုဖူးကိုရေ ခြေလိုက်တယ် ။ ငရုတ်ကောင်းနည်းနည်း ၊ ဂျင်းနှုတ်နှုတ်
ရှောက်ကော ပါကောမှုန့် နည်းနည်း ၊ ကော်မှုန့် လက်ဖက်ရည်ဇွန်းတဇွန်း ၊ ကြက်သားမှုန့် နည်းနည်း ၊ အ
ချိုမှုန့် ၊ဆား ၊ ကြက်ဥတလုံး ဖောက်ပြီး နယ်ထားပါတယ် ။ ရေနွေးဆူထဲကို ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်
ပွက်ပွက် ဆူလာရင် ခဲရောတ့် လှီးထည့်တယ် ။ ပြီးမှ အသားကို လုံးထည့်ပါတယ် ။ စားခါနီး ကြက်သွန်မိတ်
ကြိုက်ရင်လှီးထည့်ပေါ့ ။ ပထမဆုံး လုပ်စားဖြစ်တာပါ ။တော်တော် ကြိုက်သွားတယ် ။အရမ်းနုညံ့တာပဲ ။



                                 နောက်နေ့ကျန်နေတော့ မုံညင်းရွက်နဲ့ ပြုပ်စားတယ် ။





ခရမ်းသီးပေါင်း လို့ခေါ်ရမလားပဲ ။ အရင်ကတော့ ငရုတ်သီးထည့်ပြီး ပေါင်းလေ့ရှိတယ် ။ အခုတော့ မထည့်
ဖြစ်ဖူး ။ရိုးရိုးပေါင်းပေါ့ ၊။ ခရမ်းသီးကို ကြော်တာ ၊နှပ်တာ ၊သုပ်တာ ၊ မီးဖုတ် ကြော်တာ၊မီးဖုတ်ပဲဆီဆမ်းတာ
ချဉ်ရည်ထဲထည့်တာ အကုန်ကြိုက်တယ် ။

ခုချက်လိုက်တဲ့ နည်းကတော့ ခရမ်းသီးကို ပြုပ်ပြီး အခွံခွါပါ ။ပြီးမှ ပဲဆီလေး နည်းနည်းဆမ်း ။ ကြက်သွန်ဖြူ
ဆီသတ် နှမ်းဆီ တစက် နှစ်စက်လောက်ထည့် ၊ ကြက်သား အကြေထည့် ပဲငံပြာရည် အကြည်ထည့်၊ ငရုတ် ကောင်းထည့် ပြီးရေ နည်းနည်းထည့်ကြော် ပြီးမှ ကြက်သွန်မိတ်လေးထည့် ခရမ်းသီးပေါ် လောင်းချ ရပြီ။

ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP