Lorem Ipsum

နိုကိုဥသုပ်

 Tuesday, December 07, 2010



နိုကိုဥကို ထိုင်းသဘောင်္သီးထောင်းလို ထောင်းထားပါတယ်။ နိုကိုဥ တခါမှမစားဖူးသလို၊ မြင်ဖူးပေမဲ့ နိုကိုဥဆိုတာ မသိခဲ့ပါဘူ။ မနိုင်းနိုင်းစနေက နိုကိုဥသုပ်တင်တော့မှ သြော်ဒါနိုကိုဥပေါ့လေ ဆိုပြီးသိတော့တယ် ။ပိန်း ချက်ကတော့နော် ကန်းကုန်ပဲ :Dဒါနဲ့ ဈေးဝယ်ထွက်ရင်း နိုကိုဥလေးကို ၀ယ်လာပါရော၊ တပတ် လောက်က သတိမရပါဘူး၊ စနေနေ့ကမှ သတိတရလေးနဲ့ ထုတ်ပြီး ထိုင်း သင်္ဘေား သီး ထောင်းလို ထောင်းလိုက်တယ်။ နိုကိုဥက သင်္ဘေားသီး ထက်တောင် ကျွတ်တယ် ပိုစား ကောင်း သလိုပဲ။ 

နိုကိုဥကို အခွံနွာ ရေဆေးပြီး အမျှင်ရည်ရှည်ရေးတွေ ပေါက်ထားပါ။ ငရုတ်သီးစိမ်း(၅) တောင့်၊ငရုတ်သီးခြောက် (၅) တောင့် ၊ ကြက်သွန်ဖြူ (၂) မွှာ၊ ပုဇွန်ခြောက် လက်တဆုပ်၊ မြေပဲလှော် လက် တဆုပ်၊ ခရမ်းချဉ်သီး တလုံးတို့ကို ထောင်းလိုက်ပါ။ ကြံသကာ ထမင်းစားဇွန်း တ၀က်၊ ငံပြာရည်၊ သံပုရာသီး၊ မန်ကျည်းမှည့်၊ သကြား အနည်းငယ်တို့ကို ထည့်ပြီး နိုကိုဥ ထည့်ထောင်းလိုက်ရင် ချဉ်ငံစပ် နိုကိုဥသုပ်လေးရပြီပေါ့။ ကျမကတော့ မုန့်တီဖတ်လေး ပြုပ်ပြီးရေားစားပါတယ်။ ဒါလည်း သူငယ်ချင်း တယောက် သင်ပေး တာပါ။





 ဒါလေးက ဂေါ်ပီထုပ်နဲ့ သခွါးသီးသုပ်ပါ။ လူတိုင်း သုပ်တတ်တော့ သုပ်နည်း မပြောတော့ပါဘူးနော်။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP