Lorem Ipsum

ဂဏန်းဟင်းချဉ်စပ်

 Sunday, November 14, 2010


သူ့ ရင်ခွင်ထဲ ၀င်နေရရင် တော်တော် နွေးထွေးမှာပဲလို့ မထင်မိကြဘူးလား :P


 အရှေ့ တခါ အနောက်တခါ ရိုက်ထား လိုက်တယ် :)

နှစ်ကောင်က ဒီလောက်တောင် ရတယ် ။ ကျေးဇူးရှင် ကတော့ တကျွတ်ကျွတ် ခွဲစား နေလေရဲ့  ။ကျမတော့ အနား မကပ်ရဲဖူး ။ဂဏန်း မစားလို့ မဟုတ်ပါ ။ စားချင်မိမှာ စိုးလို့ပါ ။သူက မန်ကျည်းမှည့်နဲ့ ငရုတ်သီးစိမ်း ပါလို့ပါ ။စားချင်တာကတော့ တပိုင်းသေပေါ့ ။ ဂဏန်းကို အရှင် ၀ယ်လာပါတယ် ။ဂဏန်းက လတ်မှ စားကောင်းတယ် ကြားဘူး တယ်လေ။ အိမ်လည်း ရောက်ရော မလုပ်ရဲဘူး ။ဒါနဲ့ပဲ ယောကျာ်းရေ ပစ္စည်းလေး သိမ်းပေးပါလားလို့ အကူညီတောင်း ရတယ်။သူကလည်း မငြင်းရှာဘူး ။သူ့ပဲ ငရဲ ပေး ခံ လိုက် တာ (အားကိုး ချင်လို့ ယူထားတာလေနော့) :D ဟင်းချက်မယ် ပွားတာများ သွားပြီ :D

ရေခဲသေတ္တာထဲ ထည့်ထားတော့ ဂဏန်းက ဘ၀တပါးကို ကူးပြောင်း သွားရောပေါ့ ။ဂဏန်းကို ရေသေချာဆေးပါတယ် ။ပြီးမှ ပြုတ်ပြီး အခွံခွါ ပိုင်းလိုက်တယ်။ လက်မတွေကို ထုလိုက်တာ အထု လွန်ပြီး တချို့ကြေသွားသေးတယ် ။ ကြက်သွန်နီ ၊ဂျင်းနဲ့ ငရုတ်သီးခြောက်ကို ညှက်အောင် ထောင်းပြီး ဆီသတ်ပြီး ဂဏန်းထည့် ၊ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး ဂဏန်းပြုတ်ရည် ထည့်ချက်ပါတယ်။ မန်ကျည်းမည့် ဖျော်ထည့် ဂဏန်ထဲ အရသာ ၀င်ပြီဆိုရင် ကြက်သွန်ဖြူ ငရုတ်သီးစိမ် ငရုတ်ကောင်း ထောင်းထည့် ၊ရှမ်းနံနံပင်ထည့် မဆလာကြိုက်ရင် နည်းနည်းထည်ပြီး စားလို့ ရပါပြီ။



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP