Lorem Ipsum

ကောက်ညှင်းပြန်ပေါင်း

 Thursday, November 11, 2010




ကောက်ညှင်း ပြန်ပေါင်းလား ? ကောက်ညှင်း ရွှေချီလား ? ကောက်ညှင်း ရွှေကြည်လား ? ဘယ်လို ခေါ် လည်းတော့ မသိဘူး ။ ငယ်ငယ်က ကောက်ညှင်း ရွှေကြည် ဆိုတာတော့ ကောက်ညှင်းကို ရေစိမ် ပေါင်းပြီးထန်းလျှက်ရည်လေး ကျိုပြီး ကောက်ညှင်းပေါင်းတွေ အဲ့ထဲ ထည့်လိုက်တယ် ။ပြီးတော့မွှေတော့ပဲ ရေခမ်းလို့ ရှိရင် ဗန်းတွေထဲ လောင်းထည့် ။အအေးခံထားပေါ့ မနက်ကျရင် အုန်းသီးဖတ်လေးတွေဖြူးပြီး စားပေတော့ပဲ ။ အခု လုပ်တာကတော့ ထန်းလျှက် မရှိလို့ ကောက်ညှင်းကို အုန်းနို့ နဲ့ သကြား ထည့်လုပ်တယ်

ကောက်ညှင်းဆန်ကို  ရေ ၂နာရီ ကြာအောင်စိမ်ပြီး ပေါင်းပါတယ်။ အုန်းနို့နဲ့ သကြားကျိုထားပြီး ပေါင်းထားတဲ့ ကောက်ညှင်း ထဲကို ထည့်မွှေပါတယ် ။အုန်းသီးလည်း တခါတည်းထည့်ပါတယ် ။ ညောင်စေး ကျလာရင် ထောပတ်ပါ တဇွန်းထည့်ပြီးမွှေပါ ။ ပြီးရင် ဖုတ်မဲ့အိုး ထဲလောင်းထည့် ဘိန်းစေ့ဖြူး  ၃၅၀ဒီဂရီနဲ့ မိနစ် ၃၀ ဖုတ်ပါတယ် ။





 

ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP