Lorem Ipsum

အသုပ်များ(၂)

 Wednesday, November 10, 2010




ပုဇွန်ချဉ် ကျန်သေးတာနဲ့ သုပ်ဖြစ်တယ် ။ ကြက်သွန်စိမ်း နံနံပင် ၊ငရုတ်သီးစိမ်း ၊ငံပြာရည် ၊ အချိုမှုန့် ၊ဆီစိမ်း
နည်းနည်းထည့် သုပ်ထားပါတယ် ။



ထိုင်း သခွါးသီးသုပ်ပါ ။ သခွါးသီးကို ပါးပါးလှီး ပါ ။ငရုတ်စိမ်းနဲ့ ခြောက်ကို မညှက် တညှက်ထောင်း ကြက်သွန်ဖြူ ၊ပုဇွန်ခြောက် ၊မြေပဲဆံလှော် ထည့်ထောင်း ၊ကြံသကာ ၊ငံပြာရည် မန်ကျည်းမှည့် ၊ ခရမ်းချဉ်သီး ပါးပါးလှီးထည့် ၊ သံပုရာသီးပါ ကြိုက်ရင်ထည့်  (အိမ်မှာတော့ မရှိလို့ မထည့်ဖြစ်ဖူး )နောက် ဆုံးပိတ်မှ သခွါးသီးထည့် ပြီး တချက် နှစ်ချက်လောက် ထောင်းပြီး စားလို့ရပါပြီ ။



ပုန်းရည်ကြီး ဆိုတာ ကြားဖူးပေမဲ့ မစားဖူးဘူး ။ ဒါ ပထမဆုံး သုပ်ဖူးတာ ။ ကျေးဇူး ရှင်ကြီးက ငယ် ငယ်ကတည်းက အရမ်း ကြိုက်တာတဲ့ ။ ရော ဘာလို့ မပြောလည်း သုပ်ပေးမှာပေါ့ဆိုတော့  မကြိုက်ဖူးထင် လို့ ဆိုပဲ ။စိတ်ချရတယ် ဒါတောင် အိမ်ထောင်သက် တော်တော် ရင့်နေလို့ ။ တခါမှ မမေးမိသလို သူကလည်း တခါမှ မပြောပြဖူးဘူး ။မစူးနွယ် ဆီက ပုန်းရည်ကြီး အကြောင်း ပြောပြမှ သူက သုပ်လေ စားမယ်တဲ့ ။ကျမက အတွန့် တက်သေးတယ် ။မဲမဲကြီးရယ်လို့ :) စမ်းပြီး သုပ်ကြည့်ဖြစ်တယ် ။ ကောင်းတယ် ဆိုပြီး တယောက်ထဲ နှစ်ရက်နဲ့ အကုန်စား တော့တာပဲ ။ပုန်းရည်ကြီး ဆိုတာလည်း ပဲပုပ်အစေ့ နဲ့လုပ်မှန်း အခုမှ သိတော့တယ် ။

ရေနွေးလေးနဲ့ နှပ်ထားပြီး ကြက်သွန်ဖြူ ဆီသတ် ၊ကြက်သွန်နီပါးပါးလှီး ၊အချိုမှုန့်လေးနဲ့ ပုဇွန်ခြောက်မှုန့်လေး ထည့်သုပ်ထားတယ် ။ ဖြစ်တယ်လို့ ပြောတာပဲ ။အမှန်လား နောက်မစားရမှာ စိုးလို့လားတော့ မသိပေါင် ။ ကျမက မစားဖြစ်ဘူး ငရုပ်သီးပါလို့ ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP