Lorem Ipsum

ပိန္နဲသီးဟင်းနဲ့ ကင်မ်ချီကြော်

 Monday, December 20, 2010


အမဲသားနဲ့ ပိန္နဲသီးဟင်းပေါ့ 







ပြီးခဲ့တဲ့ အပတ်က ပိန္နဲသီးဗူး ထုတ်မိတယ်။ ဒါပေမဲ့ ဆူးပုပ်နဲ့ ပဲပုပ်အခြောက် မရှိတာနဲ့ ပြန်ထားလိုက်တယ်။ ဆန်းနီက လက်စွမ်းပြလိုက်ပါရော :)ကိုယ်လည်း မနေနိုင်တော့ဘူး။ စားချင်စိတ် ပေါက်လာရော။ ဆူးပုပ် လိုက်ဝယ်တော့ မရဘူး :( ဒါနဲ့ ပြန်သိမ်းထားရ ပြန်တာပေါ့။ စနေနေ့ကတော့ မထူးပါဘူးဆိုပြီး အမဲသားနဲ့ ချက်လိုက်တယ်။ အိမ်မှာတော့ အမဲရိုးနဲ့ ချက်နေကျလေ။ ကြက်သွန်နီဖြူကို ထောင်းပြီး အမဲသားနဲ့ ဆား၊ အချိုမှုန့်နဲ့ ပဲငါပိထည့် (ပဲပုပ်အခြောက် မီးကင်ထည့်ရင် ပိုကောင်းတယ်) ပြီးလုံးပြီးတည်ပါတယ်။ ဆီနဲ့ဆ နွင်းမထည့်ပါဘူး။ အရည်ခန်းပြီဆိုရင် ခရမ်းချဉ်သီး တလုံး ပါးပါးလှီး ထည့်ပါတယ်။ ရေဆူလိုအပ်သလော က်ထည့်ပြီး တည်ထားပါ့မယ်။ အမဲသားနူးခါနီးမှ ပိန္နဲသီးထည့်မယ်။ ဟင်းအိုချခါနီးမှ ငရုတ်သီးစိမ်းမီးကင်နဲ့ ကြက်သွန်ဖြူ ထောင်းထည့် နံနံပင်အုပ်ပြီးချမယ်။












ဒါလေးက သုံးမျိုးစပ် ဟင်းလေးပါ။ ဂေါ်ပီထုပ် တခြမ်းပိုနေတာနဲ့ ကင်မ်ချီ လုပ်လိုက်တာ။ ကြော်ချင်တော့ နဲနဲများ နဲနေသလားဆိုပြီး ကျန်မဆိုင် အထုတ်သေး တ၀က်ကျန်နေတာနဲ့ နုပ်နုပ်စဉ်းလိုက်တယ်။ ကြက်သားအကြေနဲ့ ကြော်လိုက်တယ်။ ကြော်နည်းကတော့ လွယ်ပါတယ်။ ကြက်သွန်နီ /ဖြူ၊ ဂျင်း၊ ငရုတ်သီး စိမ်း နုပ်နုပ်စဉ်းပြီး ဆီသတ်တယ် (ဆီထဲနှမ်းဆီပါ လ္ဖက်ရည်ဇွန်းတဇွန်းထည့်တယ်) အသားထည့် ကြော်၊ ကင်မ်ချီနဲ့ကျန်မဆိုင်ထည့် အချိုမှုန့်နဲ့ ငံပြာရည်ထည့်ကြော်၊ နံနံပင်လှီးထည့်ပြီး စားဖို့အသင့် ဖြစ်နေပါပြီ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP