Lorem Ipsum

စားဖြစ်ခဲ့တဲ့ ပေါက်တကရများ

 Saturday, November 13, 2010



သာကူနဲ့ လုပ်ထားတဲ့ အချောင်းလေးတွေပါ ။သူက မုန့်တီဖတ်နဲ့ တူတယ် ။ဘာလုပ် စား ရ တာ လည်း တော့ မသိပါဘူး ။ကျေးဇူးရှင်ကြီးကို မုန့်ဖတ်လေး ပြုပ်ပေးထားပါနော် ဆိုတော့ သူက ဒီအထုပ်လေးကို ပြုပ်ထားတယ် ။ကျမကတော့ အချိုမုန့် တခုခု လုပ်ရင် သုံးမလို့ ၀ယ်ထားတာပါ ။

မထူးတော့ဘူး ဆိုတော့ အမဲသား ပြုတ်ပြီ ပဲငံပြာရည်နဲ့ ကြာညို့ ကြက်သွန်ဖြူထောင်း ၊နံနံပင် မြေပဲမှုန့်ထည့်ပြီး စားဖြစ်တယ် ။ စားလို့ တော်တော် ကောင်းပါ၏ ။


ကိုရီးယား မုန့်တီလေးပါ ။သူတို့ ကတော့ အပူ မဟုတ်ပဲ အအေး စားတယ်တဲ့။ကျမတော့ ဒီလို အစာတွေကိုအအေး မကြိုက်တာရော ငယ်ငယ်ကတည်းက မစားဖူးတာ ကြောင့်ပါ ပူပူလေးပဲလုပ်စားဖြစ်တယ် ကြက်သား အချိုချက်လေး ရှိနေတာနဲ့ တိုဖူးနဲ့ ကြက်ဥ ပြုပ်လေး ရောပြီး နံနံပင် ထည့်စားပါတယ် ။



ဒါကတော့ ကျေးဇူးရှင် အတွက် ကြော်ထားတဲ့ ရေဘ၀ဲနဲ့ ပဲပိစပ် ထမင်းကြော်ပါ ။



ဒါက ကျမ လက်ဆော့တဲ့ Rice cake လေးပါ ။(ဗီယက်နမ် အစားအစာ ထင် တယ် ) စားကောင်းပေမဲ့ ဘာကြောင့် ဒီအရောင်ဖြစ်သွား တယ်ဆိုတာ နားမလည်ပါဘူး ။မအောင်မြင်ဖူး ဆိုတော့ နောက်တခါ အောင်မြင်မှ လုပ်နည်း ရေးပါ့မယ် ။


မုန့်လုံးသီးကြော် လုပ်ဖို့ ထောပတ်၊ သကြား ၊အုန်းသီး လှော်ထားပါတယ် ။ သူများနည်း မသိပါဘူး ဒါက ကိုယ့်နည်း ကိုယ့်ဟန်ပါ ။ လုပ်နည်း လွဲနေပါလိမ့်မယ် ။


ကောက်ညှင်းဆန်နဲ့ ဆန်မုန့်လေး နည်းနည်း ရောပြီး ညကတည်းက နှပ်ထားပါတယ် ။ဆော်ဒါ နည်းနည်း ပါတယ် ။ အဲ့ထဲကို လှော်ထားတဲ့ အုန်းသီးဖတ်တွေ ဌာပနာပြီး လုံးလိုက်တယ် ။နှမ်းဖြူလေးတွေ ပေါ်လှိမ့်ပြီးကြော်ပါတယ် ။ဆီ တော်တော် ပေါက်ပါတယ် ။နောက် တသက်လုံး မလုပ်စားတော့ပါ ။ ရင်ဘတ်မှာ နာကျင်အောင် သေရာပါ ဒဏ်ရာပေးလို့  :)


ဒီမုန့်ကြောင့်ပေါ့ .....တင်းးးးးးးးးးးးးးးတယ်



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP