Lorem Ipsum

မဆလာချက်များ (၁)

 Saturday, November 06, 2010



ပြီးခဲ့တဲ့ အပတ်က ချက်ဖြစ်ခဲ့တာပါ ။အခု အိမ်မှာ ဟင်းစတိုင်လ် နှစ်မျိုးနဲ့ ချက်နေရပါတယ် ။ တမျိုးက အချို
ချက် ၊တမျိုးက အစပ်ချက်ပေါ့ ။ ဒီတခေါက် အစပ်ချက်တွေပဲ တင်လိုက်တယ် ။

ရုံးပတေသီး၊ အာလူး ၊မုံလာဥနီ ၊ ပဲရေပွရယ် ရောချက်တယ် ။ ကြက်သွန်ဖြူနီ၊ ဂျင်း ဆီသတ်ပြီး ခရမ်းချဉ်သီး ပါးပါးလှီးထည့် ၊ခရမ်းချဉ်သီး အပေါ်ရေခွံတွေ လိပ်တက်လာရင် အသီးအနှံတွေ အကုန်ထည့်၊ဆား၊ အချို မှုန့်ထည့်ပြီး မီးမြိန်မြိန်လေးနဲ့ ဆက်ချက်တယ် ။ အသီးအနှံ နူးလာရင် ဟင်းခပ်မဆလာနဲ့ ငရုတ်သီးစိမ်း နည်းနည်း ထည့်ပြီး ၃မိနစ်လောက်ဆို ရပါပြီ။



အမဲသား မဆလာ အစပ်ချက်လေးပါ ။ အပေါ်နည်းအတိုင်း ချက်ပြီး သစ်ဂျပွေးခေါက်နဲ့ ကရဝေးရွက်ထည့်
တာပဲ ပိုပါတယ် ။ ဂျင်းနဲ့ မဆလာတော့ နည်းနည်း ပိုထည့်ရပါတယ် ။



ဆိတ်သားဟင်း အတိုင်း ချက်ပါတယ် ။ပိုလာတာက အာလူးပါ ။ အာလူးကို ခွါပြီး ဆားရေစိမ် ထားတယ် ။ ဆိတ်သား ကျက်လောက်မှ အာလူး ထည့်ပြီး နူးအောင် နှပ်ထား လိုက်ပါတယ် ။ ဆိတ်သား ချက်နည်းက   ။
ဒီမှာ ပါ ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP